သတင်းများ


ရေကြည်မြို့၏ကျက်သရေဆောင် သမိုင်းဝင်ဒီပါရုမ်စေတီတော်မြတ်ကြီး၏ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်လောင်းလှူပူ‌ဇော်
သာသနာတော်နှစ်၂၅၆၆ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်ခရိုင်၊‌ ရေကြည်မြို့၏ ကျက်သရေဆောင် သမိုင်းဝင်ဒီပါရုမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ရင်ပြင်တော်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များတက်ရောက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီး၊ဆရာလေးများအား ဆွမ်းဆန်‌တော်များလောင်းလှူခဲ့ကြသည်။ ဦးစွာ ဘုရားအမှူးပြုသော ရေကြည်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၈၅)ကျောင်းမှ သံဃာတော် (၅၁၉)ပါးနှင့် သီလရှင်ကျောင်း(၁၂)ကျောင်းမှ သီလရှင် ဆရာကြီး၊ဆရာလေး (၇၄)ပါး၊စုစုပေါင်း (၅၉၃)ပါးတို့မှ ဒီပါရုမ်စေတီတော်မြတ်ကြီးအား လက်ယာရစ် ဆွမ်းဆန်တော်များနှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို အလှူခံတော်မူရာ ဝန်ကြီးချုပ်အမှူးပြုသော စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော်များနှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လောင်းလှူခဲ့ကြသည်။ ဆက်လက်၍ ရေစက်ချမင်္ဂလာအခမ်းအနားအား သန္တိသုခတန်ဆောင်း‌တော်အတွင်း၌ပြုလုပ်ရာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပူဇော်ခဲ့ပြီးနောက် ဒီပါရုမ်စေတီတော် ဂေါပကမှ လှူဒါန်းဖွယ်ရာအဖြာဖြာတို့ကို လျှောက်ထားတင်ပြခဲ့သည်။ ဆက်လက်၍ ဒီပါရုမ်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက (၈)ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့ရိုးကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ကောင်းမှုကုသိုလ်အစုအစုတို့အတွက် ရေစက်သွန်းချ ဆုတောင်းအမျှပေးဝေခဲ့ကြကာ ရေစက်ချမင်္ဂလာအခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ရေကြည်မြို့နယ်၊ ရန်မျိုးအောင်- ရုံးတုံး- အစုကြီးကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိများသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ရေကြည်မြို့နယ်၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(ဧရာဝတီမှ) ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး လမ်းအရှည် (၁မိုင်၂ဖာလုံ) အကျယ်၁၂ပေနှင့် ထု၇လက်မရှိကြောင်းသိရပြီး ကျေးရွာ(၁၅)ရွာ၊ အိမ်ခြေ(၁၉၅၀)မှ လူဦးရေ(၅၉၇၃)ဦးအား အကျိုးပြုမည်ဖြစ်သည်။


Read More...
24-Mar-2024
(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ချင်းကုန်း-ချောင်းဖျား-ငပိဆိပ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအားတက်ရောက်၊ နွေစပါးစံကွက်ရိတ်သိမ်းပွဲတက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့နေ့လည်ပိုင်းတွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်တို့တွင်ပြုလုပ်သည့် (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် လမ်းသစ်ဖွင့်ပွဲများအား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကွမ်းသီးချောင်းကျေးရွာတွင်ပြုလုပ်သည့် (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ချင်းကုန်း-ချောင်းဖျား-ငပိဆိပ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအားတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)က ချင်းကုန်း-ချောင်းဖျား-ငပိဆိပ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကာ ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၀/၄ )မိုင်၊ အကျယ် (၁၂) ပေနှင့် ထု (၇) လက်မရှိကြောင်းသိရသည်။ ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်ကျေးရွာရှိ တောင်သူ ဦးကျော်ညွန့်၏ လယ်မြေ ဧက၃၀တွင်ပြုလုပ်သည့် ဒုတိယသီးနှံနွေစပါး(နယူးဧရာ-၁)စံကွက်ရိတ်သိမ်းနေမှုအားကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ သွင်းအားစုများစနစ်တကျ ထည့်သွင်းဆောင်ရွက်မှု၊ အထွက်တိုး မျိုးစပါးများနှင့် စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးမှု အထွက်နှုန်းတိုးတက်စေရေး ဆောင်ရွက်နေမှုများအား ဆွေးနွေးမေးမြန်းခဲ့ကာ စပါးရိတ်သိမ်း ပြီးပါက တတိယသီးနှံ(နွေနှမ်း)ထပ်မံစိုက်ပျိုးစေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များ အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့သည်။ အဆိုပါ ဒုတိယသီးနှံနွေစပါး(နယူးဧရာ-၁)စံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် ပျမ်းမျှ (၁၆၂)တင်းထွက်ရှိခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ကြိုးကြာကွင်းကျေးရွာ၌ပြုလုပ်သည့် (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကြိုးကြာကွင်း- ဂုန်မင်း မြေရောကျောက်လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကာ ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် မြေရောကျောက်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် ( ၀/၅)မိုင်၊ အကျယ် (၁၂ ) ပေနှင့် ထု (၄ ) လက်မရှိကြောင်းသိရသည်။


