သတင်းများ


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာ၌ ပြုလုပ်သည့် မိုးစပါးစံကွက် ရိတ်သိမ်းနေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့ညနေပိုင်းက မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သဲကုန်းကျေးရွာ၊ တောင်သူ ဦးရွှေပွား၏ လယ်မြေ(၅)ဧကတွင် နယူးဧရာ မျိုးစပါး ရိတ်သိမ်းနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ​ဒေသခံ ​တောင်သူများနှင့် ရင်းရင်းနှီးနှီး​တွေ့ဆုံခဲ့ပါသည်။ အဆိုပါ တောင်သူ ဦးရွှေပွား၏ လယ်မြေမှ နယူးဧရာမျိုးစပါး(၁)ဧကလျှင် စပါးအ​ခြောက်(၁၂၂.၄၇)တင်း ထွက်ရှိခဲ့ပါသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြမြို့နယ်၊ လေးအိမ်တန်း ကျေးရွာရှိ တောင်သူဦးကံမြင့်၏ လယ်မြေ(၅)ဧက၌ နွေစပါးတစ်ဧက (၁၀)တင်းပိုမို တိုးတက်ထွက်ရှိရေးအတွက် နယူးဧရာ(၁)မျိုးစပါး နွေစပါးစုပေါင်းကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ မိုးစပါးစိုက်ပျိုး ထွက်ရှိခဲ့မှုအခြေအနေများ၊ စပါးဈေးနှုန်းရရှိမှုအခြေအနေများအား ​မေးမြန်းခဲ့ပြီး ​မြေစီလွှာဖွံ့ဖြိုးတိုးတက်​ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်း စိုက်ပျိုးကြရန်နှင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


Read More...
06-Nov-2023
​​မြောင်းမြမြို့တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်၊ ဆီထွက်သီးနှံ(နေကြာ)နှင့် နယူးဧရာမျိုးစပါးများပေးအပ်ပွဲ အခမ်းအနားကျင်းပ
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မြောင်းမြခရိုင်၊ မြောင်းမြမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းရာသီတွင်စိုက်ပျိုးမည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်၊ ဆီထွက်သီးနှံ(နေကြာ)နှင့် နယူးဧရာမျိုးစပါးများပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်၍ “  လာမည့် ၂၀၂၄ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်းအား ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်၍ ပိုက်ဆံလျှော် မျိုးစေ့ ထုတ်စိုက်ပျိုးနိုင်ရေး တောင်သူများအား မျိုးစေ့များထောက်ပံ့ ပေးခြင်းဖြစ်ပါကြောင်း၊ ပိုက်ဆံ​လျှော်မျိုး​စေ့များ လုံ​လောက်စွာရရှိ​ရေးအတွက် တောင်သူများအနေဖြင့်လည်း အဖွဲ့လိုက်စုပေါင်းစနစ်ဖြင့် စနစ်တကျစိုက်ပျိုး၍ ရှင်သန်ဖြစ်ထွန်းစေရန်နှင့် မျိုးစေ့များရရှိစေရေး ဆောင်ရွက်ကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီးသည်စိုက်ပျိုးရေးစံပြတိုင်းဖြစ်စေရေးအတွက် ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးကြိုးစားဆောင်ရွက်လျက်ရှိရာ မိုးစပါးပန်းတိုင်အထွက်နှုန်းမရောက်သေးမီကာလအကြား ရည်မှန်းချက်အနေဖြင့်တစ်ဧက(၁၀)တင်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် စိုက်ပျိုးရေးပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတွေ့ဆုံ၍ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်၍ ရလာဒ်များဖော်ထုတ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မိုးစပါးများတိုးတက်ထွက်ရှိခဲ့သည်ကို တွေ့ရှိနေရပါကြောင်းနှင့် မိုးစပါးသာမက နွေစပါးအပါအဝင် အဓိကသီးနှံများကိုလည်း