သတင်းများ
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ်၊ မကျီးဇင်ကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ မကျီးဇင်ကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆွေးနွေးခဲ့ကြကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကျီးဇင်ကျေးရွာ တိုက်နယ်ဆေးရုံသို့ရောက်ရှိ၍ ဆေးရုံတက်ရောက်ကုသနေသည့် လူနာများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေး စကားများပြောကြားခဲ့ပြီး ဆေးဝါးများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် မကျီးဇင်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ Grade-12 စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များနှင့်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကျီးဇင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ စေတနာဆောင်၌ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် ကွင်းဆင်းလာရောက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖွံဖြိုးတိုးတက်ရေးအတွက် တပ်မတော်၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ များနှင့် ပြည်သူများက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လာရောက်ဆောက်ရွက်ရင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုပေးကြစေလိုကြောင်း” ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းမှူးက နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူအားလုံးပူးပေါင်းပါဝင်နိုင်ရေး ကိစ္စရပ်များကို ဆက်လက်ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ပညာရေး၊ ကျန်းမာရေးဌာနများမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၏ အထွေထွေဆွေးနွေး တင်ပြချက်ချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးက ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကာ ပညာ့အလင်းကျောင်းစာကြည့်တိုက်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘောမိကျေးရွာသို့ရောက်ရှိ၍ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)၊ တံတားအထူးအဖွဲ့(၁၅)မှ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်သည့် တံတားအရှည် (၁၃၅၀)ပေ၊ တံတားအမျိုးအစား အုတ်မြစ် - Bored Pile ၊ အောက်ထည် - R.C Concrete၊ အပေါ်ထည် - PC Girder & R.C Slab ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၇၅ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၂၀ ပေ ရှိ ငရုတ်ကောင်း-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်-ဂွလမ်း ပေါ်တွင် ဘောမိချောင်းတံတားတည်ဆောက်ခြင်း စီမံကိန်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ဆက်လက်၍ စီမံကိန်းရှင်းလင်းဆောင်တွင် တံတားအထူးအဖွဲ့(၁၅)မှ တာဝန်ရှိသူ တစ်ဦးက စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီစီးစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကျီးဇင်ကျေးရွာသို့ရောက်ရှိ၍ မကျီးဇင်ကျေးရွာ၊ သာသနာသုခကာရီကျောင်းတိုက် ဆရာတော်နှင့် ပေါက်တူးကွင်းကျေးရွာ ပညာတံခွန်ကျောင်းတိုက်ဆရာတော်တို့အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။
Read More...
07-Mar-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆီထွက်သီးနှံ(နေကြာ) စံကွက်ရိတ်သိမ်းပွဲအား တက်ရောက်အားပေး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာရှိ တောင်သူဦးရဲမြတ်အောင်၏ စိုက်ဧက(၁၀)ဧက၌ ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံ ဆီထွက်သီးနှံ(နေကြာ) Super sun-41 နေကြာမျိုးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေကြာစံကွက် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ မျိုးရွေးချယ်မှုများ၊ အထွက်နှုန်းများအား စနစ်တကျ မှတ်တမ်းထားရှိရေး၊ အထွက်တိုးမျိုးကောင်း မျိုးသန့်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များကို တောင်သူများနှင့် ဆွေးနွေးခဲ့ပြီးနောက် (၆၂)နှစ်မြောက်တောင်သူလယ်သမားနေ့တွင် သုံးသီးစိုက် တောင်သူထူးချွန်ဆု ရရှိခဲ့သည့် ဝါးခယ်မမြို့နယ်၊ သဲဖြူကျေးရွာမှ တောင်သူ ဦးဝင်းဗိုလ်က နေကြာသီးနံ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်ရေးအတွက် စိုက်ပျိုးရေးကိုယ်တွေ့ အတွေ့အကြုံများကို ဆွေးနွေးမျှဝေခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်၊ တကောကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲသို့ သွားရောက်၍ Grade-12 စနစ်သစ် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူဦးစိန်မောင်သန်း၏ ဆင်းရွှေကြာ(၂) နေကြာ (၂)ဧက ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးပြီးနောက် ဘုရားကြီးကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ Grade-12 စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ထို့နောက် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကောက်ကြီးကုန်းကျေးရွာ၊ လျှပ်စစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်သည့် တတိယသီးနှံ နွေစပါးဧက (၁၀၀)စံပြကွက်သို့ သွားရောက်ခဲ့ပြီး တောင်သူ ဦးကျော်ဌေး၏ စိုက်ဧက (၄.၅)ဧကတွင် နယူးဧရာ(၁)စပါးမျိုးအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ မိုးပြာအရှေ့ ကျေးရွာနှင့် မီးသွေးတိုက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲများသို့ သွားရောက်၍ Grade-12 စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ဆရာ၊ ဆရာမများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စာသင်ကျောင်းအတွက် လိုအပ်ချက်များ တင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ရေတာကြီး ကျေးရွာအုပ်စု၊ ထိပ်အုပ်ကျေးရွာသို့ရောက်ရှိ၍ တောင်သူ ဒေါ်ဌေးဌေး၏ လယ်မြေတွင် စိုက်ပျိုးထားရှိသည့် တတိယသီးနှံနွေစပါး GW-11 စပါးမျိုး စိုက်ဧက(၇)ဧကတွင် မြေဩဇာကြဲပက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ ကျောင်းကုန်းမြို့နယ်၊ ရေတာကြီး-လက်ပန်ချောင် အမှတ်(၈)မြောင်း တူးဖော်ပြီးစီးမှုကြောင့် နွေစပါးစိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့် ရေတာကြီး ကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ တောင်သူများ၏ နွေစပါးစိုက်ဧက (၇၈၀)ကျော် ပိုမိုတိုးတက်စိုက်ပျိုးနိုင်ခဲ့ပါသည်။
Read More...
