သတင်းများ


ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်​ကျေးရွာတွင် ကျင်းပပြုလုပ်သည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဒေသခံ​တောင်သူများနှင့်​တွေ့ဆုံပွဲသို့ တိုင်း​ဒေသကြီးဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယ​နေ့နံနက်ပိုင်းတွင် ​ကျုံ​ပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ​ဒေါင့်မ​ဒေါ့​ကျေးရွာအုပ်စု၊ ​တောင်သူ ဦးမြင့်သိန်း၏ ပျဥ်းကတိုး၊ ကျွန်း၊ ယူကလစ်၊ မ​ဟော်ဂနီ၊ ပြည်လုံးချမ်းသာ၊ မန်ဂျန်ရှား နှစ်ရှည်ပင် သစ်​တောစိုက်ခင်း(၁၂)ဧက ကြားတွင် ​ကော်ဖီသီးနှံ သီးညှပ်စိုက်ပျိုးဖြစ်ထွန်း​နေမှုများအား ကြည့်ရှုအား​ပေးခဲ့ပါသည်။ ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ​ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်​ကျေးရွာအုပ်စုရှိ ​တောင်သူဦးမြင့်သိန်း၏ လယ်​မြေ(၂)ဧကတွင်ကျင်းပပြုလုပ်သည့် နယူးဧရာ(၁)မျိုးစပါး မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့တက်​ရောက်အား​ပေးခဲ့ပါသည်။ အဆိုပါ တောင်သူ ဦးမြင့်သိန်း၏ လယ်မြေမှ နယူးဧရာ(၁)မျိုးစပါး (၁)ဧကလျှင် စပါးအ​ခြောက်(၁၀၅.၄)တင်း ထွက်ရှိခဲ့ပါသည်။  ဆက်လက်၍ အဆိုပါလယ်​မြေတွင် ​​ဒေသခံ​တောင်သူများနှင့် ​တွေ့ဆုံပွဲအား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်း​ဒေသကြီးသည် စိုက်ပျိုး​ရေးတိုင်း​ဒေသကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ စပါးကျီဟုတင်စားရသည့် တိုင်း​ဒေသကြီးဖြစ်ပါ​ကြောင်း၊ မိုးစပါး​၊​ နွေစပါးစိုက်ပျိုးဧက(၅၂)သိန်း​ကျော်ရှိပြီး စပါးတင်းသိန်း​ပေါင်း ​လေး​ထောင်​ကျော်ထွက်ရှိပါ​ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီမှစ၍ တစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆွေးနွေးပွဲများပြုလုပ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းအဖြစ် မိုးစပါး တစ်ဧကလျှင် တင်း ၁၀၀ နှုန်းနှင့် ​နွေစပါး တစ်ဧကလျှင် တင်း ၁၁၀ နှုန်းရည်မှန်းချက်ထားရှိပါ​ကြောင်း၊ ယခုနှစ်သည် ​နွေစပါး ပန်းတိုင်အထွက်နှုန်း​ရောက်ရှိရမည့်နှစ်ဖြစ်ပါ​ကြောင်း၊ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိ​အောင်​ဆောင်ရွက်ရမည်ဖြစ်ပါ​ကြောင်း၊ ၂၀၂၄ ခုနှစ်မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်းတွင် သစ်စိမ်း​မြေဩဇာ ပိုက်ဆံလျှော်များ ထည့်သွင်း စိုက်ပျိုး​နိုင်​ရေးအတွက် မျိုး​စေ့ထုတ်ရန် ပိုက်ဆံ​လျှော်မျို့စေ့များ ​ထောက်ပံ့ပေးအပ်ထားပါ​ကြောင်း၊ ​တောင်သူများမှ အုပ်စုအလိုက်၊ ကွင်းအလိုက် စုဖွဲ့၍ မျိုး​စေ့ထုတ်​ဆောင်ရွက်ရမှာဖြစ်ပါ​ကြောင်း၊ မြေဆီလွှာပျက်စီးမှုများကို ပြန်လည်ကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေဩဇာများ ထည့်သွင်းစိုက်ပျိုးခြင်း၊ ဓါတ်​မြေဩဇာသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် တောင်သူများ၏ သွင်းအားစုများ​ကုန်ကျစရိတ်များသက်သာ​စေ​ရေးအတွက် ဆောင်ရွက်ခြင်းလည်းဖြစ်ပါကြောင်း၊ တိုင်း​ဒေသကြီးအတွင်း စားသုံးဆီအပြည့်အဝအဖူလုံစေရေးအတွက် မြေပဲ၊ နှမ်းအပြင် ဆီထွက်သီးနှံနေကြာများကို တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ နေကြာစိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေးအတွက် အထွက်တိုးနေကြာမျိုးများသုံးစွဲစေရေး၊ စနစ်တကျစိုက်ပျိုးစေရေးကိုလည်းဆောင်ရွက်ရန်လိုပါကြောင်း၊ ​နေကြာစိုက်ပျိုးရာတွင် များစွာအ​ထောင်အကူပြုသည့် ပျား​မွေးမြူ​ရေးလုပ်ငန်းကိုလည်း​ဆောင်ရွက်ကြရန်လို​ကြောင်း၊ ပျား​မွေးမြူ​ရေးလုပ်ငန်းမှလည်း ​ပျားရည်ရရှိ၍ တောင်သူများအတွက် ဝင်​ငွေများရရှိမှာဖြစ်​ကြောင်း၊ ​တောင်သူကြီးများအ​နေဖြင့် စိုက်ပျိုးသီးနံများပန်းတိုင်အထွက်နှုန်း​ရောက်ရှိ​အောင် ဝိုင်းဝန်းကြိုးစား​ဆောင်ရွက်​ပေး​စေလို​ကြောင်း” အမှာစကားများပြောကြားသည်။ ထို့​နောက် မြန်မာနယူးဧရာစိုက်ပျိုး​ရေးကုမ္ပဏီ မျိုး​စေ့တာဝန်ခံက ကုမ္ပဏီ၏ လုပ်ငန်း​ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့​နောက် တက်​ရောက်လာ​သော​တောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များအား တင်ပြခဲ့ကြရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ပြန်လည်​ဆွေး​နွေး​ဖြေကြားခဲ့ပြီး ဌာနဆိုင်ရာများနှင့်​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့ပါသည်။  ထို့​နောက် လုံခြုံ​ရေးနှင့်နယ်စပ်​ရေးရာဝန်ကြီးက နိုင်ငံ့စီးပွား​မြှင့်တင်​ရေးရန်ပုံ​ငွေဖြင့်​ဆောင်ရွက်သည့် စိုက်ပျိုး​​ရေးလုပ်ငန်းများနှင့် လယ်ယာ​မြေအား ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ လည်း​ကောင်း ​တောင်သူ ဦးမြင့်သိန်းမှ သဘာဝ​မြေသြဇာနှင့် ဓါတ်​မြေဩဇာအသုံးပြုနည်းလမ်းများအားလည်း​ကောင်း ဒေသခံ​တောင်သူများအား အသိပညာ​ပေး​ဆွေး​နွေးခဲ့ကြပါသည်။ ထို့​​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား​ပြောကြားခဲ့ပြီး အခမ်းအနားအားရုတ်သိမ်းခဲ့ပါသည်။ ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွင်းသုံးဆင့်ကျေးရွာ​ ကျောင်းတိုက်ဆရာ​တော် ဥူးပညိန္ဒအား သွား​ရောက်ဖူး​​မြှော်ကြည်ညို၍ ဝတ္ထု​ငွေနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပူ​ဇော်ခဲ့ပြီး သာသနာ​ရေးဆိုင်ရာများ ​လျှောက်ထားခဲ့ပါသည်။


Read More...
