သတင်းများ


​စိုက်ပျိုးရေးသိပ္ပံ (မြောင်းမြ) ကျောင်းရှိ စာသင်ဆောင်များအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)တွင် အထွက်နှုန်းကောင်းမွန်သော ပေါ်ဆန်းမျိုးစပါးများ သုတေသနပြုထားရှိမှုအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွန်လ ၂၀ ရက်နေ့ နေ့လည်ပိုင်းတွင် စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)သို့သွားရောက်ခဲ့ကာ ပထနှစ်အငယ်တန်းတွင် (၁၁၄)ဦး၊ ပထမနှစ်အကြီးတန်းတွင် (၈၇)ဦးနှင့် တတိယနှစ်တွင် (၁၁၅)ဦး၊ စုစုပေါင်းသင်တန်းသားသင်တန်းသူ (၃၁၆) ဦးအေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စာသင်ဆောင်များအားလှည့်လည်ကြည့်ရှူစစ်ဆေးခဲ့ပြီးစာသင်ဆောင်များကြံ့ခိုင်မှုရှိစေရေးမှာကြားခဲ့သည်။ ထို့နောက် ဒေသသုတေသနဗဟိုဌာန (မြောင်းမြ) သို့သွားရောက်ခဲ့ပြီး ဒေသသုတေသနဗဟိုဌာန(မြောင်းမြ) တာဝန်ခံမှ အထွက်နှုန်းကောင်းမွန်သောပေါ်ဆန်းမျိုးစပါးများသုတေသနပြုထားရှိမှုနှင့် ၂၀၂၀- ၂၀၂၁ဘဏ္ဍာနှစ်နှင့်၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာနှစ်များတွင်ဆောင်ရွက်ခဲ့သည့်သုတေသနလုပ်ငန်းများ၊ ၂၀၂၂- ၂၀၂၃ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့်သုတေသနလုပ်ငန်းများကိုရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သုတေသနလုပ်ငန်းများမှ ရလဒ်ကောင်းများထွက်ပေါ်လာစေရေး၊ ထွက်ပေါ်လာသည့်ရလဒ်များကိုတောင်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်စေရေး၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးလျက်ရှိရာ ပိုမိုဖြစ်ထွန်းအောင်မြင်စေရေးသုတေသနပြုဆောင်ရွက်ရန်၊ သဘာဝမြသြဇာပြုလုပ်နည်းများ၊ သဘာဝမြသြဇာသုံးစွဲခြင်းဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုကိုလျော့ချနိုင်မှုများအားတောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဆင်းရွှေကြာ၂ နေကြာသီးနှံမျိုးသန့်ပြန့်ပွားရေးဆောင်ရွက်ထားရှိမှုနှင့် ကောက်ရိုး၊ နောက်ချေး၊ ထုံး၊ ဖွဲနု၊ ထရိုင်ကိုဒါးမား များအသုံးပြု၍သဘာဝမြသြဇာပြုလုပ်နေမှုများကိုကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် အိမ်မဲမြို့နယ်၊ ပါရမီထောင့်ကျေးရွာ၊ တောင်သူဦးဌေးလွင်၏ လယ်မြေ(၄)ဧကတွင် ၂၀၂၂မိုးစပါးစိုက်ပျိုးရန်အတွက်သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)ထည့်သွင်းထွန်ယက်ခြင်းကိုကြည်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာများပြန်လည်ကောင်းမွန်လာပြီး ဓာတ်မြေသြဇာသုံးစွဲမှုများကိုလျှော့ချပေးနိုင်မှာဖြစ်ပါကြောင်းနှင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များစိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။


