သတင်းများ
တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ၊ တောင်သူများတွေ့ဆုံပွဲနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးပွဲအခမ်းအနားတက်ရောက်
Read More...
(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ သာပေါင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် သာပေါင်းမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ကွင်းသာယာကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ခေတ္တညွှန်ကြားရေးမှူးက ကွင်းသာယာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံအားတိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့လည်းကောင်း၊ မြို့နယ်စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိက လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးထံသို့လည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က ကွန်ကရစ်လမ်းသစ် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွင်းသာယာကွန်ကရစ်လမ်းသစ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ရေရှည်တည်တံ့စေရေးထိန်းသိမ်းစောင့်ရှောက်ကြရန်မှာကြားခဲ့ပြီး ဖျော်ဖြေရေး အဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
အဆိုပါကွန်ကရစ်လမ်းသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် သာပေါင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်သောလမ်းဖြစ်ပြီး အလျား ၇၃၀ပေ၊ အကျယ်၁၂ပေနှင့် ထု ၈ လက်မ ရှိကြောင်းသိရပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့သော လမ်းဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သံလျက်စွန်းကျေးရွာတွင်ပြုလုပ်သည့် တောင်သူများတွေ့ဆုံပွဲနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးပွဲ အခမ်းအနားအား တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုကဲ့သို့ တောင်သူများနှင့်တွေ့ဆုံပွဲများအား မြို့နယ်တိုင်းတွင်ပြုလုပ်၍ တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်စေရေး ဆွေးနွေးခဲ့ပါကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ပျိုးရမည် ဖြစ်ပါကြောင်းနှင့် ရာသီမီအောင်စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများအား ကွင်းဆင်းကြပ်မတ် ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ အောင်မြင်စေရေးအတွက် တောင်သူများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ နေကြာအား စိုက်ပျိုးစေခြင်းဖြစ်ပါကြောင်းနှင့် လာမည့်မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက (၂၇)သိန်းအား ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်း စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်အလိုက်အဖွဲ့လိုက်စုပေါင်းစနစ်ဖြင့်အချိန်မီမျိုးစေ့ရရှိရေးဆောင်ရွက်လျက်ရှိပါကြောင်း” ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာ၊ တောင်သူဦးကံဌေး၏ စိုက်ဧက(၀.၂၅)ဧက၌ ဆင်းသုခစပါးမျိုးအား ပိုက်ဆံလျှော်ထည့်သွင်းအသုံးပြုခြင်း၊ ပိုက်ဆံလျှော်- သဘာဝမြေဩဇာ ထည့်သွင်းအသုံးပြုခြင်း၊ ပိုက်ဆံလျှော်- သဘာဝမြေဩဇာ-ဓါတ်မြေဩဇာ ထည့်သွင်းအသုံး ပြုခြင်းစသည့် စမ်းသပ်စိုက်ပျိုးထားရှိသည့် ဆန်၊ စပါးနမူနာများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး စတင်စိုက်ပျိုးချိန်မှစ၍ ဆန်ကြိတ်ခွဲသည်အထိစနစ်တကျမှတ်တမ်းများ ထားရှိစေရေး နှင့် ဆန်၊ စပါးအရည်အသွေးကောင်းမွန်မှုအခြေအနေများအား စမ်းသပ်မှုများဆောင်ရွက်နိုင်စေရေး မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ခုနှစ်၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ခင်းနှင့် ဆီထွက်သီးနှံ ဆောင်းနေကြာများအား ဌာနဆိုင်ရာများနှင့် တောင်သူများက မျိုးစေ့ချစိုက်ပျိုးပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
Read More...
11-Dec-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်အတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများအားကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရေကြည်မြို့နယ်အတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများအားကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ အင်းလျာကုန်းကျေးရွာအုပ်စုအတွင်းရှိ ဆင်ကူးအနောက်ကျေးရွာ၊ လှေတော်ရုံကျေးရွာ၊ လယ်ဒီကျေးရွာ၊ ဆင်ကူးအရှေ့ကျေးရွာနှင့် အင်းလျာကုန်းကျေးရွာတို့မှ တောင်သူ(၂၃၈)ဦး၏ ပန်းအမျိုးမျိုး၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ချဉ်ပေါင်၊ မုံလာ၊ ဆလပ်၊ ကန်စွန်း၊ စားပြောင်း၊ ငရုတ်စသည့် ဟင်းသီးဟင်းရွက် (၁၃၅)ဧက စိုက်ပျိုးထားရှိမှုများကို ကြည့်ရှု့အားပေးခဲ့ပြီး ဌာနဆိုင်ရာများ၊ တောင်သူများအား သီးနှံများပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်စေရေး၊ စားဖိုဆောင်သီးနှံများစျေးနှုန်းသက်သာစွာထုတ်လုပ်ရောင်းချနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။ အဆိုပါ စိုက်ခင်းမှထွက်ရှိသည့် သီးနှံများအား ပုသိမ်၊ ဟင်္သာတမြို့များသို့တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အင်းလျားကုန်း-သံဒင်း-နတ်စင်ငူ-ဇရပ်လှလမ်း(၉မိုင်၂ဖာလုံ)မှ ၄.