06-Mar-2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများအားကြည့်ရှုစစ်ဆေး၊ (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ ပိတ်ပွဲအခမ်းအနား တက်ရောက်
Read More...
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကာ (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ ပိတ်ပွဲအခမ်းအနားကို တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ စာဖြူစုကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၏ Super sun-41 ဆီထွက်သီးနှံနေကြာ (၁၀)ဧကစံပြကွက်နှင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ခင်း (၂)ဧကအား ကြည့်ရှုအားပေးခဲ့ပြီး မျိုးရွေးချယ်မှုများ စနစ်တကျ ဆောင်ရွက်ရန်၊ ပိုးမွှားအန္တရာယ်ဂရုစိုက် ဆောင်ရွက်ရန်၊ ရိတ်သိမ်းချိန်လေလွင့်မှုမရှိစေရေး ဆောင်ရွက်ရန်၊ အထွက်နှုန်းများအား စနစ်တကျမှတ်တမ်းထားရှိရန်နှင့် အထွက်တိုးမျိုးကောင်း မျိုးသန့်များ တိုးချဲ့စိုက်ပျိုးကြရန်မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ပြုလုပ်သည့် (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အခမ်းအနား (တတိယနေ့) ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး စကားဝိုင်းဆွေးနွေးပွဲရလဒ်များ ရှင်းလင်းဆွေးနွေးပွဲ သို့တက်ရောက်ခဲ့ကာ အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိစေရေး စကားဝိုင်းဆွေးနွေးပွဲရလဒ်များဖြစ်သည့် အထွက်ကောင်းမျိုးများ ပြောင်းလဲသုံးစွဲခြင်း၊ မျိုးကောင်းမျိုးသန့်များပြောင်းလဲသုံးစွဲခြင်း၊ သွင်းအားစုများ အချိန်ကိုက် အချိုးညီထည့်သွင်းအသုံးပြုခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်ခြင်း၊ တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စိုက်နည်းစနစ် ပြောင်းလဲအသုံးပြုခြင်း၊ ရိတ်သိမ်းချိန်တွင် နည်းပညာများလိုက်နာကျင့်သုံးခြင်း၊ သီးနှံအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းဇယားရေးဆွဲခြင်း၊ ကြီးကြပ်ကွပ်ကဲမည့်အဖွဲ့များ ဖွဲ့စည်းခြင်း၊ ပံ့ပိုးဆောင်ရွက်ရမည့် လုပ်ငန်းများအား ပုသိမ်၊ ကျုံပျော်၊ ဟင်္သာတ၊ မြန်အောင်၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံနှင့် လပွတ္တာခရိုင်တို့မှ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးများနှင့် တာဝန်ရှိသူ များက ရှင်းလင်းတင်ပြခဲ့ကြပြီးနောက် မွေးမြူရေးစကားဝိုင်းနှင့် ငါးမွေးမြူရေး စကားဝိုင်းတို့မှ ဆွေးနွေးပွဲရလဒ်များကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ စိုက်ပျိုးမွေးမြူရေးပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် ခရိုင်များစုပေါင်း၍ တိုင်းဒေသကြီး၏ သီးနှံစုံ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် စကားဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါကြောင်း၊ စိုက်ပျိုးရေးသုတေသနနှင့် မွေးမြူရေးသုတေသနလုပ်ငန်းများအပြင် ထုတ်လုပ်မှုသုတေသနနှင့် စျေးကွက်သုတေသန အစရှိသည့် သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးစံပြတိုင်းဒေသကြီးဖြစ်ရန် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ မွေးမြူရေးဇုန်များဖော်ထုတ်ခြင်း၊ နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် နို့စားနွား၊ နို့စားကျွဲ မွေးမြူရေးလုပ်ငန်းကိုလည်း တိုးတက်အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း” ဖြည့်စွက် ဆွေးနွေးခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ အနောက်စုကျေးရွာရှိ ဦးအောင်နိုင်ဦး၏ ဆီကြိတ်စက်သို့သွားရောက်၍ နေကြာဆီကြိတ်ခွဲထုတ်လုပ်နေများကို ကြည့်ရှုအားပေးခဲ့ပြီး သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီ ဆီကြိတ်စက်များနှင့် နေကြာဆီများ ပိုမိုထုတ်လုပ်နိုင်ရေးမှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် တောင်သူများနှင့် လက်ရည်တပြင်တည်း နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြပါသည်။