Read More...
20-Jun-2022
ပုသိမ်မြို့ သူနာပြု-သားဖွားဒီပလိုမာသင်တန်းအပတ်စဉ် (၃၆) ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားနှင့် မြောင်းမြမြို့တွင် ပထမအကြိမ် ဂျုတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားများကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ သူနာပြု-သားဖွားဒီပလိုမာသင်တန်း အပတ်စဉ် (၃၆) ဂျုတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားအား ဇွန်လ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန်က တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်းသား ၇ ဦးနှင့် သင်တန်းသူ ၇၆ ဦး၊ စုစုပေါင်း ၈၃ ဦးအား ဂျုတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းပေးခဲ့သည်။ဆက်လက်၍ သင်တန်းသား၊သင်တန်းသူများက ဆီမီးထွန်းညှိခြင်းနှင့် သူနာပြုသစ္စာအဓိဌာန် ၈ ချက်အား ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများနှင့် သင်တန်းသားသင်တန်းသူများအတွက် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် ဂျုတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့ကာတာဝန်ရှိသူများက သင်တန်းသား ၇ ဦးနှင့် သင်တန်းသူ ဦး၊၆၃ စုစုပေါင်း ၇၀ ဦးအား ဂျုတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းပေးခဲ့သည်။ ဆက်လက်၍ သင်တန်းသား၊သင်တန်းသူများက ဆီမီးထွန်းညှိခြင်းနှင့်သူနာပြုသစ္စာ အဓိဌာန် ၈ ချက်အား ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများနှင့်သင်တန်းသားသင်တန်းသူများအတွက် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပါတယ်။  အဆိုပါ ဂျုတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားများတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျန်းမာရေးကဏ္ဍတွင် လူ့စွမ်းအား အရင်းအမြစ်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် သင်တန်းကျောင်းများ ဖွင့်လှစ်၍  သူနာပြုနှင့်သားဖွားများ မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသားသင်တန်းသူများသည် ဝါသနာအရင်းခံပြီးကိုယ်ချင်းစာတရားထားကာ လူနာများကိုပြုစုစောင့်ရှောက်ကြရမှာဖြစ်ပါကြောင်း၊သင်တန်းသား၊ သင်တန်းသူများသည် အပ်နှင်းခြင်းခံရသည့် ဂျုတီကုတ်နှင့် ဦးဆောင်းတို့အားလေးစားတန်ဖိုးထားပြီးမိမိတို့၏ လုပ်ငန်းတာဝန်များ ကျေပွန်စွာထမ်းဆောင်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ကျေးလက်ဒေသများအထိ ကျန်းမာရေးစောင့်ရှောက်မှုများလွှမ်းခြုံနိုင်စေရေး ကြိုးစားဆောင်ရွက်နေပါကြောင်း၊ သင်တန်းကာလအတွင်း သင်ကြားရေးဆိုင်ရာများ၊ နေထိုင်စားသောက်ရေးကိစ္စများကိုလည်း သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပြီး ထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးပြီး မိမိတာဝန်ကျရာဒေသများရှိပြည်သူများ၏ ကျန်းမာရေးကိစ္စရပ်များကို ကူညီစောင့်ရှောက်ပေးကြရန်ပြောကြားခဲ့ပါသည်။


Read More...
20-Jun-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် RC နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်ခြင်းနှင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းထွန်ယက်ခြင်းကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇွန်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျောင်းစုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊( ၁၄၀ပေ×၃၀ပေ) RC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပတ်ဖြန်းပေးခဲ့ကာ ကျောင်းဆောင်သစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး၊ ကျောင်းသန့်ရှင်းသာယာစေရေး၊ ကူးစက်ရောဂါများဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာ၊ တောင်သူဦးစံဝ၏ လယ်မြေ ၈ ဧကတွင် ၂၀၂၂မိုးစပါးစိုက်ပျိုးရန် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းထွန်ယက်ခြင်းကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ပိုက်ဆံလျှော်ထည့်သွင်းအသုံးပြုခြင့်ဖြင့် မြေဆီမြေသြဇာများပြန်လည်ကောင်းမွန်လာမှု၊ ဓာတ်မြေသြဇာအသုံးပြုများလျော့ချနိုင်မှုနှင့် ပိုက်ဆံလျှောထည့်သွင်းစိုက်ပျိုးခြင်းကို ပိုမိုဆောင်ရွက်ကြရန်ပြောကြားခဲ့ပါသည်။


