သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ခရိုင်အတွင်းရှိစိုက်ပျိုးရေးလုပ်ငန်းများနှင့်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ တောင်သူ ဦးမြင့်သိန်း၏ စိုက်ဧက( ၁၀)ဧက တွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံနေကြာ Super Sun 41 (၈)ဧက၊ ဆင်းရွှေကြာ-၁ (၂)ဧက ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အထွက်နှုန်းများအား မှတ်တမ်းထားရန်၊ မျိုးရွေးချယ်မှုများ စနစ်တကျဆောင်ရွက်ရန်၊ မြေဩဇာကျွေးခြင်း၊ ရေပေးခြင်းများစနစ်တကျဆောင်ရွက်ရန်နှင့် အထွက်တိုးမျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးကြရန် မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ တောရကျောင်းလမ်းရှိ သန္တာရုံကျောင်းတိုက်အတွင်းတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အမှိုက်များကင်းစင်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ စဉ်ဆက်မပြက်ဆောင်ရွက်စေရေး မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အဏ္ဏဝါသိပ္ပံသုတေသနနှင့် လေ့ကျင်းရေးစခန်းတွင် ပုသိမ်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံဌာန၊ ပထမနှစ်ကျောင်းသားကျောင်းသူများ အားရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပြီး ကွင်းဆင်းလေ့လာမှုအခြေအနေများ၊ နေထိုင်စားသောက်ရေးဆိုင်ရာကိစ္စရပ်များဆွေးနွေးမေးမြန်းခဲ့ပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ဆရာဆရာများနှင့်ကျောင်းသားကျောင်းသူများအတွက်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
24-Feb-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားတက်ရောက် ဖွင့်လှစ်ပေးကာ ဆုများချီးမြှင့်ခဲ့
ဆယ့်နှစ်လရာသီပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာ့ ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အသင်းများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့နှင့် အတူမြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ နှစ်စဉ်နှစ်တိုင်း မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ကျင်းပပေးခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း တက်ညီလက်ညီ အသင်းအဖွဲ့များ စုံလင်စွာဖြင့် ရောက်ရှိပြီး မြန်မာ့ရိုးထမနဲထိုးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြရန် အသင့်ဖြစ်နေကြပြီဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်စည်းကမ်းများကိုလည်း ကြိုတင်သတ်မှတ်ပေးထားကာ ယခင်နှစ် သတ်မှတ်ချက်များနှင့်ပတ်သက်၍ အားသာချက်၊ အားနည်းချက်များကိုလည်း ချိန်ထိုး၍ ဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် သတ်မှတ်အချိန်အတွင်း ပြီးစီးအောင်ယှဉ်ပြိုင်ကြသွားရန်နှင့် ဆုများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည် ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မင်္ဂလာရွှေမောင်းအား တီးခတ်၍ ပြိုင်ပွဲစတင်ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်များ၏ ထမနဲ ထိုးယှဉ်ပြိုင်နေမှုများနှင့် အိုးစည်၊ ဗုံမောင်းများတီးမှုတ်ကခုန်အားပေးနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်ရာ ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များကလည်းကောင်း၊ တတိယဆုရရှိသည့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းဒေသကြီးသစ်လုပ်ငန်း၊ တိုင်းဒေသကြီးဆားလုပ်ငန်းကိုယ်စားပြုအသင်းအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် အကျဉ်းဦးစီးဌာနအသင်းအား တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ ပထမဆုရရှိသည့် တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်အသင်း (၁)သင်း၊ ဌာနဆိုင်ရာ (၁၆)သင်း၊ ရပ်ကွက်(၁၅)သင်း စုစုပေါင်း(၃၂)သင်းတို့ကပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။


Read More...
