သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၂၇) ရက်နေ့ ၊ ညနေ(၄)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဦး အုန်းမြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားတွင် တိုင်းဒေသကြီးရေအရင်းအမြစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ဌာန၏မူဝါဒ၊ရည်မှန်းချက်၊ လုပ်ငန်းစဉ်နှင့် လုပ်ငန်းတာဝန်များ၊ ဘဏ္ဍာရန်ပုံငွေသုံးစွဲ ခြင်းများ၊တင်ဒါခေါ်ဆောင်ရွက်ထားမှုများ၊ မြစ်ရေတင်လုပ်ငန်းသစ်များ ဆောင်ရွက်ထားရှိမှုအစရှိ သော လုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းမှဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးကလည်း ဌာန၏မျှော်မှန်းချက်၊ အဓိကလုပ်ငန်းတာဝန်များ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ အကြောင်းနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်များအကြောင်း Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါတယ်။ ထို့နောက်တိုင်းဒေသကြီးဆားလုပ်ငန်းခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဇော်ကလည်း မိမိဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ကြပါတယ်။
အဆိုပါ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ရေအရင်းအမြစ်ဌာနသည် မိမိဌာနမှရရှိထားသော စက်ကရိယာများဖြင့် ပြည်သူများအကျိုးရှိအောင် အချိန်နှင့်ဒေသအလိုက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားစေလိုကြောင်း၊ အသေးစားစက်မှုလက်မှုဌာနမှလည်း ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်စားသောက်ကုန်များဖြစ်အောင် ထုတ်လုပ်ရောင်းချသွားနိုင်ရေး အလေးထားဆောင်ရွက်သွားစေလိုကြောင်း၊ ဆားလုပ်ငန်းမှလည်းဆားကိုစားသုံးမှုထက် ပိုမိုအသုံးပြုဆောင်ရွက်နိုင်သော စက်ရုံအလုပ်ရုံလုပ်ငန်းများဖြစ်ပေါ်လာရေး ဆောင်ရွက်သင့်သောလုပ်ငန်းများအား တင်ပြဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
Read More...
27-Aug-2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ဝါးခယ်မ-အိမ်မဲ မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်၊ (၁၂၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လမ်းအမှတ်(၁၀)၊ ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေးလမ်း မိုင်(၀/၀-၂၇/၄)သို့ရောက်ရှိ၍ တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးရန်နိုင်ဇော်မှ လမ်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားခဲ့ပါသည်။ ဆက်လက်၍ ဝါးခယ်မမြို့ “ရွှေခယ်” ဇီဝိတ အောက်စီဂျင်စက်ရုံ တည်ဆောက်ပြီးစီးမှု၊ အောက်စီဂျင်စက် တပ်ဆင်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် ဝါးခယ်မမြို့နယ် ပြည်သူ့ ဆေးရုံတွင် ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ကျပ်(၅)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာဝင်းထက်မှ လက်ခံခဲ့ပြီးနောက် ဝန်ကြီးချုပ်မှ ပိုးတွေ့လူနာများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို ကြိုးစား ဆောင်ရွက်ပေးရေး မှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ သဲကုန်း/ကြာဖြူကျေးရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာသို့ရောက်ရှိ၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်မှ ၂၀၂၁ခုနှစ်၊ မိုးစပါးရာသီ စီးပွားဖြစ်မျိုးသန့်စိုက်ခင်း စုပေါင်းမြေသြဇာကြဲပက်နေမှု၊ ပိုးမွှားရောဂါကာကွယ်ထိန်းချုပ်မှုနည်းစနစ်များ၊ မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးမှု၊ မျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုးရေးအတွက် တောင်သူ(၁၇)ဦးဖြင့် (၉၅)ဧက စိုက်ပျိုးထားရှိမှု၊ မျိုးသန့်ထုတ် (၉၅)ဧကတွင် ကောက်စိုက်စက်ဖြင့် ပေါ်ဆန်းရင်(၅၀)ဧက၊ ဘောင်ပျိုးစနစ်ဖြင့် ဆင်းသုခ(၃၁)ဧက၊ SRI ဆင်းသုခ (၁၄)ဧက စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် စနစ်တကျစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးခြင်းသည် တောင်သူများအတွက် ကုန်ကျစရိတ် သက်သာခြင်း၊ အထွက်နှုန်းကောင်းမွန် ခြင်းနှင့် တောင်သူများ အကျိုးအမြတ်ရရှိစေသည့် နည်းစနစ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများအား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး စံပြစိုက်ကွင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၄၁၀)နာရီအချိန်တွင် အိမ်မဲမြို့သို့ ရောက်ရှိ၍ အိမ်မဲမြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ လူနာများအတွက် ကျွေးမွေးစရိတ်(၃၀)သိန်း၊ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်း တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာမျိုးကျော်အောင်မှ လက်ခံခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုများ ပိုမိုစစ်ဆေးဆောင်ရွက်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်အတည်ပြုလူနာများ ဆေးရုံ၊ ကုသရေးစင်တာများသို့ အချိန်မီ ရောက်ရှိနိုင်ရေး ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် အိမ်မဲမြို့၊ မြို့မ လူငယ်အားကစားလေ့ကျင့်ရေးကွင်းတွင် အောက်စီဂျင်စက် တပ်ဆင် ဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။
Read More...
27-Aug-2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ဘိုကလေး-မော်လမြိုင်ကျွန်း မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ သြဂုတ်လ၊ ၂၇ ရက်၊ (၀၈၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လမ်းအမှတ်(၁၀) ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး-ဝါးခယ်မ-မြောင်းမြ လမ်းပေါ်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်ရေးအဖွဲ့(၂)မှ တာဝန်ယူတည်ဆောက်သည့် ကျွန်းကုန်း တံတား(၂၄၀ မီတာ) (၇၈၇.၄ ပေ) တည်ဆောက်ရေးလုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ရောက်ရှိပြီး တည်ဆောက်ရေးအဖွဲ့(၂)၊ လက်ထောက်ညွှန်ကြားရေးမှူးမှ တံတားလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက်ရရှိရန်ပုံငွေနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လုပ်ငန်း ဆက်လက်ဆောင်ရွက်မည့်အခြေအနေနှင့် ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး တံတားလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိ၍ Oxygen Concentractor(၂)လုံး၊ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် ဆေးရုံဝန်ထမ်းများ အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာထွန်းမြင့်နှင့် တာဝန်ရှိသူများမှ လက်ခံခဲ့ပါသည်။ ထို့နောက် ဝန်ကြီချုပ်နှင့်အဖွဲ့သည် ဘိုကလေးမြို့နယ် ဆန်စက် လုပ်ငန်းရှင်များအသင်းနှင့် စေတနာရှင် မြို့သူမြို့သားများ စုပေါင်းလှူဒါန်းမှုဖြင့် အောက်စီဂျင် စက်ရုံတည်ဆောက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနပိုင်အဆောက် အဦ၊ မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ခုတင်(၅၀)ဆံ့ ယာယီဆေးရုံ ကိုဗစ်-၁၉ကူးဆက်ရောဂါကုသရေးဌာနတွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးဆောင်ရွက် ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရောဂါကူးစက်မှုနှုန်း အမှန်တကယ် လျော့နည်းကျဆင်း စေရေး သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးမှုများပြုလုပ်ရန်မှာကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့သို့ ပြန်လည်ထွက်ခွာ လာခဲ့ရာ (၁၀၄၅)နာရီအချိန်တွင် နီလာဖိုင်ဘာဂလပ်(စ်) ထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိ၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် စပါးခွံလောင်စာတောင့် စက်ရုံသို့ရောက်ရှိ၍ လောင်စာတောင့်ထုတ်လုပ်နေမှုအခြေအနေများအားကြည့်ရှုခဲ့ကာ စက်ရုံ တာဝန်ခံမှ လောင်စာတောင့် ထုတ်လုပ်နေမှုအခြေအနေများအား လိုက်လံ ရှင်းလင်းပြသခဲ့ပါသည်။ ဆက်လက်၍ မော်လမြိုင်ကျွန်းမြို့နယ် မြို့မိမြို့ဖများ၊ စေတနာရှင် မြို့သူမြို့သားများ ပါဝင်လှူဒါန်း သော အောက်စီဂျင်စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းသို့ရောက်ရှိ၍ စက်ရုံတည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည်ရှု့အားပေးခဲ့ပြီး မော်လမြိုင်ကျွန်းမြို့ ပြည်သူ့ဆေးရုံတွင် Oxygen Concentractor(၂)လုံး၊ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေ (၅)သိန်းကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာစန်းဝင်းမှ လက်ခံခဲ့ပါသည်။
Read More...