Read More...
22-Mar-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၇) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းတန်းကျောင်း(ပုသိမ်)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ်(၇) သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းအနေဖြင့် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ ဒေသခံများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းအလမ်းများ ပိုမိုရရှိလာမည်ဖြစ် ပါကြောင်း၊ တိုင်းဒေသကြီးတွင် ကမ်းခြေခရီးသွားလုပ်ငန်းဖွံ့ဖြိုးပြီး မြို့ကြီးများတွင်လည်း ဟိုတယ်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်လျက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အတွက် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းသည် လက်တွေ့အသုံးဝင်သကဲ့သို့ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းသည်လည်း အမျိုးသမီးငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရှာဖွေပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဘာသာရပ်အလိုက် လက်တွေ့ လုပ်ငန်းခွင်ဝင် ဆောင်ရွက်ရာတွင် လိုအပ်ချက်များမရှိစေရေး စာတွေ့လက်တွေ့ပြည့်စုံစွာ သင်ကြားပေးခြင်းဖြင့် လုပ်ငန်းခွင်တွင် များစွာအထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း မိမိတို့ သင်ကြားလေ့လာတတ်မြောက်သည့် ဘာသာရပ်အလိုက်ဖန်တီးမှုအသစ်များကို တီထွင်ကြံဆမှုများဖြင့် အောင်မြင်အောင်ကြိုးစား ဆောင်ရွက်သွားကြရန်နှင့် မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံ အကျိုးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောက်ရွက်ကြ စေလိုကြောင်း” အမှာစကား များ ပြောကြားခဲ့ပြီး သင်တန်းတွင် ဆုရရှိသည့်သင်တန်းသားများအား ထူးချွန်ဆုများနှင့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းတန်းကျောင်း(ပုသိမ်)မှ ကျောင်းအုပ်ကြီး ထံသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၇)မှ သင်းတန်းသားများကိုယ်စား သင်တန်းသူတစ်ဦးနှင့် သင်တန်းအားတစ်ဦးတို့အား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ် ခဲ့ပြီးနောက် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းကျောင်းအုပ်က သင်တန်းမှသင်ကြား ပေးသည့် သင်ခန်းစာများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် သင်တန်းဆင်းကျောင်းသူများ ချုပ်လုပ်ထားသည့်လက်ရာများကိုကြည့်ရှုအားပေးခဲ့သည်။ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်း တန်းကျောင်း(ပုသိမ်) တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇)၌ သင်တန်းသူ (၂၅)ဦး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ်(၇)၌ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးတို့အား သင်တန်းဆင်းပေးနိုင်ခဲ့ကြောင်းသိရသည်။


Read More...
22-Mar-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းရင်းသားရေးရာအလုပ်ရုံဆွေးနွေးပွဲတက်ရောက်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်း၌တွင် တိုင်းရင်းသားရေးရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်မှတာဝန်ရှိသူများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှတာဝန်ရှိသူများ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် တိုင်းရင်းသားများတက်ရောက်ခဲ့ကြသည်။ တိုင်းရင်းသားရေးရာအလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးချုပ်က“ မိမိတို့ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းစည်း လုံးလုံးဖြင့် စုပေါင်းနေထိုင်သည့် တိုင်းဒေသကြီးတစ်ခုပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများ၏ စာပေသင်ကြားရေး၊ တိုင်းရင်းသားရိုးရာဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ်များနှင့် အခမ်းအနားများကို အစဉ်အလာမပျက် ကျင်းပနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းရင်းသားများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးစသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ TA/LT ဆရာဆရာမ ၆၃၀ဦးထပ်မံခန့်ထားနိုင်ခဲ့ပြီး တိုင်းရင်းသားဘာသာ သင်ကျောင်း ၁၂၆ကျောင်းကိုလည်း တိုးချဲ့ ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသားဘာသာများသင်ကြား ပေးခြင်းဖြင့် တိုင်းရင်းသားကလေးငယ်များအတွက် စာပေလေ့လာသင်ယူရာတွင် လွယ်ကူစွာ လေ့လာ သင်ယူနိုင်မှာဖြစ်ပါကြောင်း၊ တိုင်းရင်းသားဘာသာသင်ဆရာ/ ဆရာမများကလည်း ကလေးငယ်များပညာရေးကောင်းမွန်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်လူရွယ်များ ဖြစ်စေရေး ပူးပေါင်းဆောင်ရွက်ပေး ကြရမှာဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများပါ တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းဆောင်ရွက်ရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်စသည့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြမည်ဖြစ်၍ တက်ရောက်လာကြသည့် တိုင်းရင်းသားများ အနေဖြင့် မိမိတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှုများကိုလည်း ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အပြန်အလှန်အကြံပြုဆွေးနွေးကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားများ၏ လူမှုစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ယခုဆွေးနွေးပွဲရလဒ်မှ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားများ အတူတကွလက်တွဲဖော်ဆောင် ကြစေလိုကြောင်း” တိုက်တွန်း အမှာ စကားများ ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက်ရောက်လာကြ သူများမှ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီးနောက် ပုသိမ်တက္ကသိုလ် မြန်မာစာဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမှ တိုင်းရင်းသားရေးရာအလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယပိုင်းအားဆက်လက်ပြုလုပ်ခဲ့ကြောင်းသိရသည်။


