သတင်းများ


(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် ကာယဗလမောင်ပြိုင်ပွဲနှင့် (၂၆)မြို့နယ်ကာယအလှမယ်ပြိုင်ပွဲကျင်းပ
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် ကာယဗလမောင်ပြိုင်ပွဲနှင့် (၂၆)မြို့နယ်ကာယအလှမယ်ပြိုင်ပွဲအား ဖေဖော်ဝါရီလ ၁၂ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်‌မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊တိုင်း၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများ၊ပြိုင်ပွဲဝင် ကာယဗလမောင်များနှင့် ကာယအလှမယ်များ တက်ရောက်ခဲ့ကြသည်။ ပြိုင်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ယနေ့ပြုလုပ်သည့် ပြိုင်ပွဲသည် ဧရာဝတီတိုင်းဒေသအတွင်းရှိ မြို့နယ်များမှထူးချွန်ထက်မြက်သော ကာယဗလမောင်နှင့်အလှမယ်များ ပေါ်ထွက်လာစေရန်၊ တိုင်းအတွင်းရှိ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်လာပြီး အားကစားနည်းစနစ်များ အပြန်အလှန်ရရှိစေရန်၊ ထူးချွန်သောအားကစားသမားများရွေးချယ်၍ ပြည်နယ်/တိုင်း ပြိုင်ပွဲ များသို့ အဆင့်မီစွာပါဝင်ယှဉ်ပြိုင်နိုင်ရန်၊ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံတော်ကိုယ်စားပြုထူးချွန်သော အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရန်နှင့် အနာဂါတ်တွင် ကျန်းမာကြံ့ခိုင်သောမြန်မာနိုင်ငံ၏မျိုးဆက်သစ်သားကောင်း ၊ သမီးကောင်းများ ပေါ်ထွက်လာစေရန်စသည့် ရည်ရွက်ချက်များဖြင့်ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ဒိုင်အဖွဲ့ဝင်များကလည်း သမာသမတ်ရှိရှိဖြင့် ဘက်လိုက်မှုမရှိဘဲ အကဲဖြတ်အမှတ်ပေးရန်ပြောကြားလိုပါကြောင်းနှင့် တိုင်းဒေသကြီးအတွက် ဂုဏ်ယူနိုင်မည့် အားကစားသမားများအဖြစ် ရွေးချယ်နိုင်ရန်လိုပါကြောင်း”အမှာစကားများပြောကြားခဲ့ပြီး ကာယဗလမောင်များနှင့် ကာယအလှမယ်များ၏ ပြိုင်ပွဲဝင်သရုပ်ပြသခြင်းများအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ (၆၀)ကီလိုတန်းမှ (၇၅)ကီလိုတန်းအထက်နှင့် အလွတ်တန်းအထိ ကာယဗလမောင် (၃၆)ဦးနှင့် ကာယအလှမယ် (၂၆)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကာယဗလမောင်ပြိုင်ပွဲအား ပုသိမ်မြို့၊ဧရာရွှေခန်းမ၌လည်းကောင်း၊ ကာယအလှမယ်ပြိုင်ပွဲအား မြို့တော်ခန်းမ၌လည်းကောင်း နှစ်နေရာခွဲ၍ ကျင်းပခဲ့သည်။ ဆက်လက်၍ ညနေပိုင်းတွင်ဆုချီးမြှင့်ပွဲအား ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် ကာယဗလမောင်ပြိုင်ပွဲတွင် ဝိတ်တန်းအလိုက်ပြိုင်ပွဲများတွင် နှစ်သိမ့်ဆု၊ တတိယဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိသူများနှင့် အလွတ်တန်းပြိုင်ပွဲတွင် စတုတ္ထမှ ဒဿမအထိဆုရရှိသူများနှင့် ပထမ၊ဒုတိယ၊ တတိယဆုရရှိသူများအား ဌာနဆိုင်ရာများ၊တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း၊ (၂၆)မြို့နယ် ကာယအလှမယ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများနှင့် စတုတ္ထမှ ဒဿမအထိဆုရရှိသူများအား တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများနှင့်ဥပ‌ဒေချုပ်တို့ကလည်းကောင်း၊ တတိယ၊ဒုတိယနှင့် ပထမဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး တံခွန်စိုက်ဆုရရှိသည့် (၈)ခရိုင် ကာယဗလမောင်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။


Read More...