ဆက်လက်၍ ဆွေးနွေးပွဲဒုတိယပိုင်းကိုပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်နှင့် မအူပင်မြို့နယ်တို့မှ နေကြာပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ဆောင်ရွက်ချက်များကို Video Clipဖြင့် ပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် သာပေါင်းမြို့နယ်မှ နေကြာ(၁၀)ဧကစံပြကွက်အား အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်ခဲ့မှုအား သာပေါင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးကလည်းကောင်း၊ ဇလွန်မြို့နယ်မှ တောင်သူဦးရွှေထူး၏ နေကြာစံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှု အား Real Live Show ဖြင့်လည်းကောင်း၊ ဆီထွက်သီးနှံသုတေသနဌာနစု၊ သုတေသနအရာရှိ နှင့် အပင်ရောဂါသုတေသနဌာနစု၊ သုတေသနမှူး တို့က နေကြာသီးနှံ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ နေကြာသီးနှံတွင် ကျရောက်တတ်သော ရောဂါလက္ခဏာများ၊ ကာကွယ် နှိမ်နင်းနည်းများ၊ သာပေါင်းမြို့နယ်၊ နေကြာစိုက်ခင်းအတွင်း ကွင်းဆင်းတွေ့ရှိချက်များနှင့် ပျားမွေးမြူရေးပညာရှင်တို့၏ ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြား ဆွေးနွေးခဲ့သည်။
ထို့နောက် ပုသိမ်တက္ကသိုလ်၊ ပထဝီဝင်ဌာနမှ ပါမောက္ခက စပါးအထွက်တိုးရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုသုတေသနပြုလုပ်တွေ့ရှိချက်အားလည်းကောင်း၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)၏ သုတေသနမှူးက ဆောင်ရွက်ခဲ့သည့် သုတေသန၊ ထုတ်လုပ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း စီမံချက်အပေါ် ဆောင်ရွက် ပြီးစီးမှု၊ မိုးကြိုရာသီတွင် ဆောင်ရွက်နေသည့် သုတေသနလုပ်ငန်းများအားလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ (၆၂)နှစ်မြောက်တောင်သူလယ်သမားနေ့ ပိတ်ပွဲအခမ်းအနားကို ဆက်လက် ပြုလုပ်ရာ (၆၂)နှစ်မြောက်တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပြခန်းများ ခင်းကျင်းပြသ ရာ၌ နှစ်သိမ့်ဆု ပဉ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယဆုရရှိသည့်ခရိုင်များကို တာဝန်ရှိသူအသီးသီး ကလည်းကောင်း၊ နှစ်သိမ့်ဆုပထမဆုရရှိသည့် မြန်အောင်ခရိုင်အား ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူးကလည်းကောင်း၊ ဂုဏ်ပြုတတိယဆုရရှိသည့် ပုသိမ်ခရိုင်အား အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ကျုံပျော်ခရိုင်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ ပထမဆုရရှိသည့် မြောင်းမြခရိုင်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။
ထို့နောက် တောင်သူလယ်သမားနေ့အခမ်းအနားတွင် အဓိကသီးနှံများ ပန်းတိုင်အထွက် နှုန်းရောက်ရှိစေရေး စကားဝိုင်းဆွေးနွေးပွဲ ရလဒ်များအား စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးကစုစည်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပိတ်ပွဲအခမ်းအနား အမှာစကားပြောကြား ရာတွင် "တောင်သူ လယ်သမားနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပလာခဲ့ရာ တစ်ကြိမ်ထက် တစ်ကြိမ် စကားဝိုင်းဆွေးနွေးပွဲများမှ ရလဒ်ကောင်းများ ထွက်ပေါ်ခဲ့ပြီး ထွက်ပေါ်ခဲ့သည့် ရလဒ်များကိုလည်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဧရာဝတီပေါ်ဆန်းအရည်အသွေးကောင်းမွန်ရေး၊ စိုက်ပျိုးသီးနှံများ စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ တောင်သူများ၏ မြေဆီလွှာ ပျက်စီးမှုများအား ပြန်လည်ကောင်းမွန်ရန်အတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ရေတော် မိုးတော်မိုးစပါး စိုက်ဧက (၂၇)သိန်းကျော်အား သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) အပြည့်အဝ ထည့်သွင်း စိုက်ပျိုးရန် မျိုးထုတ်လုပ်စိုက်ပျိုးလျက်ရှိပါကြောင်း၊ လာမည့်မိုးစပါးစိုက်ရာသီတွင် ပန်းတိုင်အထွက်နှုန်း ရောက်ရှိရန် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်းနှင့် နေကြာဖြစ်ထွန်း အောင်မြင်ရေးနှင့် မျိုးရွေးချယ်စိုက်ပျိုးခြင်းကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့်လည်း သီးနှံစုံ ပန်းတိုင် အထွက်နှုန်းရောက်ရှိအောင် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်အောင်မြင်လာပါက တောင်သူကြီးများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တက်လာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဖွဲနုဆီစက်ရုံများနှင့် စပါးခွံ လောင်စာသုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အားလုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း” အမှာ စကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က“ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒအရပ်ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဓာတုကင်းလွတ်ရေကြည်ပေါ်ဆန်းကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရန်အတွက် မြေဆီလွှာများ ပြန်လည်ကောင်းမွန်ရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်း စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဓာတုမြေဩဇာသုံးစွဲခြင်းများကို လျော့ချ၍ သဘာဝမြေဩဇာများသုံးစွဲရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ရေခံ၊ မြေခံကောင်မွန်ပြီး တည်ငြိမ်အေးချမ်းသည့်အတွက် စည်ပင်ပြန့်ပွားတိုးတက်မည့် အလားအလာကောင်းများကို တွေ့ရှိနေရပြီဖြစ်ပါကြောင်းနှင့် တစ်စုတစ်စည်း စည်းစည်း လုံးလုံးဖြင့် တွေ့ကြုရသည့်အခက်အခဲများအား ရင်ဆိုင်ကျော်ဖြတ်သွားကြရန်လိုပါကြောင်း” နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ပြီး ဌာနဆိုင်ရာများနှင့်တောင်သူကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။
Read More...
04-Mar-2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် လပွတ္တာခရိုင်နှင့် မြောင်းမြခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအားကြည့်ရှုစ်ဆေး
Read More...
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက လပွတ္တာခရိုင်နှင့် မြောင်းမြခရိုင်အတွင်းရှိစိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာရှိ တောင်သူဦးတင်အောင်သန်း၏ စိုက်ဧက( ၄ )ဧကတွင် စိုက်ပျိုးထားသည့် ပိုက်ဆံလျှော်မျိုးစေ့ ထုတ်စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် မရဲ့အုန်းပင်စုကျေးရွာ စက်မှုလယ်ယာ စနစ်ကျ စံပြလယ်ယာမြေ ဧက(၁၀၀)တွင် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျ ရောစပ်ကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများထံသို့ မြေဩဇာများထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စီးပွားချောင်ကျေးရွာရှိ တောင်သူဦးတင်အောင်သန်း၏ စိုက်ဧက (၂၅၀)တွင် နယူးဧရာ(၁)စပ်မျိုးစပါး နွေစပါးစံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ အထွက်တိုးမျိုးကောင်းများသုံးစွဲမှု၊ စပါးခွံမြေဆွေး သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ အချိုးကျသုံးစွဲမှု၊ စိုက်ပျိုးရေစနစ်တကျပေးနိုင်မှု၊ စိုက်နည်းစနစ်များ စနစ်တကျအသုံးပြုစိုက်ပျိုးမှု၊ စပါးပင်ပွားရရှိမှု၊ တစ်နှံပါအောင်စေ့ပါဝင်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တောင်သူများ၏ စိုက်ပျိုးရိတ်သိမ်းနေမှုများကို လာရောက်အားပေးခြင်း ဖြစ်ပါကြောင်း၊တောင်သူလယ်သမားနေ့ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များတွင် ထူးချွန်ဆုရရှိသည့်တောင်သူများနှင့် Real Live Show ကိုလည်းဆောင်ရွက်ခဲ့ ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် နွေစပါး၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စပါးရိတ်သိမ်းရာတွင်လည်း လေလွင့်ဆုံးရှုံးမှုမရှိစေရန် ရိတ်သိမ်းခြွေလှေ့စက်မောင်း သင်တန်းများဖွင့်လှစ် ခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် ဆွေးနွေး သွားမည်ဖြစ်ပါကြောင်း၊ သီးနှံအထွက်နှုန်းများတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရောက်ရှိရန် မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း” အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က “ဧရာဝတီတိုင်းဒေသကြီးသည်ရေခံမြေခံကောင်းမွန်သည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တောင်သူများ အနေဖြင့် သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရန်အတွက် မြေဆီလွှာများ ပြန်လည်ကောင်းမွန်ရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးလျက် ရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ဓာတုမြေဩဇာသုံးစွဲခြင်း များကို လျော့ချ၍ သဘာဝမြေဩဇာများသုံးစွဲရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တောင်သူများနှင့်တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းသာရပါကြောင်းနှင့် တောင်သူများ အနေဖြင့်လည်း မိမိတို့၏ အခက်အခဲများကို တင်ပြပေးကြစေလိုကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွေစပါးစံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကပျမ်းမျှ အထွက်နှုန်း (၂၄၂)တင်းထွက်ရှိမှုအားကြည့်ရှုအားပေးခဲ့ပြီး နွေစပါးပန်းတိုင် အထွက်နှုန်း ကျော်လွန်အောင် စိုက်ပျိုးနိုင်သည့် တောင်သူဦးတင်အောင်သန်းအားချီးကျူးဂုဏ်ပြု စကားများပြောကြားခဲ့ကာ မှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာရှိ တောင်သူ ဦးမြင့်ဇော်၏ ဆီထွက်သီးနှံနေကြာsuper sun-41 ( ၅ )ဧက စိုက်ပျိုးထားရှိမှုနှင့် ဝါးခယ်မမြို့နယ်၊ ကလကျေးရွာရှိ တောင်သူဦးအေးဟန်၏ ဆင်းရွှေကြာ-၂၊ (၅) ဧက နေကြာ စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ကလကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က“ ဒေသခံပြည်သူ များနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် ဝမ်းသာရပါကြောင်း၊ ယခုကဲ့သို့တွေ့ဆုံရာတွင် ကျေးရွာနေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသောအခက်အခဲများကိုလည်း တင်ပြပေးစေ လိုကြောင်း၊ သို့မှသာမိမိတို့ဘက်မှ အခက်အခဲများကိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ် ပါကြောင်း၊ ဆီဖူလုံရေးအတွက် နေကြာများကိုလည်းတိုးချဲ့စိုက်ပျိုးလျက် ရှိပါကြောင်းနှင့် တောင်သူများအား အသိပညာပေးခြင်း၊ နည်းပညာများပံ့ပိုးမှုများဖြင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တောင်သူများကလည်း ဆီဖူလုံရေးအတွက် ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း” အားပေးစကားများပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဆီဖူလုံရေး အတွက် မြေပဲ၊ နှမ်းနှင့် ဆီထွက်သီးနှံနေကြာများကို တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ သီးနှံအထွက်နှုန်းများတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရောက်ရှိရန် မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊မိမိတို့အနေဖြင့်လည်း တောင်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း” ဆက်လက်ပြောကြားခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ ခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ မဒေါ့ပင်ကျေးရွာ အုပ်စုရှိ တောင်သူဦးထွန်းနိုင်ဝင်း၏ စိုက်ဧက(၅)ဧက၌စိုက်ပျိုးထားသည့် ဧရာတိုးမျိုးစပါး နွေစပါးစီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းတွင် မြေဩဇာကြဲပက်မှုများ၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ဆောင်ရွက်နေမှုနှင့် အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်ထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ ဧရာတိုးမျိုးစပါး နွေစပါးစီးပွားဖြစ် စိုက်ပျိုးမှု၊ ရှင်သန်ဖြစ်ထွန်းမှု၊ မြေဩဇာကြဲပတ်မှုအခြေအနေများရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့မှ သဘာဝ မြေဩဇာနှင့််ဓာတ်မြေဩဇာအချိုးကျသုံးစွဲမှု၊ အထွက်တိုးမျိုးစပါးပြောင်းလဲစိုက်ပျိုးမှု၊ ဈေးကွက်ရရှိမှု၊ ဓါတ်မြေဩဇာသုံးစွဲမှုလျှော့ချနိုင်မှုအခြေအနေများဆွေးနွေးခဲ့ကြပြီး သဘာဝ မြေဩဇာနှင့်ဓါတ်မြေဩဇာများအချိုးကျသုံးစွဲစေရေး၊ စိုက်ပျိုးရေများစနစ်တကျသုံးစွဲစေရေးနှင့် ပိုမို အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ် ၊ ဝါးဒူးကျေးရွာတွင် (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား (ဒုတိယနေ့) အဖြစ် အဓိကသီးနှံ ၁၀မျိုး ပန်းတိုင်အထွက်နှုန်းရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ခရိုင်အဆင့်စားပွဲဝိုင်းအလိုက် မိမိခရိုင်အတွင်း ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဆောင်ရွက်ရမည့် သီးနှံအလိုက် လုပ်ငန်းစဉ်များ အသေးစိတ်ဆွေးနွေးခြင်း၊မွေးမြူရေးတောင်သူစားပွဲဝိုင်းတစ်ဝိုင်း၊ ငါးမွေးမြူရေး တောင်သူစားပွဲဝိုင်းတစ်ဝိုင်းတို့ဖြင့် ဆွေးနွေးဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရန်နှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက် ဖွံ့ဖြိုးစေရန် ရလဒ်ကောင်းများပေါ်ထွက်လာစေရေး အကြေအလည်ဆွေးနွေး ပေးကြရန် မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာ၊တောင်သူဦးစန်းဦး၏ လယ်မြေ (၂) ဧကတွင် Strip Cropping (နေကြာ super sun-41၊ အစေ့ထုတ်ပြောင်း၊ ဘိုကိတ်ပဲ) တစ်ဧက စိုက်ပျိုးထားရှိမှုနှင့် နေကြာ super sun-41 တစ်ဧက စိုက်ပျိုးထားရှိမှုနှင့် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ တောင်သူ ဦးမြင့်သိန်း၏ စိုက်ဧက(၁၀)ဧက တွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံနေကြာ Super Sun 41 (၈)ဧက၊ ဆင်းရွှေကြာ-၁ (၂)ဧက ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး မျိုးရွေးချယ်မှုများ စနစ်တကျ ဆောင်ရွက်ရန်၊ မြေဩဇာကျွေးခြင်း၊ ရေပေးခြင်းများစနစ်တကျဆောင်ရွက်ရန်၊ ပိုးမွှား အန္တရာယ်ဂရုစိုက် ဆောင်ရွက်ရန်၊ ရိတ်သိမ်းချိန်လေလွင့်မှုမရှိစေရေး ေဆာင်ရွက်ရန်၊ အထွက်နှုန်းများအား မှတ်တမ်းထားရှိရန်နှင့်အထွက်တိုးမျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးကြရန် မှာကြားခဲ့သည်။
Read More...
