သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၂၀၂၄ ခုနှစ်၊ ဇွန်လအတွက် မွေးဖွားမှု၊ သေဆုံးမှုစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းအစည်းအဝေးသို့တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွန်လ ၂၅ ရက်နေ့က ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင်ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လအတွက် မွေးဖွားမှု၊ သေဆုံးမှုစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းအစည်းအဝေးသို့တက်ရောက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တိုင်းဒေသကြီးဦးစီးမှူးတို့က မွေးဖွားမှု၊ သေဆုံးမှုစာရင်းများတိုက်ဆိုင်စစ်ဆေးမှုအခြေအနေများ၊ အခြေခံလူဦးရေစာရင်းများမှန်ကန်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ လာမည့်ရွေးကောက်ပွဲအတွက် လူဦးရေကိန်းဂဏန်းအချက်အခက်အလက်များမှန်ကန်ရေး ဆာဗာအတွင်းသို့ပြင်ဆင်၊ ဖြည့်စွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လာမည့်ရွေးကောင်ပွဲတွင် အခြေခံမဲစာရင်းများမှန်ကန်မှုရှိစေရေး၊ နိုင်ငံသားတိုင်းမဲပေးနိုင်ရေးအတွက် ကိုင်ဆောင်လက်မှတ်မရှိသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူဦးရေစာရင်းဇယားများ၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ရေးအတွက် လုပ်ငန်းစဉ်များချမှတ်ပေးပြီးဖြစ်ပါကြောင်းနှင့် မွေးဖွား၊ သေဆုံးမှုစာရင်းများမှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ တိုက်ဆိုင်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်မှသာ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်နိုင်မည်ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” မှာကြားကာ အထွထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့မှ မွေးဖွားမှု၊ သေဆုံးမှုစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ဆာဗာအတွင်း လူဦးရေဆိုင်ရာအချက်အလက်များအားဖြည့်သွင်းထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
25-Jun-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း(ချင်းမြောင်) (၃)ထပ်ကျောင်းဆောင်သစ်အား တက်ရောက်ဖွင့်လှစ်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း (ချင်းမြောင်) RCC(၁၇၄ ပေ၊ ၃၂ ပေ) ၊ (၃)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Read More...
25-Jun-2024
ပုသိမ်မြို့၊ ကန်လှကျောင်းတိုက်တွင်ပြုလုပ်သည့် (၃၆)ကြိမ်မြောက် ပဋ္ဌာန်းအောင်ပွဲနှင့် ကန်လှကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝါယမ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်၏ သက်တော် (၅၇)နှစ်ပြည့် ဝိဇာတမွေးနေ့ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားသို့တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကန်လှကျောင်းတိုက်တွင် ပြုလုပ်သည့် (၃၆)ကြိမ်မြောက် ပဋ္ဌာန်းအောင်ပွဲနှင့်ကန်လှကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝါယမ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်၏ သက်တော် (၅၇)နှစ်ပြည့် ဝိဇာတမွေးနေ့ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားသို့တက်ရောက်ခဲ့သည်။
Read More...
24-Jun-2024
ပုသိမ်မြို့၌ မြန်မာအမျိုးသမီးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ်ပြုလုပ်သည့် ရပ်ရွာအခြေပြု ငှက်ပျောလျှော်ဖြင့် လူသုံးကုန်ပစ္စည်းပြုလုပ်နည်းသင်တန်းသို့သွားရောက်၍ ငှက်ပျောလျှော်ဖြင့်ပြုလုပ်သည့် လူသုံးကုန်ပစ္စည်းများကို ကြည့်ရှုအားပေး
Read More...
မြန်မာအမျိုးသမီးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝတ်မှုန်ဝန်ထမ်းအိမ်ရာတွင် ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ဇနီး၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့မှတာဝန်ရှိသူများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။
Read More...
24-Jun-2024
ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို နှစ်ရက်တာကျင်းပခဲ့ပါကြောင်းနှင့် ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများစိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့သည်ကိုလည်းတွေ့ရပါကြောင်း၊ ယခုကဲ့သို့ ကျောင်းသား၊ ကျောင်းသူများဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် “ ပညာရဲရင့်ပွဲလယ်တင့်” ဟူသည့်စကားအတိုင်း တပည့်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိများကို တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးသည့် ဆရာများ၏ကျေးဇူးကြောင့်လည်းဖြစ်ပါကြောင်း၊ ကျေးလက်နေ ပြည်သူတို့ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အမှားအမှန်ခွဲခြားနိုင်စေရန်၊ ယဉ်ကျေးသိမ့်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်လာစေရန်၊ အသိပညာ ဗဟုသုတမြင့်မားပြီး လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ကို အကျိုးပြုမည့် သားကောင်းသမီးကောင်းများ ပေါ်ထွန်းလာစေရန်အတွက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်း၊ ကျောင်းစာကြည့်တိုက်များသည် ဆက်လက်ရှင်သန်နေရန်နှင့် ကျောင်းသား/သူလေးများအား စာပေ၊ ဗဟုသုတများ စဉ်ဆက်မပြတ်လေ့လာဖတ်ရှုနိုင်အောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရန်အတွက် အခြေခံပညာကျောင်းများမှစတင်ပါကြောင်းနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များအား လစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် ယခုထက်ပိုမိုစည်ကားအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြသည့် တာဝန်ရှိသူများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ” တိုက်တွန်းအမှာစကားများပြောကြားသည်။
Read More...
23-Jun-2024