12-Nov-2023
အ​ရှေ့​​မြောက်တိုင်းစစ်ဌာနချုပ်နယ်​မြေအတွင်း နိုင်ငံ​တော်လုံခြုံ​ရေးနှင့် ကာကွယ်​ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်း​ဆောင်လျက်ရှိသည့် လုံခြုံ​ရေးတပ်ဖွဲ့ဝင်များအတွက် စား​သောက်ဖွယ်ရာများပေးပို့ရန် ပြင်ဆင်​ဆောင်ရွက်​နေမှုများအား တိုင်း​ဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုအား​ပေး
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်​မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရအဖွဲ့အတွင်း​ရေးမှူး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယ​နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာ​ရွှေဝါခန်းမတွင် အ​ရှေ့​​မြောက်တိုင်းစစ်ဌာနချုပ်နယ်​မြေအတွင်း နိုင်ငံ​တော်လုံခြုံ​ရေးနှင့် ကာကွယ်​ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်း​ဆောင်လျက်ရှိသည့် လုံခြုံ​ရေးတပ်ဖွဲ့ဝင်များအတွက် စား​သောက်ဖွယ်ရာများပေးပို့ရန် ပြင်ဆင်​ဆောင်ရွက်​နေမှုများအား ကြည့်ရှုအား​ပေးခဲ့သည်။ ဦးစွာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်သည် တပ်မ​တော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနဝန်ထမ်းများမှ လုံခြုံ​ရေးတပ်ဖွဲ့ဝင်များအတွက် ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ ဦး​ဆောင်၍ တိုင်း​ဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များမှ စု​ပေါင်း၍ ​ငါးနီတူ​ခြောက်​ကြော်၊ ငါးပိ​ကြော်နှင့် ငံပြာရည်​ကြော် စုစု​ပေါင်း(၁၂၄၂)ပိသာအား ​မော်​တော်ယာဥ်​ပေါ်သို့ တင်​ဆောင်​နေမှုကို ကြည့်ရှအား​ပေးခဲ့ပါသည်။ ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ကျက်သ​ရေ​ဆောင် ​ရွှေမု​ဌောမဟာ​စေတီ​တော်မြတ်ကြီးသို့ သွား​ရောက်ဖူး​မြှော်ကြည်ညိုခဲ့ပြီးခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဌနှင့် ​​ဂေါပအဖွဲ့ဝင်များမှ ဘုရားဖူးဧည့်သည်များ လာ​ရောက်ဖူး​မြှော်ကြည်ညို​နေမှုများ၊ ​ရွှေမု​ဌောမဟာ​စေတီ​တော်မြတ်ကြီး နှင့် အရံ​စေတီ​တော်များအား ​ရွှေသင်္ကန်းကပ်လှူပူ​ဇော်နိုင်ရန် ​ဆောင်ရွက်​​နေမှုအ​ခြေအ​နေများ၊ (၃၆)ကြိမ်​မြောက် မသိုးသင်္ကန်းကပ်လှူပူ​ဇော်ပွဲနှင့် ဆွမ်း​တော်ကြီးကပ်လှူပူ​ဇော်ပွဲအတွက် ယက္ကန်းစင်​တော်ကြီးများ ပြင်ဆင်​ဆောင်ရွက်​ထားမှုများအား လိုက်လံရှင်းလင်းတင်ပြခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ​စေတီ​တော်မြတ်ကြီးအား အများပြည်သူများ စိတ်​အေး ချမ်းသာစွာ ဖူး​​မြှော်ကြည်ညိုနိုင်​ရေး​ဆောင်ရွက်ကြရန်နှင့် သန့်ရှင်း​ရေးလုပ်ငန်းများ စနစ်တကျ​ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။


Read More...
11-Nov-2023
ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင်နှင့် မအူပင်ခရိုင်၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် စပါးမျိုး​စေ့၊ နေကြာမျိုး​စေ့နှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲအခမ်းအနားသို့ တိုင်း​ဒေသကြီးဝန်ကြီးချုပ်တက်ရောက်
၂၀၂၃-၂၀၂၄၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် စပါးမျိုး​စေ့၊ နေကြာမျိုး​စေ့၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ သိရိအဏ္ဏဝါခန်းမ၌ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂၀၂၄ ခုနှစ်မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်းအားထည့်သွင်းစိုက်ပျိုးနိုင်ရန် ပိုက်ဆံလျှော်မျိုးစေ့၊ နွေစပါးအတွက်မျိုးစပါးနှင့် ဆောင်းသီးနှံနေကြာအတွက်မျိုးစေ့များပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီမှစ၍ တစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ပြီးခဲ့သည့် တောင်သူလယ်သမားနေ့တွင် ဆွေးနွေးပွဲများပြုလုပ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းအဖြစ် မိုးစပါး တစ်ဧကလျှင် တင်း ၁၀၀ နှုန်းနှင့် ​နွေစပါး တစ်ဧကလျှင် တင်း ၁၁၀ နှုန်းရည်မှန်းချက်ထားရှိပါ​ကြောင်း၊ ယခင်နှစ်​နွေစပါးအထွက်နှုန်းအရ ယခုနှစ်သည် ​နွေစပါး