သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားတက်ရောက်
Read More...
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို ပုသိမ်မြို့အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ယခုလ၂၃ ရက်နေ့မှ ဇွန်လ၂ရက်နေ့အထိ သတ်မှတ်ထားပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ် ကူးပြောင်းမှုနှင့် အောင်ချက်မြင့်မားသော တိုင်းဒေသကြီးဖြစ်ပြီး ပညာတတ် လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ရာ တိုင်းဒေသကြီးလည်း ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးအတွက် မိဘ၊ ဆရာ၊ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် အကြောင်းကြောင်းကြောင့် အတန်းစဉ်ကူးပြောင်းမှုများ မကျန်ရှိစေရေးပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူရာတွင်အခက်အခဲမရှိစေရေးနှင့် ကျောင်းနေနိုင်ရေးအတွက် နိုင်ငံတော်က အခမဲ့ပညာသင်ကြားရေးစနစ်ဖြင့် ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ အနာဂတ်အိမ်မက်များကို အကောင်အထည်ဖော်ခွင့် ရရှိသည့်အတွက် မိဘများနှင့် သင်ကြားပေးကြသည့် ဆရာ၊ ဆရာမများအနေဖြင့်လည်း ဝမ်းသာပီတိဖြစ်ရမည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းတက်ရောက်စေရေး၊ အသိပညာ အတတ်ပညာနှင့်ပြည့်စုံသော ဗလငါးတန်နှင့်ပြည့်စုံသော လူငယ် လူရွယ်များ ဖြစ်စေရေး ပြုစုပျိုးထောင်ပေးရမည်ဖြစ်ကြောင်း ”အမှာစကားများပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များကိုလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်များကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီးက မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် ခဲတံများ၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ခဲတံနှင့် ဘော့ပင်များကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ပုသိမ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ ဇာတိမာန်” သီချင်းဖြင့် သီဆိုဂုဏ်ပြုနှုတ်ဆက်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၏ ခရိုင်(၈)ခရိုင်မှ ကျောင်းအပ်နှံရေးလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
Read More...
25-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၃/၂၀၂၄)တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာ အရည်အသွေး မြှင့်အထောက်အကူပြုဆွေးနွေးပွဲ (၃/၂၀၂၄)ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်ပညာရေးဒီဂရီ ကောလိပ်မှ ဆရာ၊ ဆရာမများနှင့်တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားအား တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများက ပုသိမ် ပညာရေးဒီဂရီကောလိပ်သီချင်းဖြင့် စုပေါင်းသီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းရှိ ပညာရေးဒီဂရီကောလိပ်များတွင် တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာများ၏အရည်အသွေးများ မြင့်မားတိုးတက်လာစေရန်အတွက် ယခုကဲ့သို့ ဆွေးနွေးများ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ကျေးလက်နေလူဦးရေ (၈၅)ရာခိုင်နှုန်းကျော်ရှိပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကလေးငယ်များအား ကျောင်းနေပျော်၍ စာတော် အောင်သင်ကြား ပေးကြရမည်ဖြစ်ပြီး အနာဂတ်နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်မည့် လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာအောင် ပြုစုပျိုးထောင် ပေးရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ကလေးငယ်များ၏ စံနမူနာပြ လက်ဦးဆရာများဖြစ်ပြီး စေတနာ၊ ဝါသနာ၊ အနစ်နာအရင်းခံ၍ မိမိတို့၏ တပည့်များကို သင်ကြား ပေးနေသူ များဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ခေတ်နှင့်အညီပြောင်းလဲလာသော ပညာရေးစနစ်ကို အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများဖြစ်ပါကြောင်း၊ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည် အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲသည် များစွာအကျိုးရှိသည့် ဆွေးနွေးပွဲဖြစ်ပြီး ရရှိသည့် အချိန်တွင် ကြိုးစားဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး စာသင်ကျောင်းသို့ရောက်ရှိရေး၊ ပညာသင်နှစ်ပြီးဆုံးသည်အထိ ပညာသင်ကြားရေးအတွက် ဆရာ၊ ဆရာမအားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားများ ပြောကြားပြီး သင်တန်းအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ ပုသိမ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။
ထို့နောက် ပုသိမ်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက ဆွေးနွေးပွဲတက်ရောက် နေသော တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများစာရင်းနှင့် ဆွေးနွေးပေးမည့် ဘာသာရပ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှု အားပေးခဲ့သည်။
ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် တိုင်းရင်းသားဘာသာစာပေသင် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ(၃/၂၀၂၄)အား ယခုလ(၂၀)ရက်နေ့မှ (၃၁)ရက်နေ့ထိ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များမှ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမ (၄၂၀)ဦး တက်ရောက်လျက်ရှိသည်။
Read More...
