သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦး‌အေးကျော် လေးမျက်နှာမြို့နယ်ရှိ ငဝန်တာနိမ့်ကျမှုနှင့် ရေကျော်စီးဝင်မှုများကြောင့် ရေကြီးနစ်မြုပ်စိုက်ဧကများ ပြန်လည်စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာနိမ့်ကျမှုနှင့် ရေကျော် စီးဝင်မှုများကြောင့် သီးနှံများရေကြီးနစ်မှုများအပေါ် ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ယနေ့ နေ့လယ်ပိုင်းက ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဧည့်ရိပ်သာ၌ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) တို့မှ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့် တွေ့ဆုံဆွေးနွေးမှာကြားခဲ့သည်။


Read More...
02-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့၊ အမှတ် (၃)ရပ်ကွက် ရေဘေးသင့် ပြည်သူများကို ဆန်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့၊ အမှတ်(၃) ရပ်ကွက်သို့ သွားရောက်၍ ဒက္ခိဏာရုံတိုက်သစ်ကျောင်းတိုက် ဆရာတော်အား ဖူး‌မြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။


Read More...
01-Sep-2026
လေးမျက်နှာမြို့၊ အိုင်သပြုတိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် အိုင်သပြုတိုက်နယ် ဆေးရုံသို့သွားရောက်၍ ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဆေးရုံအတွင်းအပြင် သန့်ရှင်းရေး၊ ခြုံနွယ်မြက်များ ရှင်းလင်းရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ကျန်းမာရေးဝန်ထမ်းများကို ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။


Read More...
01-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့၊ အိုင်သပြုနယ်မြေရဲစခန်း ရဲတပ်ဖွဲ့ဝင်မိသားစုများအား ထောက်ပံ့ပစ္စည်းများပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ အိုင်သပြုနယ်မြေရဲစခန်းသို့ သွားရောက်၍ ရဲတပ်ဖွဲ့ဝင်မိသားစုများအား ထောက်ပံ့ပစ္စည်းများကိုပေးအပ်ခဲ့ကာ ရေကျော်စီးဝင်မှုကြောင့် ပျက်စီး ခဲ့သည့် ရဲစခန်းဝင်းခြံစည်းရိုးနှင့် အဝင်လမ်းများအား ပြန်လည်ပြုပြင်နိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။


Read More...
01-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်လေးမျက်နှာမြို့၊ အိုင်သပြုကျေးရွာအထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့၊ အိုင်သပြုကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ရေကျဆင်းလာသဖြင့် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး စာသင်ကျောင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ရေကျော်စီးဝင်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် ကျောင်းခြံစည်းရိုး ပြန်လည်ပြုပြင်ဆောင်နိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။


Read More...
01-Sep-2026