ပန်းတိုင်အထွက်နှုန်းများရရှိအောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးသည်လည်း စိုက်ပျိုးရေးကိုအဓိကထား ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိုးစပါးနှင့် နွေစပါး(၅၂)သိန်းကျော် စိုက်ပျိုးလျက်ရှိပါကြောင်း၊ တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိစေရေးအတွက်တောင်သူများအားမျိုးစပါးများပြောင်းလဲအသုံးခြင်း၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများအချိုးကျသုံးစွဲခြင်း၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာများ မြေခံထည့်သွင်းစိုက်ပျိုးခြင်းကို ဆောင်ရွက်စေခဲ့ပါကြောင်း၊ ၂၀၂၅ခုနှစ်တွင် တိုင်း​ဟဒသကြီးအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ နေကြာ၊ မြေပဲ၊ နှမ်းစသည့်ဆီထွက် သီးနှံများဖြစ်ထွန်းအောင်မြင်ရေးနှင့် ဆီဖူလုံရေးအတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ နေကြာစိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေးအတွက် အထွက်တိုးနေကြာမျိုးများသုံးစွဲစေရေး၊ စနစ်တကျစိုက်ပျိုးစေရေးဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများပိုမိုအောင်မြင်စေရေးနှင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။  ဆက်လက်၍ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မြေအသုံးချမှု၊ မိုးစပါးစိုက်ဧကနှင့် စပါးထွက်ရှိမှု၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ၊ လယ်ဧကများတွင် စိုက်နည်းစနစ်ပြောင်းလဲစိုက်ပျိုးမှု အခြေအနေများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးဌာန၊ ခရိုင်ဦးစီးဌာနမှူးက ဆောင်းရာသီတွင်စိုက်ပျိုးမည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်၊ ဆီထွက်သီးနှံ(နေကြာ)နှင့် နယူးဧရာမျိုးစပါးများပေးအပ်ရသည့် ရည်ရွယ်ချက်များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။  ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တောင်သူများအား ဝန်ကြီးဌာနမှ စိုက်ပျိုးရေးပညာရှင်များနှင့် မိတ်ဆက်ပေးပြီးနောက် ​​မြေဆီလွှာဖွံ့ဖြိုးတိုးတက်​ရေးအတွက် ​ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဆီထွက်သီးနှံ နေကြာအထွက်တိုး​စေ​ရေးအတွက် မျိုးစေ့ရွေးချယ်စိုက်ပျိုးမှုနည်းလမ်းများနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးခြင်းမှ ရရှိသည့်အကျိုးကျေးဇူးများကို တောင်သူများအား ရှင်းလင်းဖြည့်စွက်ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များမှ တောင်သူများထံသို့ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုး​စေ့၊ နေကြာမျိုး​စေ့၊ မြေပဲမျိုး​စေ့နှင့် နယူးဧရာမျိုးစပါးများပေးအပ်ခဲ့သည်။ ထို့နောက် မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များမှ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က တက်​ရောက်လာကြသည့် ​တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါ​သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြောင်းမြမြို၊ မြရွှေဝါခန်းမ၌ပြုလုပ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍“ ဧရာဝတီတိုင်းဒေသကြီးသည် ကျေးလက်နေပြည်သူများအများဆုံး နေထိုင်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးများ တိုးတက်ဖွံ့ဖြိုးလာပြီး ကျေးလက်နေပြည်သူများအနေဖြင့်လည်း မော်တော်ဆိုင်ကယ်များစီးနင်းအသုံးပြုလာခဲ့ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားလာစေပြီးကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန်စီမံဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့် ကျေးလက်များအကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား  ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းလာစေရေး ဆောင်ရွက်လျှက်ရှိပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှာဖြစ်ပြီး ကျေးလက်နှင့်မြို့ပြနေပြည်သူများ၏ ဝင်ငွေတိုးပွားရေးကို အထောက်အကူဖြစ်မှာ ဖြစ်ပါကြောင်း၊  ထို့ကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းကျေးရွာ (၁၁) ရွာကို ရွေးချယ်ပြီး ဒေသထွက်ကုန်ကြမ်းများအပေါ်မူတည်၍ လည်းကောင်း၊ ကျေးရွာနေပြည်သူများရဲ့ လိုအပ်ချက်အရလည်းကောင်း၊ မြို့ပြနှင့် ကျေးလက်နေငယ်တွေများထဲမှက ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှုမရှိသည့် လူငယ်လူရွယ်များကို ရွေးချယ်၍လည်းကောင်း၊ အိုးမကွာအိမ်မကွာဖြင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ကိုင်ဆောင်ရွက်လိုသည့် လူငယ်များကို ရွေးချယ်၍လည်းကောင်း၊ စီမံကိန်းလုပ်ငန်းအမျိုးအစား (၆) ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့်အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် ကျေးရွာကော်မတီခေါင်းဆောင်များနှင့် အဖွဲ့ဝင်များသည် မိမိနယ်မြေဒေသဖွံ့ဖြိုးတိုးတက်စေရေး၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းအသစ်များ ပေါ်ထွန်းလာစေပြီး စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲစေရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြဖို့တိုက်တွန်း မှာကြားလိုပါကြာင်း”အမှာစကားများပြောကြားသည်။ ဆက်လက်၍ ကန်ကြီးထောင့်မြို့နယ်၊ အနောက်စုကြီးကျေးရွာတွင် ဖွင့်လှစ်သော သစ်အခြေခံပရိဘောဂသင်တန်း၊ မြောင်းမြမြို့နယ်၊ ကညင်ချောင်းကျေးရွာ၊ တောင်ပေါ်စုကျေးရွာများတွင် ဖွင့်လှစ်သော မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကွမ်းခြံချောင်းကျေးရွာတွင် ဖွင့်လှစ်သော မော်တော်ဆိုင်ကယ်ပြုပြင်နည်းသင်တန်းမှ လုပ်ငန်းထူထောင်မည့် သင်တန်းသားများကိုယ်စား သင်တန်းခေါင်းဆောင်တစ်ဦးစီအား ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် လုပ်ငန်းထူထောင်မည့် သင်တန်းသား၊ သင်တန်းသူများကိုယ်စားသင်တန်းသား တစ်ဦးမှ ကျေးဇူးတင်စကားပြောခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။


Read More...
06-Nov-2023
အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ပုသိမ်မြို့တွင်ကျင်းပ
အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြန်မာနိုင်ငံဆရာဝန်အသင်းခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။ ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တိုင်းဒေသကြီးမှ ထွက်ရှိသည့်ကုန်ကြမ်းများအား အခြေခံ၍ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အဓိကထား ဆောင်ရွက်သည့်တိုင်း​ဒေသကြီးဖြစ်ပါကြောင်း၊ ဧရာဝတီပေါ်ဆန်းစပါးနှင့် ပတ်သက်၍ မူပိုင်ခွင့်များရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဓာတုကင်းလွတ်ပေါ်ဆန်းများလည်း စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပီလောပီနံစိုက်ခင်းများ စိုက်ပျိုး၍ ကုန်ကြမ်းများထုတ်လုပ်ခြင်း၊ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပသွင်းကုန်များအစားထိုးနိုင်​ရေးနှင့် ပြည်ပသို့ပို့ကုန်များတိုးမြှင့်နိုင်​ရေး ကြိုးစား​ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပဲမျိုးစုံ ဧက(၁၆)သိန်းကျော်စိုက်ပျိုးလျက်ရှိပြီး ၂၀၂၅ခုနှစ်တွင် တိုင်း​ဒေသကြီးအတွင်း ဆီဖူလုံရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး၊ နွေစပါး ဧက(၅၂)သိန်းကျော်စိုက်ပျိုးပြီး စပါးတင်းသိန်းပေါင်းလေးထောင်ကျော် ထွက်ရှိသည့်တိုင်းဒေသကြီးလည်း ဖြစ်ပါကြောင်း၊ ပုသိမ်ထီးလုပ်ငန်းများလည်းရှိပြီး ပြည်တွင်းပြည်ပဈေးကွက်များအထိ တင်ပို့ဆောင်ရွက်နိုင်ရေး ဆောက်ရွက်လျက်ရှိပါကြောင်း၊ ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များအား ပြည်ပကိုတင်ပို့ရောင်းချရာတွင် အရည်အသွေး၊ အရေအတွက်ပိုင်းများတွင် လိုအပ်နေသေးပြီး ပြည်ပဝယ်လက်နိုင်ငံများမှ လိုအပ်သည့် အရည်အသွေးမျိုးထုတ်လုပ်တင်ပို့နိုင်ဖို့လိုပါကြေင်း၊ သို့မှသာဈေးကောင်းရရှိပြီး ပြည်ပဝင်ငွေတိုးကာ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊  စိုက်ပျိုးရေးထွက်ကုန်များထဲမှ ပုံမှန်တင်ပို့နေသည့်  အမယ်များအပြင် ပြည်ပတင်ပို့နိုင်မယ့် အလားအလာရှိသည့် အမယ်သစ်များကိုလည်း MSME လုပ်ငန်းများမှ တဆင့်ထုတ်လုပ်ပြီး ပြည်ပဈေးကွက်တွေနဲ့ ချိတ်ဆက်ကာတိုးချဲ့တင်ပို့နိုင်ဖို့လည်းလိုအပ်ပါကြောင်း၊  ထို့အတူ ထုတ်လုပ်မှုပိုင်းတွင်လည်း ပြည်တွင်းစားသုံးရန်အတွက်သာမက ပြည်ပတင်ပို့ရောင်းချနိုင်ဖို့အထိ ရည်ရွယ်ပြီး ထုတ်ကုန်ဒီဇိုင်း ၊ ထုတ်ပိုးမှုပုံစံ၊ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များ၊ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ ထုတ်ကုန်မူပိုင်ခွင့် စသည်များကို နိုင်ငံတကာအဆင့်မီ တိုးချဲ့ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊  ပြည်ပကို တင်ပို့ရောင်းချရာတွင်လည်း ကုန်ကြမ်းအတိုင်း တင်ပို့ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အဆင့်မြှင့်ထုတ်လုပ်ပြီး တင်ပို့ရောင်းချနိုင်မည်ဆိုပါက အကျိုးအမြတ် ပိုမိုရရှိမှာဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် တိုင်းဒေသကြီးအတွက် အကျိုးရှိသည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်တစ်ခုဖြစ်ပြီး ​ဆွေး​နွေးပွဲမှရရှိသည့် ရလဒ်များကိုလည်း ပညာရှင်များ၊ သု​တေသနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၏ ပူး​ပေါင်း​ဆောင်ရွက်မှုအားဖြင့် တိုင်း​ဒေသကြီးမှ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်​ရေး၊ ပြည်ပပို့ကုန်များတိုးမြှင့်တင်ပို့နိုင်​ရေးအတွက်  ဝိုင်းဝန်းပူးပေါင်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း" အဖွင့်အမှာစကားများပြောကြားသည်။  ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အလုပ်ရုံဆွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဧည့်သည်တော်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။


Read More...