Read More...
19-Jun-2022
ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း၊ အကြိမ် (၂၀) မြောက် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း၊ ပထမနှစ်သင်တန်းသားသင်တန်းသူတို့၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇွန်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ဟင်္သာတမြို့၊ သူနာပြုသင်တန်းကျောင်း၊အကြိမ် (၂၀)မြောက်၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း၊ ပထမနှစ် သင်တန်းသား သင်တန်းသူတို့၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲတက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သူနာပြု-သားဖွားများအနေဖြင့် တာဝန်အရမဟုတ်ဘဲ ကိုယ်ချင်းစာတရား၊ စာနာစိတ်အပြည့်ဖြင့် လူနာများအပေါ် ပြုစုစောင့်ရှောက်ကြသူများဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တစ်ခုဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၏ ကဏ္ဍသည် လွန်စွာအရေးပါပါကြောင်း၊ တိုင်းဒေသကြီး၏ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရေး သင်တန်းသူသင်တန်းသားများ၏ အင်အားများလိုပါကြောင်း၊  သင်တန်းသူသင်တန်းသားများအနေဖြင့်တိုင်းဒေသကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်အားဖြည့်ဆောင်ရွက်ကြပြီး နိုင်ငံတော်နှင့်တိုင်းဒေသကြီးအတွက် အားကိုးအားထားပြုနိုင်သည့် ကျန်းမာရေးဝန်ထမ်းများဖြစ်ကြပါစေကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဟင်္သာတမြို့၊ သူနာပြုသင်တန်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးမှ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းရခြင်းအကြောင်းအား ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းသားသင်တန်းသူများအားဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခဲ့ပါသည်။ ထို့နောက် သင်တန်းသားသင်တန်းသူ များ မှဆီမီးထွန်းညှိခြင်းနှင့်သူနာပြုသစ္စာဓိဌာန်ရွတ်ဆို ခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အပတ်စဉ်(၂၀)၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း၊ ပထမနှစ် သင်တန်းတွင် ဆုရရှိခဲ့ကြသည့် သင်တန်းသားသင်တန်းသူများအား ဆုများအသီးသီးချီးမြှင့်၍ သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြကာ သင်တန်းသားသင်တန်းသူများ၏ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်ဟင်္သာတမြို့၊ ညောင်ပင်ရပ်ကွက်ရှိ နိုင် မြေပဲဆီစက်ရုံသို့သို့သွားရောက်ခဲ့ပြီး စက်ရုံပိုင်ရှင်မှ စက်ရုံလည်ပတ်ကြိတ်ခွဲမှုအခြေအနေများ၊ ရောင်းဝယ်မှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သန့်စင်ကောင်းမွန်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် မြေပဲဆီများ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ဆောင်းနေကြာများစိုက်ပျိုးထုတ်လုပ်ထွက်ရှိလာချိန်တွင် နေကြာဆီထုတ်လုပ်နိုင်ရေး လိုအပ်မည့် စက်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်မှုများ အချိန်မီဆောင်ရွက်ထားရှိရန်နှင့် အရည်အသွေးပြည့်မီသောနေကြာဆီများထုတ်လုပ်နိုင်ရေးညှိနှိုင်းဆွေးနွေးခဲ့ပါသည်။


Read More...
19-Jun-2022
ဟင်္သာတမြို့၊ မိုးကောင်းပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသမဟာထေရ်မြတ်ကြီး၏ သက်တော် (၈၇) နှစ်ပြည့် မွေးနေ့ဝိဇာတပူဇာနှင့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဂုဏပူဇာမင်္ဂလာ ချီးကျူးဂုဏ်ပြုပူဇော်ပွဲကျင်းပ
ဟင်္သာတမြို့၊ မိုးကောင်းပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသမဟာထေရ်မြတ်ကြီး၏ သက်တော် (၈၇) နှစ်ပြည့် မွေးနေ့ဝိဇာတပူဇာနှင့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဂုဏပူဇာမင်္ဂလာ ချီးကျူးဂုဏ်ပြုပူဇော်ပွဲကို ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့၊ တာကလေးရပ်ကွက်၊ မိုးကောင်းပရိယတ္တိစာသင်တိုက်၊ အောင်ပြည့်ဖြိုးဦးသာသနာ့ဗိမာန်သိမ်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခ ချုပ်ဆရာတော်၊ တိုင်းဒေသကြီးသြဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ရဟန်းရှင်လူပရိတ်သတ်များ တက်​ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာအခမ်းအနားကို န​မောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်​တော့၍ ဖွင့်လှစ်ခဲ့ပြီး ဟင်္သာတမြို့၊ မေဃဝတီပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက၊အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တသုမနာဘိဝံသအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဟင်္သာတမြို့၊ မိုးကောင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသမဟာထေရ်အရှင်သူမြတ် က သြဝါဒကထာချီးမြှင့်တော်မူပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့၍ (နိုဗယ်စကူးလ်) ဓမ္မဗိမာန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏာလင်္ကာရမှ မိုးကောင်းပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသမဟာထေရ်မြတ်၏  ထေရုပ္ပတ္တိကို ဖတ်ကြားပူဇော်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အကျော်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တရေဝတက ဂုဏဘိတ္ထဝ ဝန္ဒနာဂါထာနှင့် ထုတိထောမနာဂုဏပူဇာဂါထာတို့အားဖတ်ကြားပူဇော်ခဲ့ကာ တေးသံရှင်များက ရတုပိုဒ်စုံတို့ဖြင့်သီဆိုပူဇော်ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်များ၊ အလှူရှင်များမှ မိုးကောင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ သုဓမ္မာစာရာဘိဝံသမဟာထေရ်မြတ်အား အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော် ထပ်ဆင့်ဆပ်ကပ်လှူဒါန်းခြင်း၊ ပင့်သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းခြင်းနှင့် အလှူငွေများအသီးသီးပေးအပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ဓမ္မဒူတဇေတဝန်တောရဆေကိန္ဒါရာမကျောင်းတိုက်၊ အဂ္ဂမဟာပဏ္ဍိတ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒမှ အနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းလောင်းအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကာ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။


Read More...
19-Jun-2022