12-Feb-2023
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ပြည်တော်အေးနိုင်ငံ့ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့်  ပြည်တော်အေးနိုင်ငံ့ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊အမှတ်(၅)ရပ်ကွက်၊ နိုင်ငံ့ဝန်ထမ်းအိမ်ရာ၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။ ပြည်တော်အေးနိုင်ငံ့ဝန်ထမ်းအိမ်ရာဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီး၏ နိုင်ငံ့ဝန်ထမ်းများအတွက် နိုင်ငံ့ဝန်ထမ်းအိမ်ရာများဆောက်လုပ်ပေးလျက်ရှိရာ တိုင်းဒေသကြီး၏မြို့တော် ပုသိမ်မြို့တွင်လည်း နိုင်ငံ့ဝန်ထမ်းများအတွက် ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ ဘဏ္ဍာနှစ်အလိုက် ရရှိရန်ပုံငွေအပေါ်မူတည်၍ ဆက်လက်ဆောက်လုပ်ပေးသွားမှာဖြစ်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာ၌ နေထိုင်သည့် နိုင်ငံ့ဝန်ထမ်းများအား ရေ၊ မီးသုံးစွဲမှုများကို စနစ်တကျသုံးစွဲကြရန်နှင့် အိမ်ခန်းများအားလည်း  ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊မိမိတို့၏ အခန်းများ သန့်ရှင်းသပ်ရပ်ရေးအပြင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊သန့်ရှင်းသာယာစေရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ သီးပင်စားပင်၊ပန်းအလှပင်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးအား ဆောင်ရွက်ကြရန်လည်းလိုပါကြောင်းနှင့် အိမ်ရာများသန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း”အမှာစကားများပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက နိုင်ငံ့ဝန်ထမ်းအိမ်ရာ ဖော်ဆောင်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဖွင့်ပွဲအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်းအိမ်ရာ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပုသိမ်မြို့တွင်ဝန်ထမ်းအိမ်ရာ (၁၁)လုံးအကောင်အထည်ဖော်တည်ဆောက်ရန် လျာထားခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ (၁)လုံး၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လ ဘတ်ဂျတ်ကာလ)တွင်(၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ (၈)လုံး၏ (၅၀%) အပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် (၄)ခန်းတွဲ(၄)ထပ် ဝန်သင်း အိမ်ရာ (၈)လုံး၏ ကျန်ရှိ(၅၀%)ကို အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးခဲ့သဖြင့် ပြည့်တော်အေးနိုင်ငံ့ဝန်ထမ်းအိမ်ရာအတွင်း (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ စုပေါင်း (၉)လုံးထပ်မံဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ရာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ အခန်းပေါင်း (၁၄၄)ခန်းအား အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။


Read More...
12-Feb-2023
ပုသိမ်မြို့၌(၇၆)နှစ်မြောက်ပြည်‌ထောင်စုနေ့အလံတင်အခမ်းအနားနှင့်သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားအား ယနေ့နံနက်၅နာရီ အချိန်က ပြည်ထောင်စုကွင်း (ကန်သာယာ)၌ပြုလုပ်ခဲ့ရာ တိုင်း၊ ခရိုင်အဆင့်ဌာနဆိုင်များက နေရာယူပြီးနောက်  အလံတင်တပ်စုမှတပ်ကြပ်ကြီးဦးဆောင်၍ နိုင်ငံတော်အလံတင်ခြင်းနှင့် အလေးပြုခြင်းများဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားအား နံနက်၇နာရီအချိန်တွင် အဆိုပါကွင်း၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းခေတ္တဌာနချုပ်မှူး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် များနှင့် တိုင်း၊ ခရိုင်၊ မြိို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အခမ်းအနားသို့ တက်ရောက်လာသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခဲ့၍ ဂုဏ်ပြုတပ်ဖွဲ့မှသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ပြီးနောက်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ၂ဝ၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကဖတ်ကြားခဲ့ကြောင်းသိရသည်။


Read More...
