သတင်းများ
(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူး-အနောက်စု ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
Read More...
(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သော လမ်းအရှည် (၀/၃)မိုင်၊ အကျယ် (၁၂)ပေနှင့် ထု(၇)လက်မရှိ ဝါးဒူး-အနောက်စု ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အနောက်စုကြီးကျေးရွာရှိ အဆိုပါလမ်း၏ မုခ်ဦးရှေ့၌ပြုလုပ်ခဲ့သည်။
ဦးစွာ ဝါးဒူး-အနောက်စု ကွန်ကရစ်လမ်းသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)က ဝါးဒူး-အနောက်စု ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အမှတ်တရ လက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
20-Mar-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Read More...
သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ကော်မတီဝင်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် ဆက်ကပ်ချီးမြှင့်ခြင်းမင်္ဂလာအခမ်းအနားကျင်းပရေးနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်းအခမ်းအနား ကို နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ပါကြောင်း၊ အခမ်းအနားကျင်းပရာတွင် အစီအစဉ်များ စနစ်တကျ ဖြစ်စေရေး ယခင်နှစ်ကျင်းပခဲ့သည့် အားသာချက်၊ အားနည်းချက်များကို သင်ခန်းစာယူ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဘွဲ့တံဆိပ်ဆပ်ကပ် လှူဒါန်းခြင်းခံရသည့် ဆရာတော်၊ သံဃာတော်များ၊ သာမဏေများနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများ ယာယီသတင်းသုံး နေထိုင်နိုင်ရေး၊ ဝေယာဝစ္စများဆောင်ရွက်ပေးနိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေး နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အခမ်းအနားကျင်းပမည့် သာသနာ့ ဗိမာန်အတွင်းအပြင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူမည့် နေရာများသည်လည်း သန့်ရှင်းသပ်ရပ်မှု ရှိစေရေးနှင့် စနစ်တကျရှိရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဘွဲ့တံဆိပ်တော် များဆက်ကပ်ချီးမြှင့်ပွဲတွင် ကြည်ညိုခံဆရာတော်ကြီးများ ပင့်ဖိတ်ဆောင်ရွက်မှု၊ ဧည့်ပရိတ် သတ်များ ဖိတ်ကြားနေရာချထားမှုနှင့် အခမ်းအနားအစီအစဉ်များ စနစ်တကျရှိစေရေး သက်ဆိုင်ရာကော်မတီများအလိုက် ဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်းမင်္ဂလာ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးသာသနာရေးမှူးက ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိမှု အခြေအနေနှိုင်းယှဉ်တင်ပြချက်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲသို့ ပင့်ဆောင်မည့်အကြည်ညိုခံဆရာတော်များစာရင်း၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းခံရသည့် သံဃာတော်များ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များစာရင်းများ၊ နဝကမ္မနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းရန် လျာထားတင်ပြချက်များနှင့် အစည်းအဝေးသို့တက်ရောက်လာသည့် လုပ်ငန်းကော်မတီများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် ဧရာဝတီတိုင်းဒေသကြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် ဆက်ကပ်ချီးမြှင့်ခြင်းမင်္ဂလာအခမ်းအနားကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
Read More...
19-Mar-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ ကျုံခမွန်ကျေးရွာသို့ရောက်ရှိ၍ (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျုံခမွန်-မြောက်စုကျေးရွာခြင်းဆက် ကျောက်ချောလမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကာ ကျောက်ချောလမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၆၀၀) ပေ၊ အကျယ် (၁၂) ပေနှင့် ထု (၆) လက်မရှိကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စုသို့ရောက်ရှိ၍ တောင်သူ ဦးကိုဋ္ဌေး၏ တစ်နှစ်သုံးသီးစိုက် မိုးစပါး - မတ်ပဲ-နွေစပါး စိုက်ဧက(၂)ဧကတွင် နွေစပါး ရက် (၉၀) စပါးမျိုးအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနေမှု၊ နွေစပါး နယူးဧရာ(၁)စပါးမျိုး(၁)ဧက ပျိုးထောင်စိုက်ပျိုးထားရှိမှုနှင့် နွေစပါးနယူးဧရာ(၁) စပါးမျိုး(၁)ဧကအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ရိုးပြတ်ကျန်ဧကများမရှိစေရေး၊ သီးထပ်စွမ်းအားတိုးတက်စေရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ယုန်သလင်းကျေးရွာအုပ်စု၊ ရွှေမန်းလွင်ကျေးရွာသို့ရောက်ရှိ၍ (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်း သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့်ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည် (၆၀၀)ပေ၊ အကျယ် (၁၀)ပေနှင့် ထု(၆)လက်မရှိကြောင်းသိရသည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ လက်သမားကရင်ကျေးရွာ၌ (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် (လက်ကရင်ကျေးရွာမှ ပဆငလမ်း) သို့ဆက်သွယ်ထားသော ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား တက်ရောက်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၃ - ၂၀၂၄ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၁၀၀၀) ပေ၊ အကျယ် (၁၀)ပေနှင့် ထု (၆) လက်မ ရှိကြောင်းသိရသည်။
Read More...