27-Aug-2021
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၂၅) ရက်နေ့ ၊ နံနက်(၉)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားသို့ ဧရာဝတီတို်ငးဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားတွင် တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်သန့်လွင်က အခွန်ကောက်ခံခြင်း၏ ရည်ရွယ်ချက်များ၊ အခွန်အသီးသီး၏ဘဏ္ဍာနှစ်များအလိုက် နှိုင်းယှဉ်တင်ပြခြင်းအားလည်းကောင်း၊ တိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တိုင်းဒေသကြီးမန်နေဂျာဦးသိန်းထိုက်က ဌာန၏ရည်ရွယ်ချက်၊ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ကြီးကြပ်စစ်ဆေးနိုင်မှုအခြေအနေ၊ သာမန်ရငွေ/သုံးငွေနှင့်ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသက်ပိုင်၊ တိုင်းဒေသကြီး ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းလှိုင်အေး၊ တိုင်းဒေသကြီးဗဟိုစာရင်းအင်းအဖွဲ့မှ တိုင်းဒသကြီးဦးစီးမှူး ဒေါ်ချယ်ရီဆွေတို့မှ မိမိတို့၏သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
အဆိုပါရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်စွာလှိုင်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များကိုလမ်းညွှန်မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
Read More...
25-Aug-2021
တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူမိသားစုဝင်များနှင့် အရပ်သားဝန်ထမ်းများအား“ပန်းခင်းစီမံချက်”အရ ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ပွဲကျင်းပ
Read More...
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်မြို့နယ် ဦးစီးမှူး ရုံးမှ“ပန်းခင်းစီမံချက်အရ ဆောင်ရွက်ခဲ့သော တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ စစ်သည် ရဲမေ၊ မှီခိုသူမိသားစုဝင်များနှင့် အရပ်သားဝန်ထမ်းများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့၊နေ့လည်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ဧရာဝတီခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူမိသားစုဝင်များနှင့် အရပ်သားဝန်ထမ်းများ တက်ရောက်ကြပါတယ်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားတစ်ယောက်အနေဖြင့် ရသင့်ရထိုက်သော အခွင့်အရေးများရရှိစေရေးတို့အတွက် စိစစ်ရေးကတ်ပြားသည် မဖြစ်မနေ လိုအပ်ကြောင်း၊ သို့ဖြစ်၍တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူမိသားစုဝင်များ၊ အရပ်သားဝန်ထမ်းများစိစစ်ရေးကတ်ပြားရရှိရန် သက်ဆိုင်ရာ ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပါသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းတို့က သက်ဆိုင်ရာ တပ်ကိုယ်စားလှယ်များထံသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြား (၁၀၉)ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း(၃၀)ခု တို့အား ပေးအပ်ခဲ့ပြီးအနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်က မှတ်ပုံတင်လာရောက်ပြုလုပ်ပေးသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ပါသည်။ ၎င်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မှတ်ပုံတင်ပြုလုပ်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
Read More...
25-Aug-2021