12-Feb-2023
မြောင်းမြမြို့၊ရွှေဗုဒ္ဓေါစေတီတော်မြတ်ကြီး၌ ကုသိုလ်ယူ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားတိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုအားပေး တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့်ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ
ဘုရားဖူးပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမျှော်ကြည်ညိုနိုင်ရန်အတွက် ဌာနဆိုင်ရာများစုပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိသည့် မြောင်းမြမြို့၊ ရွှေဗုဒ္ဓေါစေတီတော်မြတ်ကြီးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကသွားရောက်၍ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ဂေါပကအ ဖွဲ့ထံအလှူငွေများပေးအပ်လှူဒါန်းခဲ့ကြပြီး တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ပြည်သူများ၏ စေတီတော်မြတ်ကြီးအား  ရောင်တော်ဖွင့်ခြင်း၊ ရေသပ္ပာယ်ခြင်းနှင့် ရင်ပြင်တော်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)၌ ပြုလုပ်သည့် သတ္တမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲသို့ တက်ရောက်၍“မောင်တို့မယ်တို့သည် အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များဖြစ်လာကြမှာဖြစ်ပါကြောင်း၊ မောင်မယ်တို့တွေသည် ခေတ်မီသည့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူများဆီ အရောက်ဖြန့်ဝေပေးကြရမှာဖြစ်ပြီး တောင်သူများ၏လူမှုစီးပွားဘဝ မြင့်မားလာစေရေး မြှင့်တင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး နိုင်ငံ့စပါးကျီဖြစ် သည့်အားလျော်စွာ စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေရေး၊ ပန်းတိုင်အထွက်နှုန်းများရရှိစေရေး မောင်တို့မယ်တို့အင်အားများဖြင့် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊  မောင်မယ်တို့အနေဖြင့် စိုက်ပျိုးရေးဒီပလိုမာများရရှိကြပြီး လုပ်ငန်းခွင်ဝင်ရောက်မည့်သူများ၊ တက္ကသိုလ်ဝင်ခွင့်ရရှိသူများဖြစ်၍ မိမိတို့တတ်မြောက်ထားသည့်ပညာရပ်များဖြင့် တောင်သူများထံ စိုက်ပျိုးရေးနည်းစနစ်များဆင့်ပွားဆောင်ရွက်ပေးကြရန်၊ မိရိုးဖလာစိုက်ပျိုးရေးနည်းစနစ် များအပြင် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များစဉ်ဆက်မပြက်လေ့လာ၍ စိုက်ပျိုးရေးလုပ်ငန်းများပိုမိုတိုးတက်လာစေရေးကြိုးစားဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင်မွေးမြူရေးလုပ်ငန်းများကိုပူးတွဲဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် နိုင်ငံတော်နှင့်တောင်သူများ အားထားရသော စိုက်ပျိုးရေးပညာရှင်များဖြစ်လာစေရေးကြိုးစားဆောင်ရွက်ကြရန် ”လုပ်ငန်း ခွင်ဝင် အမှာစကားများပြောကြားခဲ့ပြီး ကျောင်းဆင်း မောင်၊မယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့သည်။  စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)၏ သတ္တမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲတွင် ကျောင်းသားကျောင်းသူ ၁၁၄ဦးအား စိုက်ပျိုးရေးဒီပလိုမာများအပ်နှင်းပေးနိုင်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ပညာရတနာခန်းမ၌ ပြုလုပ်သည့်၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားအား တက်ရောက်ခဲ့ရာ  မြောင်းမြမြို့နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ပြီးနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရေးအားပေးစကားများပြောကြားခဲ့ပြီးတက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအတွက်  ထောက်ပံ့ငွေများအား မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ကာ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝါးခယ်မြို့နယ်၊ရွှေခယ်သိရိအားကစားခန်းမ၌ ပြုလုပ်သည့်၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားအား တက်ရောက်ခဲ့ကာမြို့နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရေးအားပေးစကားများဆက်လက်ပြောကြားခဲ့ပါသည်။ ထို့နောက်  တိုင်းဒေသကြီးပညာရေးမှူးမှ အောင်ချက်မြင့်မားရေးအတွက်ကျောင်းသားကျောင်းသူများလေ့လာကျက်မှတ်ရေးနည်းလမ်းများရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအတွက်  ထောက်ပံ့ငွေများအား မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ပြီး ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။ အလားတူ အိမ်မဲမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ပြုလုပ်သည့်၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားအား တက်ရောက်ခဲ့ကာမြို့နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရေးအားပေးစကားများ ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့နောက်  