သတင်းများ


အမျိုးသားမြေအသုံးချမှုကောင်စီ ပထမအကြိမ်အစည်းအဝေးသို့ Video Conferencing ဖြင့် တက်ရောက်ခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၁)ရက်နေ့၊ (၁၃၃၀)နာရီအချိန်တွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ရုံးအမှတ်(၃၉)၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ ဦးဆောင်၍ ကျင်းပပြုလုပ်သည့် အမျိုးသားမြေအသုံးချမှုကောင်စီ ပထမအကြိမ်အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီ အဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့်ကော်မတီဝင်များသည် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)မှ Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် အမျိုးသားမြေအသုံးချမူဝါဒ လမ်းညွှန်ချက်များနှင့်အညီ တိုင်းဒေသကြီးအတွင်း ခရိုင်နှင့်မြို့နယ်များ၌ မြေအသုံးချမှုကော်မတီများဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊ အမျိုးသားမြေအသုံးချမှုမူဝါဒပါ လမ်းညွှန်ချက်များအား အသုံးပြု၍ မြေယာစီမံခန့်ခွဲခြင်းကို လက်ရှိဖွဲ့စည်း ဆောင်ရွက်လျက်ရှိသော အစိုးရဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်ကော်မတီများက တာဝန်ယူဆောင်ရွက်နေကြသည့် မြေအသုံးချမှုနှင့် မြေယာစီမံခန့်ခွဲမှု ဆိုင်ရာလုပ်ငန်းများအား တိုင်းကော်မတီမှ စောင့်ကြပ်ကြည့်ရှုခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း၊ စီမံခန့်ခွဲခြင်း အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
11-Jun-2021
ဧရာဝတီတိုင်းဒေသကြီးပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၁)ရက်နေ့၊ (၁၀၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် တိုင်းဒေသကြီးပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ ဆွေးနွေးမှာကြားခဲ့ပါသည်။ ထို့နောက် ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာဇော်မင်းထွန်းမှ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြရာ ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
11-Apr-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် Telecom International Myanmar Co.,Ltd မှ တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၁)ရက်နေ့၊ (၀၉၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ Telecom International Myanmar Co.,Ltd မှ တာဝန်ရှိသူများနှင့် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ တွေ့ဆုံခဲ့ပါသည်။ ထို့နောက် ကုမ္ပဏီတာဝန်ရှိသူများမှ ဧရာဝတီတိုင်းအတွင်းရှိ ဆက်သွယ်ရေးနှင့်ပတ်သက်သော ဖွံ့ဖြိုးတိုးတက်မှုနှင့်အခက်အခဲကိစ္စရပ်များ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ဆက်သွယ်ရေးနှင့်ပတ်သက်သော အခက်အခဲများအား ပံ့ပိုးကူညီဖြေရှင်းပေးလိုသည်များအား တင်ပြခဲ့ရာ ကောင်စီဥက္ကဌမှလိုအပ်သည်များကို လမ်းညွှန်မှာကြား ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
11-Jun-2021
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးသို့ Video Conferencing ဖြင့် တက်ရောက်ခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၉)ရက်နေ့၊ (၁၃၃၀)နာရီအချိန်တွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ရုံးအမှတ်(၃၉)၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟို ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ ဦးဆောင်၍ ကျင်းပပြုလုပ်သည့် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် ကော်မတီဝင်များသည် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)မှ Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ တိုင်းဒေသကြီး ကမ်းရိုးတန်းသယံဇာတနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များနှင့် ဘက်စုံစီမံအုပ်ချုပ် လုပ်ကိုင်မှုအစီအစဉ်များ၊ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ထိန်းသိမ်းကာကွယ်မှုမြှင့်တင်ခြင်း လုပ်ငန်းများ၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ ကောက်ယူသိမ်းဆည်းခြင်းလုပ်ငန်းများ၊ စည်းကမ်းမဲ့ငါးဖမ်းခြင်း၊ မြစ်သဲကျောက် တူးဖော်မှုလုပ်ငန်းများ၊ ကမ်းပါးပြို ရေတိုက်စားမှု လျှော့ချကာကွယ်ရေးလုပ်ငန်းများ၊ ကမ်းလွန်ရေနံရှာဖွေရေးလုပ်ငန်းစီမံကိန်း၊ ကမ်းခြေ ပတ်လမ်း စတင်ဖောက်လုပ်နေမှု၊ သဘာဝစွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်သည့် စီမံကိန်း၊ ဂေါ်ရန်ဂျီကျွန်းဒေသတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံချက်နှင့်ရွှေသောင်ယံမြို့၊ မက်တာဒေသတွင် ရေနက်ဆိပ်ကမ်းနှင့် စက်မှု ဥယျာဉ်မြို့တော် ထူထောင်နိုင်ရေးစီမံကိန်းများအား ရှင်းလင်းတင်ပြခဲ့ကြောင်းသတင်းရရှိပါသည်။


Read More...
09-Jun-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် (၅၀၅-က)ဖြင့် အရေးယူဆောင်ရွက်ထားသည့် အမှုတွဲများအား ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၈)ရက်နေ့ ၊ (၁၃၃၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်း(၁)တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ (၅၀၅-က)ဖြင့် အရေးယူဆောင်ရွက်ထားသည့်အမှုတွဲများအား တင်ပြသည့်အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တင်ပြလာသည့်အမှုတွဲများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား တင်ပြဆွေးနွေးကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
08-Jun-2021