သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ပြီး ရေဘေးသင့်ခဲ့ရသည့် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နေ့လယ်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်၍ အားပေးစကားများ ပြောကြားပြီး ဆန်ရိက္ခာနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
Read More...
01-Sep-2026
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက အလှူငွေများနှင့် စားသောက်ကုန်ပစ္စည်းများကို လာရောက်လှူဒါန်း
Read More...
၁-၉-၂၀၂၆ ရက်နေ့ ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရိပ်သာတွင် တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက အလှူငွေများနှင့် စားသောက်ကုန်ပစ္စည်းများကို လာရောက်လှူဒါန်းရာ ဘိုကလေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် စေတနာရှင် မြို့သူ/မြို့သားများက အလှူငွေကျပ်သိန်းတစ်ရာ့ ငါးဆယ်ကိုလည်းကောင်း၊ Horizon Telecom International က အလှူငွေကျပ် သိန်းတစ်ရာကို လည်းကောင်း လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Read More...
01-Sep-2026
ဆီထွက်သီးနှံနှင့် နွေစပါးအတွက် တိုင်းဒေသကြီးအဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီတွေ့ဆုံပွဲ ကျင်းပပြုလုပ်
Read More...
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်း ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ)နှင့် နွေစပါးအစီအစဉ်အတွက် တိုင်းဒေသကြီးအဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီနှင့် ကြွေးပေးဆပ်ရန်ကျန် ဝယ်ယူကြိတ်ခွဲ တင်ပို့သူအစုအဖွဲ့တို့တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဌ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Read More...
01-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် Polytechnic University (မအူပင်)တွင်ပြုလုပ်သည့်၂၀၂၅-၂၀၂၆ပညာသင်နှစ်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Project Show (2026)ပြပွဲအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက Polytechnic University (မအူပင်) တွင် ကျင်းပပြုလုပ်သည့် (၂၀၂၅-၂၀၂၆)- (၂၀၂၆-၂၀၂၇) ပညာသင်နှစ်၊ Project Show (2026) ပြပွဲအခမ်းအနားသို့ တက်ရောက် အားပေးခဲ့သည်။
Read More...
31-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် မအူပင်တက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ Project Paper ဖတ်ကြား စွမ်းရည်ပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက မအူပင်တက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ Project Paper ဖတ်ကြား စွမ်းရည်ပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေးခဲ့သည်။
Read More...
31-Aug-2026