18-Mar-2024
ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော် မြတ်ကြီးတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် ဂန္ဓကုဋိတိုက်အတွင်း အခမ်းအနားအား ဆက်လက်ကျင်းပရာ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဩဝါဒါစရိယ၊ သဖန်းကုန်းဆရာတော် ဘဒ္ဒန္တဉာဏိက အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ဖတ်သရဇ္ဈယ်ချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရား တော်အား ဆက်လက်နာယူကြည်ညိုခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေး ဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့သည်။
ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ထို့နောက် မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ ဩဝါဒါစရိယ၊ သဖန်းကုန်းဆရာတော် ဘဒ္ဒန္တဉာဏိက အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးသည် ဇလွန် မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးအား ပန်း၊ ဆီမီး၊ ရေချမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဖူးမြှော်ကြည်ညိုခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးက ဇလွန်မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် ဂေါပကအဖွဲ့ထံသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့၊ ညောင်ပင်ဈေး ရပ်ကွက်ရှိ ၆၆ကေဗွီ (ဟင်္သာတ -ရေကြည်)-ဇလွန်ဓာတ်အားလိုင်း (၁၃.၆၆)မိုင်နှင့် ၆၆/၁၁ကေဗွီ၊ (၂၀)အမ်ဗွီအေ ဇလွန်ဓာတ်အားခွဲရုံသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်အားပို့လွှတ်ရေးစီမံကိန်း (တောင်ပိုင်း)၊ စီမံကိန်းမန်နေဂျာရုံး(၃)ရွှေတောင်မှ တာဝန်ရှိသူတစ်ဦးက စီမံကိန်းလုပ်ငန်း ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဓာတ်အားခွဲရုံအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဇလွန်မြို့နယ်အား လက်ရှိတွင် (၁၆) မိုင်ခန့်ကွာဝေးသော ဟင်္သာတမြို့မှ ပို့လွှတ်သော (၁၁) ကေဗွီ ဓါတ်အားလိုင်းဖြင့် ဓါတ်အားလက်ခံဖြန့်ဖြူးထားပြီး ဇလွန်မြို့နှင့် ကျေးရွာပေါင်း ၁၂၃ ရွာသို့ ဓါတ်အားဖြန့်ဖြူးထားရှိပါသည်။ ယခု ၆၆/၁၁ ကေဗွီ (၂၀) အမ်ဗွီအေ ဇလွန် ဓါတ်အားခွဲရုံနှင့် ဓါတ်အားလိုင်း တည်ဆောက်ပြီးစီးပါက ဇလွန်မြို့နှင့်ကျေးရွာပေါင်း (၁၂၃) ရွာသို့ ဗို့အား ပြည့်ဝစွာဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပြီး ထပ်မံ၍ ကျေးရွာပေါင်း (၇၀) သို့လည်း တိုးမြှင့်၍ ဓါတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။
Read More...