23-Feb-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄)အား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မိမိတို့တိုင်းဒေသကြီးသည် လယ်ယာမြေနှင့်ပတ်သက်၍ အမှုတွဲများ များပြားပါကြောင်း၊ လယ်ယာမြေနှင့်ပတ်သက်သည့် အမှုတွဲများအား ကြားနာဆုံးဖြတ်ရာတွင် သမာသမတ်ရှိရှိ စစ်ဆေးဆုံးဖြတ်ရန်လိုပါကြောင်း၊ မြေယာလျော်ကြေးကိစ္စများအား မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ရှင်းလင်းတင်ပြမည့်အမှုတွဲများကို အချက်အလက်များပြည့်ပြည့်စုံစုံအချိတ်ဆက်မိမိဖြင့် ရှင်းလင်းတင်ပြရန်နှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ဘက်လိုက်မှုမရှိဘဲ တိကျမှန်စွာ ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ကော်မတီဝင်များကလည်း သက်ဆိုင်ရာကဏ္ဍအလိုက်ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ” အမှာစကား ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ အတွင်းရေးမှူးက တောင်သူများအား နစ်နာကြေးနှင့် လျော်ကြေး ပေးလျော်နိုင်ရေးအတွက် တင်ပြလာသည့်ကိစ္စ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) ပျောက်ဆုံး/ ပျက်စီးခြင်းအတွက် ဒုတိယမူရင်း (သို့) မိတ္တူမှန် ထုတ်ယူခွင့်ပြုပါရန် လျှောက်ထားတင်ပြလာသည့်ကိစ္စ၊ (ပုံစံ-၇)အား ပယ်ဖျက် ပေးနိုင်ပါရန် စိစစ်တင်ပြလာသည့်ကိစ္စ၊ ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ အယူခံတင်ပြလာခဲ့ရာ သတ်မှတ်အယူခံကာလထက် ကျော်လွန်ပြီးမှဝင်ရောက်လာသည့်ကိစ္စ၊ သတ်မှတ်ဒဏ်ကြေးပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုပါရန် တင်ပြလာသည့်ကိစ္စ၊ လယ်ယာမြေ ပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဆောင်ရွက်ထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်/ ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ ဒဏ်ကြေးအဆိုပြုတင်ပြခဲ့ရာ တင်ပြလာသည့် တစ်ဧက ဇုန်နှုန်းမှာ ယခုကာလပေါက်ဈေးနှင့် လျှော်ညီမှုမရှိသဖြင့်စိစစ်ပြီး ပြန်လည်တင်ပြလာသည့်ကိစ္စ၊ လယ်မြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဆောင်ရွက်ထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်/ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ ဒဏ်ကြေးအဆိုပြု တင်ပြလာသည့်ကိစ္စ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာမြေပေါ်တွင် အခြားနည်းသုံးစွဲခွင့်ရရှိရေးအတွက် လယ်ယာမြေဥပဒေပုဒ်မ- ၃ဝ(က)၊ ၃၀(ခ)အရ လျှောက်ထားလာမှုများအပေါ် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ပြန်လည်စိစစ်တင်ပြရန် ဆုံးဖြတ်ထားသည့်အမှုတွဲအား ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်ဆောင်ရွက်ပြီး ပြန်လည်တင်ပြလာသည့်ကိစ္စ၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခုမှ လယ်ယာမြေ ပေါ်တွင် အခြားနည်းသုံးစွဲခွင့်ရရှိရေးအတွက် လယ်ယာမြေဥပဒေပုဒ်မ ၃၀ (က)နှင့် ၃၀ (ခ) တို့အရ လျှောက်ထားလာသည့်အမှုတွဲများအား ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်တင်ပြလာသည့်ကိစ္စ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ ဆုံးဖြတ်ချက်ကိုမကျေနပ်၍ လယ်ယာမြဥပဒေပုဒ်မ (၂၅)အရ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့ အယူခံဝင်တင်ပြလာသည့် ကြားနာစိစစ်ပြီး မြေယာအယူခံ မှုများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီးနောက် အဖွဲ့ဝင်များက အထွေထွေဆွေးနွေး တင်ပြ ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


Read More...