Read More...
21-Mar-2024
၁၃၈၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၉.၃.၂၀၂၄)ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ ၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ များနှင့် လုပ်ငန်းကော်မတီများမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မဟာသင်္ကြန် ပွဲတော်ကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးမြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် လမ်းလျှောက်သင်္ကြန်အား စည်ကားသိုက်မြိုက်စွာ ထည့်သွင်း ကျင်းပနိုင်ခဲ့ပါကြောင်းနှင့် လမ်းလျှောက်သင်္ကြန်တွင် ပုသိမ်မြို့၏အမှတ်သင်္ကေတဖြစ်သည့် ပုသိမ်ထီးများဖြင့် အလှဆင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာမဏ္ဍပ်များ၊ ရပ်ကွက်အလိုက်မဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များအား လှပတင့်တယ်သောဒီဇိုင်းများဖြင့် စနစ် တကျနေရာချထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစား နိုင်ရေးအတွက် ရေကောင်းရေသန့်များရရှိအောင် စီစဉ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မဟာ သင်္ကြန်ပွဲတော်ကာလအတွင်း မှတ်တမ်းတင်ရိုက်ကူးရေး၊ သတင်းထုတ်ပြန်ရေးကိစ္စများကိုလည်း ကြိုတင်ပြင်ဆင်၍ အချိန်မီဆောင်ရမည် ဖြစ်ပါကြောင်း၊ ပြည်သူများအန္တရာယ်ကင်းစွာ ရေကစား နိုင်ရေး ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကိုလည်း အထူးအလေးထား ဆောင်ရွက်ရန်လိုပါကြောင်း၊ ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များအား ပြင်ဆင်မှုကောင်း ကောင်းဖြင့် ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေနိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပွဲတော်ကာလအတွင်း ရေကစားသူများ မူးယစ်ရမ်းကားမှုများ မရှိစေရေး၊ ယဉ်ကျေးမှုနှင့် မကိုက်ညီသော ဝတ်စားဆင်ယင်မှုများမရှိစေရေးနှင့် အန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံရေးအစီအစဉ်များနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများအား စနစ်တကျ စီစဉ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရားတော်များနာယူခြင်း၊ ဘေးမဲ့ငါးလွှတ်ခြင်း၊ သက်ကြီးဘိုးဘွားပူဇော်ခြင်းများကိုလည်း ရိုးရာယဉ်ကျေးမှုနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မဟာင်္ကြန်ပွဲတော်အား ယခင်နှစ်ထက် ပိုမိုစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန်၊ အားလုံးပူးပေါင်းပါဝင်ပြီး ပျော်ရွှင်စွာဆင်နွဲသည့် သင်္ကြန်ဖြစ်စေ ရန်နှင့် မှတ်တမ်းတင်ကျန်ရှိစေရေးအတွက် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေး ကြရမည်ဖြစ်ပါကြောင်း” အဖွင့်အမှာစကားများ ပြောကြားသည်။ ထို့နောက် မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူးက ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှုများနှင့် ယခင်နှစ်တွင် ကျင်းပခဲ့သည့် မဟာသင်္ကြန်ပွဲတော်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဗဟိုမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းကော်မတီ၊ လမ်းလျှောက်သင်္ကြန် ကျင်းပရေးလုပ်ငန်း ကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်း ကော်မတီ၊ ဗဟိုမဏ္ဍပ်နေ့စဉ်ကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ၊ ယိမ်းပြိုင်ပွဲနှင့်ဖျော်ဖြေရေး လုပ်ငန်းကော်မတီ၊ ပရိတ်တရားနာနှင့် ဘေးမဲ့ငါးလွှတ်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ သက်ကြီး ပူဇော်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် စိစစ်သုံးစွဲရေးလုပ်ငန်းကော်မတီ၊ စာရင်းစစ်ဆေးရေးကော်မတီ၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ဆယ်တင်ပစ္စည်းများစိစစ်၍ ပြန်လည်ရောင်းချရေးကော်မတီများက ကော်မတီအလိုက် ဆောင်ရွက်မည့်အစီအမံများနှင့် အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။


Read More...
20-Mar-2024