24-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာရှိ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မြောင်းမြမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ကုန်းသာကျေးရွာမှ ဘုရားနီ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်း အရှည် (၅၆၃၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု(၈)လက်မ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မြို့ဟောင်းကျေးရွာရှိ မြောင်းမြမြို့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မုခ်ဦးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းကျောက်စာအား နံ့သာရည်ဖြင့် ပက်ဖြန်းပေးခဲ့ကာ ကရင်ဒုံးယိမ်းအကအဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်း (မြို့မ)သို့လည်းကောင်း၊ အမှတ်(၂၄)အခြေခံပညာ မူလတန်းကျောင်းသို့လည်းကောင်း သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းအပ် လက်ခံနေမှုများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ၊ သင်ကြားရေးအထောက်အကူပြု စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာပစ္စည်းများ အခမဲ့ထောက်ပံ့ပေးအပ်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
Read More...
23-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြပညာရေးဒီဂရီကောလိပ်တွင် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၃/၂၀၂၄)သို့ တက်ရောက်အားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မြောင်းမြပညာရေး ဒီဂရီကောလိပ်၊ မြရတုခန်းမတွင် ပြုလုပ်သည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၃/၂၀၂၄)သို့ တက်ရောက်ခဲ့သည်။
ဦးစွာ အခမ်းအနားအား တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများက မြောင်းမြပညာရေးဒီဂရီကောလိပ်သီချင်းဖြင့် စုပေါင်းသီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာများသည် အခြေခံပညာကျောင်း များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသူများဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာများခန့်အပ်သည့်အတွက် တိုင်းရင်းသားများပညာသင်ယူမှုတွင် များစွာအထောက်အကူပြုပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာအောင် တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာများအပါအဝင် ဆရာ၊ ဆရာမ အားလုံးက ပြုစုပျိုးထောင် ပေးရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာများသည် ကလေးငယ်များ၏ စံနမူနာပြ လက်ဦးဆရာများဖြစ်ရာ ဝတ်စားဆင်ယင်မှုမှစ၍ အထူးဂရုပြုရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ရည်မှန်းချက်များအောင်မြင်အောင် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ပညာရေးကဏ္ဍနှင့် တိုင်းရင်းသား များ၏ ပညာသင်ကြားနိုင်မှုအခွင့်အလမ်းများ ပိုမိုတိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။
ထို့နောက် မြို့နယ်အလိုက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် ဆရာ၊ ဆရာမများနှင့် မိတ်ဆက်ပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးကလက်ခံရယူခဲ့သည်။ တိုင်းရင်းသားဘာသာစာပေသင် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူ ပြုဆွေးနွေးပွဲ(၃/၂၀၂၄)အား (၂၀.၅.၂၀၂၄)ရက်နေ့မှ (၂၉.၅.၂၀၂၄) ရက်နေ့ထိ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များမှ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမ (၃၂၇)ဦး တက်ရောက်လျက်ရှိပါသည်။
Read More...
23-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မြောင်းမြမြို့တွင် ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းအပ်လက်လက်ခံနေမှုများကိုကြည့်ရှုအားပေး၊ မြောင်းမြမြို့၊ သာသနာ့ဗိမာန်အကြီးစားပြုပြင်တည်ဆောက်ပြီးစီးခြင်း ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းအပ် လက်ခံနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ KG တန်းမှ ဒွါဒသမတန်း (Grade-12) အထိ ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းအပ်လက်ခံနေမှုများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ၊ သင်ကြားရေးအထောက်အကူပြုစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ အခမဲ့ထောက်ပံ့ပေးအပ်နေမှုများကို ကြည်ရှု့အားပေးပြီး ကျောင်းသား၊ ကျောင်းသူများ အတန်းစဉ်ကူးပြောင်းမှုများ မကျန်ရှိစေရေးအတွက်အောင်ချက်စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးကာ ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် မိဘများက ပူးပေါင်းဆောင်ရွက်ကြစေရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးတာဝန်ရှိသူ များအား မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်အကြီးစားပြုပြင် တည်ဆောက်ပြီးစီးခြင်း ရေစက်ချ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ မတည်အလှူရှင်နှင့် တာဝန်ရှိသူများက ဗိမာန်တော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်၍ သာသနာ့ဗိမာန်အကြီးစားပြုပြင်တည်ဆောက်ပြီးစီးခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားကိုပြုလုပ်ရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) မြောင်းမြမြို့၊ ဇေယျမေဒနီစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒဝရ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာသုတ်”ပရိတ်တရားတော်ကို ဆက်လက်နာယူကြည်ညိုကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး မတည်အလှူရှင် ဦးတင့်ဆန်း (ပြည်ထောင်စုဝန်ကြီး - အငြိမ်းစား) မှ သာသနာ့ ဗိမ္မာန် ဆောက်လုပ်ပြီးစီးမှုနှင့်စပ်လျဉ်း၍ ကျေးဇူးတင်ပီတိစကားများ ဆက်လက်လျှောက်ထားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များနှင့် အလှူရှင် များက ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။ ယင်းနောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မြောင်းမြမြို့၊ အလယ်တောရကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာသီဟ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အနုမောဒနာ တရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။
Read More...
23-May-2024