23-Feb-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ကန်သုံးဆင့်ပန်းခြံ စိမ်းလန်းစိုပြေစေရေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဖေဖော်ဝါရီလ ၂၂ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ကန်သုံးဆင့်တွင် ပြည်သူများ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ်နိုင်ရန်နှင့် အပန်းဖြေနိုင်ရန်အတွက် ကန်သုံးဆင့် ပန်းခြံ စိမ်းလန်းစိုပြေစေရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂျပန်မြက်စိုက်ပျိုးခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ Flower Box ပြုလုပ်ထားရှိမှု၊ လျှောက်လမ်း ဖောက်လုပ်ထားရှိမှု၊ ပန်းအလှပင်များစုဆောင်းထားရှိမှုနှင့် ဘဲစာမြက်များစိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေး ခဲ့သည်။ ထို့နောက် တာဝန်ရှိသူများ၏ ကန်သုံးဆင့်ပန်းခြံ စိမ်းလန်းစိုပြေစေရေး အဆင့်မြှင့်တင် ခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြမှုအပေါ် တို်ငးဒေသကြီးဝန်ကြီးချုပ်မှ အများပြည်သူများ စိတ်အေးချမ်းစွာအနားယူနိုင်စေရေး၊ မြတ်ခင်းများစနစ်တကျစိုက်ပျိုးစေရေး၊ ပျိုးဥယျာဉ်များစနစ်တကျပျိုးထောင်စေရေး၊ ပန်းအလှပင်များစနစ်တကျ စိုက်ပျိုးစေရေး၊ အမှိုက်ပုံးများထားရှိ၍ အမှိုက်များစနစ်တကျ စွန့်ပစ်စေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့ကြောင်းသိရသည်။


Read More...
23-Feb-2024
တောင်သူလယ်သမားနေ့အခမ်းအနား အတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများအား ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ မတ်လ(၂ )ရက်နေ့တွင်ကျင်းပမည့် တောင်သူလယ်သမားနေ့အခမ်းအနားတွင် ပြသရန်အတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ ကြိုတင်ပြင်ဆောင်ရွက်ထားသည့် သီးပင်စားပင်များ၊ သစ်ပင်ပန်းမန်များနှင့် အခမ်းအနားပြုလုပ်ရန် မဏ္ဍပ်ဆောက်လုပ်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းကသွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးဒူးကျေးရွာသို့ သွားရောက်၍ တောင်သူလယ်သမားနေ့ အတွက် စိုက်ပျိုးရေးဦးစီးဌာနမှကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အခမ်းအနားကျင်းပရန် မဏ္ဍပ်ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူလယ်သမားနေ့အတွက် ကြိုတင်ပြင်ဆောင်ရွက်နေမှုအခြေအနေများအား တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် သီးပင်စားပင်များ အချန်မီသီးပွင့်စေရေး ၊ သစ်ပင်ပန်းမန်များ စိမ်းလမ်းစိုပြေနေစေရေးနှင့်အချိန်မီဖူးပွင့်စေရေး၊ မဏ္ဍပ်ဆောက်လုပ်ရာတွင် အချိုးအစား ကျနစွာဖြင့်အတိုင်းအတာတိကျမှန်ကန်စေရေး၊ နောက်ခံစာသားများ၊ အခမ်းအနားအစီအစဉ်များ စနစ်တကျပြင်ဆင်ဆောင်ရွက်ထားရှိစေရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာပြခန်းများအပြင် လယ်ယာသုံးစက်ပစ္စည်းပြခန်းများစသည်ဖြင့် ပြခန်းများစုံလင်စွာဖြင့်အများပြည်သူ ဗဟုသုတ ရရှိစေရေး ပြသနိုင်ရေးနှင့် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။


Read More...
22-Feb-2024