၄၇၄ဖာလုံအား အမာခံခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်ချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ထားသောကာလအတွင်း ပြီးစီးစေရေးနှင့် လမ်းဘေး ဝဲယာများ၊ လမ်းပုခုံးများ စနစ်တကျရှိစေရေးမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သပြေကွင်းစံပြကျေးရွာ ပွင့်သစ်စ သမအသင်း၏ နေကြာတစ်ဧကနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်တစ်ဧကအားစိုက်ပျိုးနေမှုများနှင့် ကွင်းသုံးဆင့်ကျေးရွာအုပ်စု၊ သပြေကွင်းခေတ်မီစံပြကျေးရွာမှ တောင်သူများ စုပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သော ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်(၁၀)ဧကနှင့် နေကြာတစ်ဧက စိုက်ပျိုးပြီးစီးမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပိုက်ဆံလျှော်မျို့စေ့ထုတ်စိုက်ခင်းများအောင်မြင်စွာဆောင်ရွက်စေရေး၊ နေကြာစိုက်ပျိုးမှုများဖြစ်ထွန်းအောင်မြင်စေရေးနှင့် စိုက်ပျိုးမြေများကျန်လပ်မှုမရှိစေရေးနှင့် သီးထပ်စွမ်းအားများမြှင့်တင်စိုက်ပျိုးရန်မှာကြားခဲ့သည်။
ထို့နောက်သပြေကွင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအုပ်ကြီးမှ ကျောင်း၏လိုအပ်ချက်များကိုတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်(ကံကလေး)-မုံရွာလမ်း မိုင်(၀/၀-၂၀/၃)အထိ(၂၀မိုင်၃)ဖာလုံ အတွင်းမိုင်(၁မိုင်၅ဖာလုံမှ မိုင်၇ဖာလုံ)အထိ ၂ဖာလုံ ၁၈ပေအကျယ်မှ ၂၄ပေအကျယ်ကတ္တရာလမ်းချဲ့ခြင်း၊ မိုင်(၁၀မိုင်၀ဖာလုံမှ ၁၀မိုင် ၂.၅ဖာလုံ)အထိ (၂.၅ဖာလုံ) ၁၈ပေအကျယ်မှ ၂၄ပေအကျယ်ကတ္တရာလမ်းချဲ့ခြင်းနှင့် မိုင် (၁၂မိုင် ၃ဖာလုံမှ ၁၂မိုင် ၅ဖာလုံ)အတွင်း (၁)ဖာလုံ လမ်းအနိမ့်အမြင့်ဖြေညှိခြင်းလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ထားသောကာလအတွင်း ပြီးစီးစေရေးနှင့် လမ်းဘေး ဝဲယာများ၊ လမ်းပုခုံးများ စနစ်တကျရှိစေရေးမှာကြားခဲ့သည်။
Read More...
10-Dec-2023
ဧရာဝတီတိုင်းဒေသကြီးနှင့် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်မြို့နယ် (၅)မြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းစီမံချက်၊ လုပ်ငန်းနယ်ပယ်ရွေးချယ်သတ်မှတ်ခြင်း၊ စာသင်သားနှင့် စာသင်ဝိုင်းစာရင်းကောက်ယူစုစည်းခြင်း၊ စာသင်သား၊ စာသင်ဝိုင်း၊ နည်းပြ၊ ကြီးကြပ်များအားထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ နည်းပြသင်တန်းကျင်းပခြင်း၊ သင်ကြားသင်ယူမှုလုပ်ငန်းများဆောင်ရွက်ခြင်း စသည်တို့ကို Power Point ဖြင့်ရှင်းလင်းတင်ပြသည်။
ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းနှင့် ၂၀၁၉ခုနှစ် ကြားဖြတ်လူဦးရေနှင့် သန်းခေါင်စာရင်းများအရ ဧရာဝတီတိုင်းဒေသကြီးအတွင်း စာတတ်ေမြာက်ခြင်းမရှိသူများ စာရင်းအရ အရေး၊ အဖတ်နှင့် အတွက်အချက်များ တတ်မြောက်လာစေရန် ဆောင်ရွက်ပေးပါက တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူရရှိမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စာတတ်မြောက်မှု ရာခိုင်နှုန်း များသော်လည်း စာမတတ်သူများလည်း ရှိနေသေးပါကြောင်း၊ ငယ်စဉ်က မူလတန်းပညာပြီးဆုံးအောင်မသင်ကြားခဲ့သူများ၊ ကျောင်းမနေခဲ့ရသူများ စာတတ်မြောက်ရန်နှင့် စဉ်ဆက်ပညာရေးအားသင်ကြားနိုင်ရန်လိုအပ်ပါကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ စုဖွဲ့မှုများကြိုတင်ဆောင်ရွက်ထားရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် အစည်းဝေးသို့တက်ရောက်လာသူများ၏ အကြံပြုတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက် ပေးခဲ့သည်။
Read More...
09-Dec-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများသည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ပြုလုပ်သည့် ဒီဇင်ဘာလူထုအားကစားလ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဒုတိယဆုရရှိသည့် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို တိုင်းဒေသကြီးဝန်ချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်းသိရသည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဘောလုံး၊ ဘော်လီဘောပြိုင်ပွဲများကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ စက်တော်ရာဘုရား၊ မဟာဗောဓိမင်္ဂလာစေတီတော်ပရဝဏ်အတွင်း၌ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများက အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ဘုရားရင်ပြင်တော် ဆေးကြောသန့်စင်ခြင်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်း သပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် မြို့သန့်ရှင်းသာယာလှပစေရေး အစဉ်တစိုက်ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
Read More...
09-Dec-2023
ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ပါဝင်ဆင်နွှဲ
Read More...
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ်သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်း စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ စုပေါင်းလမ်းလျှောက်ပွဲအား ဖွင့်လှစ်ပေးပြီးနောက် ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီးအတိုင်း တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းတွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical Fitness dance များအား အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒီဇင်ဘာလဒုတိယပတ် စုပေါင်း လမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၂၀၀၀)ဦးခန့်က တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။
Read More...
09-Dec-2023