ပန်းတိုင်အထွက်နှုန်း​ရောက်ရှိရမည့်နှစ်ဖြစ်ပါ​ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ စပါးကျီဖြစ်ပါ​ကြောင်း၊ တိုင်း​ဒေသကြီးအတွင်း စားသုံးဆီအပြည့်အဝအဖူလုံစေရေးအတွက် မြေပဲ၊ နှမ်းအပြင် ဆီထွက်သီးနှံနေကြာများကို တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ နေကြာစိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေးအတွက် အထွက်တိုးနေကြာမျိုးများသုံးစွဲစေရေး၊ စနစ်တကျစိုက်ပျိုးစေရေးကိုလည်းဆောင်ရွက်ရန်လိုပါကြောင်း၊ မြေဆီလွှာပျက်စီးမှုများကို ပြန်လည်ကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေဩဇာများ ထည့်သွင်းစိုက်ပျိုးခြင်း၊ ဓါတ်​မြေဩဇာသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် တောင်သူများ၏ သွင်းအားစုများ​ကုန်ကျစရိတ်များသက်သာ​စေ​ရေးအတွက် ဆောင်ရွက်ခြင်းလည်းဖြစ်ပါကြောင်း၊ ပိုက်‌ဆံလျှော်မျိုးစေ့များအချိန်မီထုတ်လုပ်နိုင်ရန်၊ ဆောင်းသီးနှံစပါးနှင့်နေကြာအချိန်မီစိုက်ပျိုးနိုင်ရန် တောင်သူများထံသို့ ယခုကဲ့သို့မျိုးစေ့များပေးအပ်ခြင်းဖြစ်ပြီး အောင်မြင်အောင်ဝိုင်းဝန်းဆောင်ရွက်ကြိုးပမ်းပေးကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။ ဆက်လက်၍ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်အတွင်းပိုက်ဆံလျှော် (မျိုးစေ့ထုတ်)နှင့် နေကြာစိုက်ပျိုးမှု အခြေအနေများ၊ ၂၀၂၃ခုနှစ် မိုးစပါးစိုက်ပျိုးမှုနှင့် ထွက်ရှိမှု၊ တစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူးက တောင်သူများထံပိုက်ဆံလျှော်မျိုးစေ့၊ နေကြာမျိုးစေ့နှင့် စပါးမျိုးစေ့များ ပေးအပ်ရခြင်းရည်ရွယ်ချက်များနှင့် စိုက်ပျိုးဆောင်ရွက်မည့် အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။  ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များမှ တောင်သူများထံသို့ ပိုက်ဆံလျှော်မျိုးစေ့၊ နေကြာမျိုးစေ့နှင့် စပါးမျိုးစေ့များအားပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးကကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖျာပုံမြို့နယ်၊ ကျုံတာရှမ်းကွင်း​ကျေးရွာအုပ်စု၊ ဖျာပုံ-ကျိုက်လတ်ကားလမ်းဘေးရှိ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းဧက(၂၀)အား ကြည့်ရှုခဲ့ရာ လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ခရိုင်စိုက်ပျိုး​ရေးဦးစီးမှူးတို့က ၂၀၂၃-၂၀၂၄ခုနှစ်၊ ဖျာပုံမြို့နယ်၏ ကျေးရွာအုပ်စု/ကွင်းအလိုက် ပထမအကြိမ်အဖြစ် ပိုက်ဆံ​လျှော် မျိုးစေ့ထုတ် စိုက်ဧက (၂၀) ဧက စိုက်ပျိုးပြီးစီးမှုနှင့် ဒုတိယအကြိမ်တွင် ဧက (၁၆၀၀) ပိုက်ဆံလျှော်မျိုးစေ့ စိုက်ပျိုးထုတ်လုပ်မည့် အစီအစဥ်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ပိုက်ဆံ​လျှော်မျိုး​စေ့များ ​တောင်သူများထံသို့ အချိန်မီ​ရောက်ရှိ၍ ထည့်သွင်းစိုက်ပျိုးနိုင်​ရေး​ဆောင်ရွက်​ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မအူပင်ခရိုင်၊ မအူပင်မြို့တိုးရွှေဝါခန်းမ၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက်  နေကြာမျိုး​စေ့၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်၍အမှာစကားများပြောကြားသည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးက တိုင်းဒေသကြီးဝန်ကြီးချုပ်အား မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးနိုင်မှု၊ ပိုက်ဆံလျှော်မျိုးစေ့များမြို့နယ်များအလိုက် ဆက်လက်ပေးအပ်သွားမည့်အခြေအနေများနှင့် စပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးက တောင်သူများထံပိုက်ဆံလျှော်မျိုးစေ့၊ နေကြာမျိုးစေ့နှင့် စပါးမျိုးစေ့များ ပေးအပ်ရခြင်းရည်ရွယ်ချက်များအားရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က  မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူနယ်တို့မှ တောင်သူများထံသို့ ပိုက်ဆံလျှော်မျိုးစေ့များနှင့် နေကြာမျိုးစေ့များပေးအပ်ခဲ့ပြီး တောင်သူတစ်ဉီးက ကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့ပါသည်။


Read More...