06-Nov-2023
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ကျုံကူးကျေးရွာနှင့်အနီးပတ်ဝန်းကျင်းကျေးရွာများမှဒေသခံပြည်သူများအားမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက်တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ နယ်လှည့်အထူးကု ဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည်ယနေ့တွင် ကျုံကူးကျေးရွာအုပ်၊ကျုံကူးကျေးရွာသို့ရောက်ရှိ၍ ကျုံကူးကျေးရွာစိတ္တသုခဘုန်းတော်ကြီးကျောင်းတွင်အခြေပြု၍အနီးပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူ (၁၀၆၅)ဦးအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ထို့သို့ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ခဲ့ပြီး ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကြည့်ရှုအားပေးခဲ့ပြီး တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆေးဝါးနှင့်ထောက်ပံ့ငွေများအားလည်းကောင်း၊ တိုင်းမှူးမှ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိတ္တသုခကျောင်းထိုင်ဆရာတော်အားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ၊ ဆေးကုသမှုဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများတင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြသည်။  တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ဆေးကုသမှုဆိုင်ရာရောဂါ (၃၄၀) ဦး၊ ခွဲစိတ်ရောဂါ (၈၇)ဦး၊ သားဖွား/ မီးယပ်ရောဂါ (၅၂)ဦး၊ ကလေးရောဂါ (၅၅)ဦး၊ အရိုးရောဂါ (၁၂၀ )ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ (၆၅)ဦး၊ မျက်စိရောဂါ (၂၄၇)ဦးနှင့် သွားနှင့်ခံတွင်းရောဂါ (၉၉)ဦးတို့အားဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းဖြင့်စမ်းသပ်စစ်ဆေးပေးခြင်း၊ ECG ဖြင့် နှလုံးစမ်းသပ်စစ် ဆေးပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်လူနာများအားရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများဆောင်ရွက်ပေးခဲ့ပြီး ၄.၁၁.၂၀၂၃ရက် နေ့မှ ၅.၁၁.၂၀၂၃ ရက်နေ့အထိ နှစ်ရက်တိုင်တိုင်ကုသပေးသွားမှာ ဖြစ်ကြောင်းသိရသည်။


Read More...
05-Nov-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံပညာ အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများသင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအရည်အသွေးမြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းနားသို့ တက်ရောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများသူများနှင့်တူ ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ပြုလုပ်သည့် အခြေခံပညာ အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများသင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအရည်အသွေးမြှင့် ဆွေးနွေးပွဲဖွင့်ပွဲအခမ်းနားသို့ တက်ရောက်၍“ အခြေခံပညာ အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများသင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအရည်အသွေးမြှင့် ဆွေးနွေးပွဲကိုနှစ်ရက်တာပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်တွင်လည်း ယခုကဲ့သို့ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒဘာသာရပ်များကို သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအတွက် တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက လက်တွေ့ပြသကာ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် တိုင်းဒေသကြီးအတွင်း ဇုန်(၃)ဇုန်ခွဲ၍ တက္ကသိုလ်များမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများမှ ဘာသာရပ်အလိုက် အခြေခံပညာအထက်တန်းအဆင့် ဆရာ/ဆရာမများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ပြင်ပဖြေကျောင်းသားကျောင်းသူများ အားလုံးဖြေဆိုအောင်မြင်စေရေးနှင့် အောင်ချက်မြင့်မားစေရေး ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်လူရွယ်များအဖြစ် ပေါ်လာရေးအတွက် တစ်ဖက်မှလည်း ဝိုင်းဝန်းကြိုးပမ်းရန်လိုအပ်သကဲ့သို့ တစ်ဖက်မှလည်း ကလေးငယ်များ၏ ပညာရေး၊ အားကစားနှင့် အနုပညာပိုင်းဆိုင်ရာကိုလည်း မြှင့်တင်ပေးရမှာဖြစ်ပါကြောင်း၊  ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒဘာသာရပ်များနှင့်ပတ်သက်၍ တက္ကသိုလ်မှလာရောက်ပို့ချပေးသည့် ဆရာကြီး၊ ဆရာမကြီးများ၏ ပို့ချချက်များကို အာရုံစူးစိုက်မှတ်သားဆွေးနွေးပေးကြစေလိုကြောင်းနှင့် မိမိတို့တာဝန်ကျရာဒေသသို့ပြန်လည်ရောက်ရှိသည့် အခါတွင်လည်းကျောင်းသားကျောင်းသူများ ပိုမိုတတ်မြောက်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း”အမှာစကားများပြောကြားသည်။  ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။


Read More...
04-Nov-2023