တိုင်းဒေသကြီးပညာရေးမှူးမှ အောင်ချက်မြင့်မားရေးအတွက်ကျောင်းသားကျောင်းသူများလေ့လာကျက်မှတ်ရေးနည်းလမ်းများရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအတွက်  ထောက်ပံ့ငွေများအား မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ပြီး ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။ အဆိုပါ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားများတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ပညာရေးကိုလိုလားကြသည့် ကျောင်းသားကျောင်းသူများ၊ မိဘများ၊ဆရာ၊ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များအား ယခုကဲ့သို့စုစည်းတွေ့ရှိရခြင်းကြောင့် မိမိတို့အနေဖြင့်များစွာဝမ်းသာအားရမိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ပညာသင်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီးသည် အောင်ချက်အကောင်းဆုံး ၅၂.၁၆ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ပြီး ယခုပညာသင်နှစ်တွင်ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရေခံမြေခံ ကောင်းမွန်ပြီး လူ့စွမ်းအားအရင်းအမြစ်များစွာမွေးထုတ်ပေးနိုင်သည့် အလားအလာကောင်းများရှိနေပါကြောင်း ၊ ယခုပညာသင်နှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲ စနစ်ဟောင်း၏ နောက်ဆုံးအခွင့်အရေးဖြစ်သောကြောင့် ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင်တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားစေရေးအတွက် တက္ကသိုလ် ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်ဘာသာရပ်ဆိုင်ရာသိကောင်းများဆွေးနွေးပွဲများပြုလုပ်ပေးခဲ့ပါကြောင်း၊ ကျောင်းတွင်း၊ ပြင်ပဖြေဆိုမည့်ကျောင်းသားကျောင်းသူများအတွက် ပုံမှန် ကျောင်းတက်ရက်များတွင်အချိန်ပိုသင်ကြားပေးခြင်းအပြင် စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်များပါ အချိန်ပိုသင်ကြားပေးလျက်ရှိပါကြောင်း၊ ကျောင်းသားမိဘများက မိမိတို့၏သားသမီးများအား ၏ရည်မှန်းချက်များအကောင်အထည်ဖော်နိုင်ရေး အခွင့်အရေးပေးရန်လိုပါကြောင်း၊ကျောင်းသား၊ကျောင်းသူများအနေဖြင့်လည်း အောင်စိတ်မွေး၍ အောင်မြင်စေရေးအစွမ်းကုန်ကြိုးစားကြစေလိုပါကြောင်း၊ကျန်းမာရေးကိုလည်းအထူးဂရုပြုကြရန်၊ ကြိုတင်ပြင်ဆင်မှုကောင်းကောင်းဖြင့်ရိုးရိုးသားသားကြိုးကြိုးစားစားဖြေဆိုကြရန်၊ ဘာသာရပ်များကို စနစ်တကျလေ့လာကျက်မှတ်ကြရန်နှင့် ဂုဏ်ထူးပေါင်းများစွာဖြင့်ရာနှုန်းပြည့်အောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန်”အားပေးစကားများပြောကြားခဲ့ကြောင်းသိရသည်။ မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြမြို့နယ်၊ဝါးခယ်မမြို့နယ်၊ အိမ်မဲမြို့နယ်တို့တွင် ၂ ၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆို ကြမည့် ကျောင်းသား ကျောင်းသူ ကျောင်းတွင်းဖြေ ၁၁၈၈  ဦး၊ ပြင်ပဖြေ  ၁၇၈၀ ဦး၊ စုစုပေါင်း ၂၉၆၈ဦးရှိကြောင်းသိရသည်။


Read More...
11-Feb-2023
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းနှင့်ခရိုင်အလိုက်ဒေသထွက်ကုန်ပြခန်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်းနှင့်ခရိုင်အလိုက်ဒေသထွက်ကုန်ပြခန်းများ ဖွင့်ပွဲအား ယနေ့ညနေပိုင်းက ပြည်ထောင်စုကွင်း (ကန်သာယာ)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် ပြခန်းတာဝန်ခံများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့နှင့်အတူဖဲကြိုးဖြတ်  ဖွင့်လှစ်ပေးပြီး ပြခန်းများအားလှည့်လည်ကြည့်ရှုအားပေးသည်။ ဦးစွာ ခရိုင်၈ခရိုင်မှ ခင်းကြင်းပြသထားသည့်ဒေသထွက်ကုန်ပြခန်းများ အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက်ကုန်များပိုမိုထုတ်လုပ်စေရေး၊ စားသောက်ကုန်များကိုလည်း ပြည်တွင်းသာမကပြည်ပစျေးကွက်များတွင် ထိုးဖောက်ဝင်ရောက်နိုင်စေရေး၊ ထုတ်ပိုးမှု ပိုမိုသေသပ်ကျနစေရေး၊ ထုတ်လုပ်မှုစနစ်များအဆင့်မြှင့်တင်နိုင်ရေးကြိုးစားကြရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဌာနဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှု၍ သက်ဆိုင်ရာဌာနအလိုက်ခင်းကျင်းပြသထားရှိမှုများအား စိတ်ဝင်တစားမေးမြန်းဆွေးနွေးခဲ့ပြီးပြခန်း တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုမျအပေါ် လိုအပ်သည်များဖြည့်စွက်ပြောကြားခဲ့သည်။ အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းနှင့် ခရိုင်အလိုက်ဒေသထွက်ကုန် ပြပွဲများအား ယနေ့မှစ၍ ဖေဖော်ဝါရီလ ၁၃ရက်နေ့နံနက်ပိုင်းအထိ ပြသသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများနှင့် ခရိုင်၈ခရိုင်မှပြခန်းများအပါအဝင် ပြခန်း(၆၂)ခန်းပါဝင်ပြသွားမည်ဖြစ်ပြီး လာရောက်ကြည့်ရှုသူများနှင့်စည်ကားလျက်ရှိကြောင်းသိရသည်။


Read More...
10-Feb-2023