03-Mar-2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကန်ကြီးထောင့်မြို့၌ကျင်းပသည့် (၆၂)နှစ်မြောက်တောင်သူလယ်သမားနေ့အခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်းရှိ တောင်သူများတက်ရောက်ခဲ့သည်။
ရှေးဦးစွာ တောင်သူလယ်သမားနေ့အခမ်းအနား မုခ်ဦးဆိုင်းဘုတ်အား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ဆက်လက်၍ (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖတ်ကြားခဲ့ပြီး “ ဟိုယခင်ကာလများတွင် တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲများပြုလုပ်ခဲ့ပြီး တောင်သူလယ်သမားများ၏ဘဝ၊ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးအခြေအနေအခက်အခဲများကို မည်ကဲ့သို့တိုးတက်အောင် ဆောင်ရွက်မည်ကို နိုင်ငံတော်ခေါင်းဆောင်များက သိရှိလို၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသည်လည်း ထိုကဲ့သို့ပင်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ အတွင်းရှိ(၇၀)ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များကို အဓိကထားလုပ်ကိုင်ကြပါကြောင်း၊ မိမိတို့အနေဖြင့် တောင်သူလယ်သမားများ၏ ဘဝအခြေအနေမှန်နှင့် တောင်သူလယ်သမားများ၏ လိုအင်ဆန္ဒများ၊ တောင်သူလယ်သမားများ၏ ရှေ့မျှော်မှန်းချက်များကို သိရှိရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏စပါးကျီဟု တင်စားခေါ်ဝေါ်ပြီး လက်ရှိအခြေအနေတွင်လည်း စိုက်ပျိုးရေးနှင့် ပတ်သက်၍ အလားအလာကောင်းများရှိပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုးတက်အောင်မြင်နေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ယနေ့တောင်သူလယ်သမားနေ့ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် တောင်သူလယ်သမား များအား ဖိတ်ကြားတွေ့ဆုံခြင်းသည် လွန်ခဲ့သောနှစ်ပေါင်း(၆၀)က ပြုလုပ်ခဲ့သော အစဉ်အလာ ကောင်းကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲတွင်လည်း ကဏ္ဍအသီးသီးမှ တောင်သူများ၊ စိုက်ပျိုးရေးပညာရှင်များ၊ မွေးမြူရေးပညာရှင်များနှင့် ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်းဖြင့် လိုအပ်ချက်များ၊ မျှော်မှန်းချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နိုင်ငံတော်အစိုးရတို့က ဆောင်ရွက်ပေးရမည့်အခြေအနေများကို ဆွေးနွေးပေးကြစေလိုကြောင်း” အဖွင့်အမှာစကားများပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ“မိမိတို့တာဝန်ယူပြီးနောက်ပိုင်းတွင် တောင်သူ လယ်သမားနေ့အခမ်းအနားကို ကျင်းပလာသည်မှာ သုံးကြိမ်မြောက်ရှိပြီဖြစ်ပါကြောင်းနှင့် တစ်ကြိမ် ထက်တစ်ကြိမ် ထူးခြားပြီးအနှစ်သာရပြည့်ဝသည့် တောင်သူလယ်သမားနေ့အခမ်းအနားများကို ကျင်းပနိုင်ခဲ့သည်ဟု ပြောရမည်ဖြစ်ပါကြောင်း၊ ယခင်နှစ် တောင်သူလယ်သမားနေ့အခမ်းအနားတွင် တောင်သူများ၊ စိုက်ပျိုးရေးပညာရှင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ စပါးတစ်ဧက ဆယ်တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ရလဒ်များ၊ လုပ်ငန်းစဉ် များဖော်ထုတ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တောင်သူများ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် မိုးစပါးအထွက်နှုန်းများသည်လည်း တိုးတက်လာသည်ကိုတွေ့ရှိရပါကြောင်း၊ ယခုနှစ်နွေစပါးအား ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် ရည်မှန်းချက်ပေး၍ ကြပ်မတ်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ ပါကြောင်း၊ ယခုနှစ်တွင်လည်း သီးနှံစုံ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ သီးနှံအထွက်နှုန်းများတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ MSME လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေသည့် အပြင် နို့စားနွားမွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး နို့နှင့်နို့ထွက်ပစ္စည်းများ ပိုမိုတိုးတက်ထွက်ရှိအောင် မွေးမြူရေးဇုန်များဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ဆီဖူလုံစေရေးအတွက်လည်း နေကြာအပါအဝင် မြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံများ ကိုလည်း တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ စပါးကြိတ်ခွဲရာမှ ထွက်ရှိလာသည့် ဖွဲနုကိုအသုံးပြု၍ ဖွဲနုဆီထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးသာမက နယ်ပယ်စုံ အသီးသီး၌ ဖွံ့ဖြိုးတက်နေသည့် တိုင်းဒေသကြီးဖြစ်လာစေရန် တောင်သူလယ်သမားနေ့ ဆွေးနွေးပွဲတွင် စုပေါင်းဆွေးနွေးမှုဖြင့် အကြေအလည်ဆွေးနွေးကာ ရည်မှန်းချက်များအား အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း”အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွင့်အမှာစကားများ ဆက်လက် ပြောကြားခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် တာဝန်ရှိသူများသည် ပညာအလင်္ကာတေးဂီတအဖွဲ့၏ တောင်သူလယ်သမားနေ့ ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ မိုးစပါး၊ နွေစပါး၊ နေကြာ၊ မြေပဲသီးနှံစိုက် ထူးချွန်တောင်သူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ကလည်းကောင်း၊ မိုးနှမ်း၊ မတ်ပဲ၊ ပဲတီစိမ်းစိုက် ထူးချွန်တောင်သူများနှင့် နေကြာ(၁၀)ဧက မြို့နယ်ထူးချွန်ဆုရရှိသူများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ ပီလောပီနံ၊ ရော်ဘာ၊ စပါးမျိုးစေ့ထုတ် ထူးချွန်တောင်သူများနှင့် အသားတိုးဝက်မွေးမြူထုတ်လုပ်မှု ဆုရရှိသူများကို တိုင်းမှူးကလည်းကောင်း၊ ပျားလိမ္မော်၊ သီဟိုဠ်သီးနှံစိုက် ထူးချွန်တောင်သူများနှင့် ဥစားဘဲမွေးမြူထုတ်လုပ်မှု ထူးချွန်ဆုရရှိသူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးကလည်းကောင်း၊ နေကြာသီးညှပ်၊ ကျွဲကောသီးနှံ၊ ဒေသနွားမွေးမြူထုတ်လုပ်မှု၊ ကော်ဖီ၊ ငှက်ပျော၊ မင်းဂွတ်၊ ဆေးရွက်ကြီး၊ စပါးသီးနှံ(ပေါ်ဆန်းဘေကြား-သဘာဝမြေဩဇာသုံး)၊ ငရုတ်ကောင်း၊ နာနတ်၊ နို့စားနွားမွေးမြူထုတ်လုပ်မှု၊ ကွမ်းသီး၊ ဟင်းသီးဟင်းရွက်၊ ဂဏန်းပျော့မွေးမြူထုတ်လုပ်မှုနှင့် အုန်းချိုမွှေးသီးနှံစိုက် ထူးချွန်တောင်သူများကို တာဝန်ရှိသူအသီးသီးကလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လယ်ယာသုံးစက်ကိရိယာပစ္စည်း များအား ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာနမှ ပြသထားသည့် သီးနှံစုံစိုက်ခင်းများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးကန်များ၊ စက်မှုလယ်ယာဦးစီး ဌာနမှ ၂၀၂၄ ခုနှစ်၊(၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် လက်ဆွဲကောက်စိုက် စက်၊ ခြောက်တန်းသွားကောက်စိုက်စက်နှင့် ဆယ်တန်းသွား မျိုးစေ့ချစက်တို့ဖြင့် သရုပ်ပြ စိုက်ပျိုးခြင်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး၊ (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ ပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ပြခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် တောင်သူများနှင့် လက်ရည်တပြင်တည်း နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြပြီး ပညာအလင်္ကာတေးဂီတအဖွဲ့၏ တောင်သူလယ်သမားနေ့ ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သည့် (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ပြသထားသည့် သီးနှံစုံစိုက်ခင်းများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးကန်များ၊ စက်မှုလယ်ယာဉီးစီးဌာနမှ လက်ဆွဲကောက်စိုက်စက်၊ ခြောက်တန်းသွားကောက်စိုက်စက်နှင့် ဆယ်တန်းသွား မျိုးစေ့ချစက်တို့ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းများ စိုက်ပျိုးပြသထားရှိပြီး (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ ပြခန်းများတွင် ဌာနဆိုင်ရာပြခန်းများ၊ ခရိုင်အလိုက်ပြခန်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာပြခန်းများ၊ လယ်ယာသုံးစက်ကိရိယာပြခန်းများ၊ သွင်းအားစုလုပ်ငန်း ပြခန်းများ၊ မျိုးစေ့ထုတ်ကုန်ပြခန်းများ၊ ငါးထုတ်ကုန်ပြခန်းများ၊ အုန်းအခြေခံထုတ်ကုန်ပြခန်းများ၊ အစာတောင့်ထုတ်ကုန်ပြခန်းများဖြင့် ပြခန်းပေါင်း (၃၉)ခန်း ဖွင့်လှစ်ပြသထားရှိကာ အခမ်းအနားသို့ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်းရှိ တောင်သူစုစုပေါင်း (၂၀၀၀)ကျော် တက်ရောက်ခဲ့ပြီး ပြခန်းများနှင့် ဆွေးနွေးပွဲများအား ယခုလ (၄) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ခင်းကျင်းပြသ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မွန်းလွဲပိုင်းတွင် ဆုရတောင်သူများ၏ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းဆွေးနွေးပွဲ Real Live Show ပြသမှုများကို တက်ရောက်အားပေးခဲ့ပြီး စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူဦးတင်အောင်သန်း၏ စပါးစိုက်ပျိုးရေးအတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီးနောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် မြေပဲစိုက်တောင်သူ၊ နေကြာစိုက်တောင်သူ၊ မွေးမြူရေးတောင်သူ၊ စပါး-ပဲ-နေကြာ/စပါး-ပဲ-နှမ်း သုံးသီးစိုက်ပျိုးသည့်တောင်သူနှင့် နေကြာစံပြစိုက်ခင်း(၁၀)ဧက အကောင်းဆုံးဆုရရှိသည့် သာပေါင်းမြို့နယ်တို့မှ စိုက်ပျိုးရေးလုပ်ငန်းအတွေ့အကြုံများနှင့် ရှင်းလင်းဆွေးနွေးမှုများအပေါ် တက်ရောက်လာသည့် ဧည့်သည်တော်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊သန်လျက်စွန်းကျေးရွာတွင် လယ်မြေ(၁၀)ဧကပေါ်တွင် စိုက်ပျိုးထားရှိသည့် စံပြဆောင်းနေကြာ(SuperSun-41) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအား ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ ကြီးကြပ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အလိုက် စံပြ ၁၀ဧက စိုက်ပျိုးခဲ့ရာ
ထယ်ရေးနက်နက်နှင့်ထွန်ရေးညက်ညက်ရရှိစေရန်မြေပြုပြင်ခြင်း၊ ရေပေးခြင်း၊ မြေခံအဖြစ် ကွန်ပေါင်း၁၅ ပတ်လည်၊ ဘိုင်အိုစူပရင်းထည့်သွင်းစိုက်ပျိုးခဲ့မှု၊ ပိုးမွှားရောဂါမကျရောက်စေရန်အမြဲ မပြတ်ကြည့်ရှူဆောင်ရွက်ခဲ့မှု၊ သားခွဲခြင်း၊ ဘောင်တင်စက်ဖြင့်ဘောင်တင်ခြင်း၊ အပင်အားဆေးဖျန်းခြင်း၊ မြေသြဇာဖျော်ရည်တစ်ပင်ချင်းစီကျွေးခြင်း၊ ပိုးသတ်ဆေးကြိုတင်ကာကွယ်ဖျန်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိ (၇၄)ရက်သားအချိန်အထိအပင်အမြင့်(၅)ပေ၊ အပွင့်အရွယ်(၈)လက်မအထက်(7o%)ခန့်ရောက်ရှိ နေမှု၊ ပျားပုံးများထားရှိမှု၊ အောင်မြင်မှုအခြေအနေများအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှရှင်းလင်းတင်ပြခဲ့မှုအပေါ် နေကြာစိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုများအား တောင်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်ပါဆောင်ရွက်စေရေး၊ အသိပညာပေးလုပ်ငန်းများဆောင်ရွက်စေရေး၊ ရိတ်သိမ်းချိန် လေလွင့်မှုမရှိစေရေး၊ နေကြာပွင့်အရွယ်အစားများစနစ်တကျမှတ်တမ်းထားရှိဆောင်ရွက်စေရေးနှင့် ပိုမိုအောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့ပါသည်။
Read More...
02-Mar-2024