18-Mar-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ဆောင်းနေကြာစံပြ(၁၀)ဧက စံကွက်ရိတ်သိမ်းပွဲအခမ်းအနားအား တက်ရောက်အားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ သန်လျက်စွန်းကျေးရွာရှိ (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့တွင် နေကြာ(၁၀)ဧက မြို့နယ်ထူးချွန်ဆုရရှိခဲ့သည့် တောင်သူဦးမြင့်စိုး၏ စိုက်ဧက(၁၀)ဧကတွင်( Super sun-41 )ဆောင်းနေကြာစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေကြာစံကွက် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးပြီး ဌာဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အပွင့်အရေအတွက်အရွယ်အစားအလိုက်အောင်စေ့ထွက်ရှိမှု၊ မျိုးရွေးချယ်မှုများ၊ အထွက်နှုန်းများ၊ နေကြာဆီကြိတ်ခွဲမှုများအား စနစ်တကျ မှတ်တမ်းထားရှိရန်၊ အထွက်တိုးမျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးရန်နှင့် ရိတ်သိမ်းပြီးနေကြာပင်များအား သဘာဝမြေသြဇာများ ပြုလုပ်၍ အကျိုးရှိစွာ အသုံးပြုရန်မှာကြားခဲ့ပါသည်။ အဆိုပါ ( Super sun-41 )ဆောင်းနေကြာစံပြကွက် ရိတ်သိမ်းရာမှ (၁)ဧကလျှင် နေကြာတင်း (၅၂.၄၇)တင်း ထွက်ရှိခဲ့ပါသည်။
တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တွင် (၁)မြို့နယ်လျှင် နေကြာ(၁၀)ဧက စံပြစိုက်ခင်းများထူထောင်ပြီး တောင်သူအသိပညာပေးဆောင်ရွက်ခဲ့ရာ ယခုစိုက်ပျိုးထားသောမြေအမျိုးအစားမှာ နေကြာဖြစ်ထွန်းသော သဲနုန်းမြေမဟုတ်သော်လည်း ရိုးပြတ်ကျန် လယ်မြေပေါ်တွင် မျိုး၊ မြေ၊ ရေ၊ နည်း စနစ်များဖြင့် ရေကိုဂရုတစိုက် ပေးခြင်း၊ နည်းပညာကို စနစ်တကျ အသုံးချခြင်း ၊ ဓါတ်မြေဩဇာ သဘာဝမြေဩဇာများကို မြေခံထည့်သွင်းခြင်း၊ အပင်ရက်သားအဆင့်ဆင့်အလိုက် ရွက်ဖျန်းအားဆေး၊ အပင်ပိုးမွှားရောဂါကာကွယ်ဆေးဖျန်းခြင်းများ၊ ဓါတ်မြေဩဇာ သဘာဝမြေဩဇာများ အပင်သက်တမ်းအလိုက်အချိန်ကိုက်အချိုးကျ ထည့်သွင်းပေးခြင်း၊ အပင်ပေါက်စုံရန်အချိန်မှစ၍ ဖူးကင်းဝင်စအချိန် ပျားပုံးများ ချထားခြင်း၊ ရိတ်သိမ်းချိန်အထိ အမြဲမပြတ် ဂရုစိုက်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းများကြောင့် အောင်မြင်ဖြစ်ထွန်းခဲ့ပါသည်။
တောင်သူများမှလည်း အမြဲမပြတ် လာရောက် လေ့လာခဲ့ခြင်း၊ အောင်မြင်ဖြစ်ထွန်းမှုများအပေါ် အဆင့်ဆင့် လုပ်ဆောင်ခဲ့မှုများအား အသိပညာပေး ရှင်းလင်းပြသခဲ့ခြင်းများကြောင့် နေကြာဖြစ်ထွန်းမြေမဟုတ်သော်လည်း မြေပြုပြင်မှု၊ ရေအသုံးချမှု၊ မျိုးကောင်းမျိုးသန့်ရွှေးချယ်စိုက်ပျိုးခဲ့မှု၊ နေကြာစိုက်ပျိုးခြင်းနည်းပညာအသုံးချမှုတို့ကိုဆောင်ရွက်ခဲ့မှု၊ အမြဲမပြတ် အပင်ပြုစုဂရုစိုက်မှုတို့ကြောင့် အပင်ဖြစ်ထွန်းအောင်မြင်ခဲ့သဖြင့် တောင်သူများမှ နေကြာစိုက်ပျိုးမှုအပေါ် စိတ်ပါဝင်စား၍ ယုံကြည်မှုများရှိလာကြောင်း သတင်းရရှိပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံသို့သွားရောက်၍ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးကုသရေးအဖွဲ့မှ သွားဘက်ဆိုင်ရာဆရာဝန်၊ ခွဲစိပ်အထူးကု၊ အရိုးအထူးကု၊ ဆေးပညာအထူးကု၊ မျက်စိအထူးကု၊ ကလေးအထူးကု၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဆေးလာရောက်ကုသသည့် လူနာများအား ရင်းရင်းနှီးနှီး အားပေးစကားများပြောကြားခဲ့ပါသည်။
အထူးကုဆေးကုသရေးအဖွဲ့သည် သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် အထွေထွေရောဂါလူနာ (၁၁၂)ဦး၊ ခွဲစိတ်လူနာ (၂၅) ဦး၊ အရိုးရောဂါလူနာ (၈၆) ဦး၊ သားဖွားမီးယပ်လူနာ (၄၁) ဦး၊ မျက်စိလူနာ (၁၁၂) ဦး၊ ကလေးလူနာ (၁၄) ဦး၊ အကြောအဆစ်ပြန်လည်သန်စွမ်းရေးလူနာ (၄)ဦး၊ သွားရောဂါလူနာ (၂၉) ဦး၊ စုစုပေါင်းလူနာ (၄၂၃) ဦး တို့ကို ကြည့်ရှုဆေးကုသမှုပေးခဲ့ပြီး တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း (၆၀) ဦး၊ ECG နှလုံးစက်ဆွဲခြင်း (၅၇)ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
Read More...
17-Mar-2024