10-Nov-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။  ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ​အေဒိုးဗစ်အသင်း အုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့​နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအားတွေ့ဆုံ၍ အောင်နိုင်ရေးအလံပေးအပ်ခြင်းနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)အားကစားနည်းသည်ယခုအခါ လေ့လာလိုက်စားလာကြသည့် အားကစားနည်းလည်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ(၂၆)မြို့နယ်မှ အကောင်းဆုံးရွေးချယ်ထားသည့်အတွက်ကြောင့် လေ့ကျင့်သားပြည့်ဝမှုအပြင် စုစည်းမှုအားကောင်းကောင်းဖြင့်လည်း ယှဉ်ပြိုင်ဆောင်ရွက်သွားကြရန်လည်း လိုအပ်ပြီး တိုင်း​ဒေသကြီးကိုယ်စားပြုယှဉ်ပြိုင်ရမည်ဟူသည့် စိတ်ဓာတ်မွေးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များသည် သွက်လက်ဖြတ်လက်၍ ညီညာမှုရှိစွာ ယှဥ်ပြိုင်ကြရန်လိုပြီး တစ်ဦးချင်းကောင်းမှ အဖွဲ့လိုက်ကောင်းမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကိုလည်းအထူးဂရုစိုက်ရန်လိုအပ်မည်ဖြစ်ပါကြောင်းနှင့် လေ့ကျင့်ခန်းကိုလည်းရရှိသည့်အချိန်တွင် အသင်းအုပ်ချုပ်သူ၊ နည်းပြများ၏ သွန်သင်ပြသမှုများကို လိုက်နာ၍ လေ့ကျင့်ရန်လိုပါကြောင်း၊ ယခုအားကစားနည်းအား သွားရောက်ယှဉ်ပြိင်မည့် ပြိင်ပွဲဝင်များအနေဖြင့် တိုင်းဒေသကြီးကိုယ်စားပြု၍ အောင်ပွဲနှင့်ဆုတံဆိပ်များရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုပါကြောင်း” တိုက်တွန်းအမှာစကားများပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)အသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
09-Nov-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ် တေရသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
တေရသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။ ဦးစွာ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယခင်နှစ်ကကျင်းပခဲ့သည့်  စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၏ အားသာချက်များကိုနမူနာယူ၍ အားနည်းချက်များကိုလည်း ပြုပြင်ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ပဒေသာပင်လှည့်ရာလမ်းကြောင်းတစ်လျောက်အန္တရာယ်ကင်းစွာလှည့်လည်နိုင်​​ရေး ပြင်ဆင်ထားရန်လိုကြောင်း၊ ပ​ဒေသာပင်များပြင်ဆင်​ဆောင်ရွက်ရာတွင်လည်း စနစ်တကျပြင်ဆင်​​​ဆောင်ရွက်ကြရန်လို​ကြောင်း၊ ပဒေသာပင်များပို့ဆောင်ထားရှိမည့် သာသနာ့ဗိမာန်တော်ကြီး၏ အတွင်း၊ အပြင်သန့်ရှင်းရေး၊ မွမ်းမံပြင်ဆင်ရေးများကိုလည်း ဆောင်ရွက်သွားရန်လိုပါကြောင်း၊ အခမ်းအနားကျင်းပမှုမှတ်တမ်းများကိုလည်း စနစ်တကျ ထားရှိရန်လို​ကြောင်း၊ ကျန်းမာ​ရေး​စောင့်​ရှောက်မှုများ​ပေးနိုင်ရန်အတွက်လည်း ယာယီ​ဆေးခန်း ဖွင့်လှစ်​ဆောင်ရွက်ရန်လို​ကြောင်း၊ ကျွေး​မွေးလှူဒါန်းမည့် စား​သောက်ဖွယ်ရာများ  ချက်ပြုတ်ရာနှင့် ဧည့်ခံ​ကျွေး​မွေးရာတွင် သန့်ရှင်းလတ်ဆတ်မှုရှိ​စေ​ရေးနှင့် ကျန်းမာ​ရေးနှင့်ညီညွတ်​သော အစားအသောက်များ ဖြစ်စေရေးကိုလည်း ဂရုပြုဆောင်ရွက်သွားကြရန်နှင့် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီများကလည်း အဖက်ဖက်မှ ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း” အမှာစကားများပြောကြားသည်။ ဆက်လက်၍ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ကော်မတီများဖွဲ့စည်းထားရှိမှုများအားရှင်းလင်းတင်ပြခဲ့ပြီးနောက် သက်ဆိုင်ရာကော်မတီများအလိုက် တာဝန်ရှိသူများက ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် အစည်းအဝေးသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကော်မတီများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။


Read More...
09-Nov-2023