သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်၊ တိုက်စွန်းအောက်အင်းကျေးရွာရှိ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးGW-11 (၅၀)ဧက စံပြစိုက်ခင်းအား ကြည့်ရှုအားပေး၊ ရေကြည်မြို့နယ်၊ ထန်းကျွန်းဆိပ်သာကျေးရွာအုပ်စု၊ တောဖျား-ရှော်ဖြူချောင်ကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ တိုက်စွန်းအောက်အင်းကျေးရွာရှိ ၂၀၂၅- ၂၀၂၆ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်း ထွက်ရှိရေး GW-11 (၅၀)ဧက စံပြစိုက်ခင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းကသွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများအား ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး၊ ရိတ်သိမ်းချိန်လေလွင့်ဆုံးရှုံးမှုမရှိရေး၊ ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။


Read More...
18-Nov-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ်တွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ် မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင် ၂၀၂၅-၂၀၂၆ခုနှစ် မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ခဲ့သည်။


Read More...
17-Nov-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း RCC နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကျုံပျော်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ (၁၄၀ ပေ × ၃၀ ပေ + ၇၀ ပေ × ၃၀ ပေ) RCC နှစ်ထပ် (Lပုံစံ)ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦအရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးတို့အတွက် လူအင်အား၊ စက်အင်အားများဖြင့် အဆိုင်းခွဲ၍ ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက လိုအပ်ချက်တင်ပြမှုများအပေါ် တာဝန်ရှိသူများနှင့် ‌ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


Read More...
16-Nov-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့နယ်အထွေထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ဆီထွက်သီးနှံ(နေကြာ၊ ပဲပုပ်)မျိုးစေ့နှင့် မျိုးစေ့ချကိရိယာ (Drum Seeder)ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်အထွေထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ဆီထွက်သီးနှံ(နေကြာ၊ ပဲပုပ်)မျိုးစေ့နှင့် မျိုးစေ့ချကိရိယာ (Drum Seeder)ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီဟုခေါ်ရလောက်အောင် မိုးစပါးနွေစပါး စိုက်ဧက(၅၂)သိန်းကျော် စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံဇုန်ကြီးနှစ်ဇုန်အား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြန်အောင်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင် သတ်မှတ်အကောင်ထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံများ အချိန်မီ‌စိုက်ပျိုးနိုင်ရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ပန်းတိုင်အထွက်နှုန်းရရှိရန်နှင့် ကြဲခင်းစနစ်များပပျောက်ရန်အတွက် မျိုးစေ့ချကိရိယာ(Drum Seeder )များ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆီဖူလုံ‌ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများအားလုံးက ဝိုင်းဝန်း၍ အချိန်မီစိုက်ပျိုးပေးစေလိုကြောင်း” မှာကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအား ဆီထွက်သီးနှံနေကြာ၊ ပဲပုပ်မျိုးစေ့နှင့် မျိုးစေ့ချကိရိယာ (Drum Seeder)များပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကားများပြောကြားခဲ့သည်။


Read More...
15-Nov-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သာပေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းဆီထွက်သီးနှံ (နေကြာ၊ ပဲပုပ်)မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းဆီထွက်သီးနှံ (နေကြာ၊ ပဲပုပ်)မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်း‌ဒေသကြီးဆီဖူလုံရေးအတွက် ရည်မှန်းချက်ပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သာပေါင်းမြို့နယ်သည် နေကြာစနစ်တကျစိုက်ပျိုးခြင်းကြောင့် အထွက်နှုန်းများ တိုးတက်ခဲ့ပြီး တောင်သူလယ်သမားနေ့တွင်လည်း ဆုများရရှိခဲ့ပါကြောင်း


Read More...
15-Nov-2025