သတင်းများ


၂၀၂၂ခုနှစ်၊ ‌ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်‌ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံပေးအပ်
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၃၀ ရက်နေ့ညနေ ၃နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်း  အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး ပိုက်ကျော်ခြင်း အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား နေပြည်တော်၌ ဇူလိုင်လ ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း၊  ၃၁ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ လက်ရွေးစင်အားကစာသမားများဖြစ်ခဲ့ကြသည့် နိုင်ငံဂုဏ်ဆောင် အမျိုးသမီးအားကစားသမားနှစ်ဦးသည် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၂)ခု၊ ကြေးတံဆိပ်(၂)ခု ရရှိခဲ့ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲတွင်လည်း အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိခဲ့ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမားများအနေဖြင့် အားကြိုးမာန်တက် ယှဉ်ပြိုင်ကစားကြရန်၊ ပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် အားကစားမောင်/မယ်များ၊ အသင်းအုပ်ချုပ်သူများအနေဖြင့် မိမိတို့အသင်း အောင်မြင်မှု ဆက်လက်ရရှိအောင် ဆထက်ထမ်းပိုး ကြိုးစားဆောင်ရွက်သွားရန်၊နည်းပြများအနေဖြင့် မိမိအသင်း၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ကာ ပြိုင်ပွဲတွင် အနိုင်ရရှိရေး စွမ်းဆောင်ပေး ကြရန်ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းမှတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုဆုငွေများအား ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့သည်။အဆိုပါ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲတွင် အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ လက်ထောက်နည်းပြ ၆ ဦးနှင့် ပြိုင်ပွဲဝင် အမျိုးသား၊ အမျိုးသမီး ၂၃ ဦးပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရသည်။


Read More...
30-Jun-2022
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာတွင်(၁)ဧက တင်း (၁၀၀)ထွက်ရှိစေရေးအတွက် ဧက၁၀၀ တောင်သူများ၏ ဘောင်ပျိုးခင်းစနစ် မျိုးစေ့ချပွဲ တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် အိမ်မဲမြို့နယ်၊ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ၊ ဧက ၁၀၀ တောင်သူများတွင်ပါဝင်သည့် တောင်သူ  ဦးမျိုးနိုင်၏ လယ်မြေ (၅)ဧကတွင် ပြုလုပ်သည့် (၁)ဧက တင်း (၁၀၀)ထွက်ရှိစေရေးအတွက် ဘောင်ပျိုးခင်းစနစ် မျိုးစေ့ချပွဲ တက်ရောက်၍ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ တောင်သူများက ဘောင်ပျိုးခင်းစနစ်ဖြင့် ဆင်းသုခ မျိုစပါးများ မျိုးစေ့ချစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးမှ (၁)ဧက၊ တင်း(၁၀၀)ထွက်ရှိစေရေးဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပန်းတိုင်အထွက်နှုန်းရရှိးရေး၊ အထွက်တိုးမျိုးကောင်းမျိုးသန့်များသုံးစွဲစေရေးနှင့် စိုက်ပျိုးရေးနည်းစနစ်များမှန်ကန်စေရေး တောင်သူများအား အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားကြီးကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ ကျောင်းသားကျောင်းသူများတွင် သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောက်ဂါများဖြစ်ပွားမှုမရှိစရေးဂရုတစိုက်ဆောင်ရွက်ကြရန်မှာကြားခဲ့ကာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများအတွက် ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။


Read More...
29-Jun-2022
လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၂/၂၀၂၂) သင်တန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်မြို့၌ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၂/၂၀၂၂) ဖွင့်ပွဲအား  ယနေ့ နံနက် ၈ နာရီခွဲအချိန်က ဧရာရွှေဝါခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အခြေခံသော တိုင်းဒေသကြီးဖြစ်ပြီး စပါးအပါအဝင်သီးနှံစုံ ဧက ၈၁သိန်းကျော် စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိရာ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ အရည်အသွေးကောင်းမွန်ပြီး ဘေးကင်းလုံခြုံစိတ်ချရသောသီးနှံများထွက်ရှိရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ခင်းများတွင် ပိုးမွှားများကျရောက်လာပါကနှိမ်နှင်းနိုင်ရန်  ပိုးသတ်ဆေးများအသုံးပြုကြရာတွင် ပိုးသတ်ဆေးဥပဒေအတိုင်းလိုက်နာဆောင်ရွက်စေရန်၊ ပိုးသတ်ဆေးနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းအန္တရာယ်ကိုသိရှိနားလည်ပြီးစနစ်တကျကိုင်တွယ်သုံးစွဲတတ်စေရန်၊ ဘက်စုံသီးနှံကာကွယ်ရေးလုပ်ငန်းစဉ်တွင် ဓာတုနည်းဖြင့်ကာကွယ်နှိမ်နှင်းခြင်းကို ထိရောက်အောင်မြင်စေရန်နှင့် သဘာဝပတ်ဝန်းကျင်မပျက်ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ ယနေ့သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ပိုးသတ်ဆေးများကို စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးပြုရာတွင် လိုတာထက်ပို၍သုံးစွဲမိပါက သီးနှံထိခိုက်မှုများရှိလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်ပိုးသတ်ဆေးအသုံးပြုသူများ၊ ရောင်းချသူများအနေဖြင့် သုံးစွဲသင့်သည့်ပိုးသတ်ဆေးများ၊မသုံးစွဲသင့်သည့်ပိုးသတ်ဆေးများအား ယခုသင်တန်းတွင် ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများအနေဖြင့် လိုက်နာမှတ်သား၍ ဆင့်ပွားအသိပညာပေးမှုများ ပြုလုပ်ရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ကျရောက်တတ်သောပိုးမွှား အန္တရာယ်များအား တွန်းလှန်ကာကွယ်နိုင်ရန်နှင့် သီးနှံအထွက်နှုန်းများ တိုးတက်စေရန်၊ အရည်အသွေးရှိပြီး ရောင်းတန်းဝင် သီးနှံများရရှိစေနိုင်ရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်” ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိန်မောင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးရုံးချုပ်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ သင်တန်းမှုးဆရာမ ဒေါ်ဆိုင်းရော်က သင်တန်းစည်းကမ်းများကိုရှင်းလင်းခြင်းနှင့်သင်တန်းပို့ချနေမှုကိုကြည့်ရှုအားပေးခဲ့သည်။ အဆိုပါသင်တန်းအား ယခုလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၂၅၅ ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။


Read More...
28-Jun-2022
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားတက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အမှတ် (၃၆) မှန်စက်ရုံ ရုံးဝန်းအတွင်း ဆိပ်ခံဘောတံတား၌ ငါးလုပ်ငန်းဦးစီးဌာနမှ ပြုလုပ်သည့် တိုင်းဒေသကြီးအတွင်း ငါးသယံဇာတများ မြှင့်တင်နိုင်ရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား တက်ရောက်ခဲ့၍ ငဝန်မြစ်အတွင်း ငါးမြစ်ချင်း ကောင်ရေနှစ်သိန်းခွဲ၊ ငါးခုံးမကြီး ကောင်ရေ နှစ်သိန်းနှင့် ရွှေဝါငါးကြင်း ငါးသောင်း စုစုပေါင်း အကောင်ရေ (၅)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ တိုင်းဒေသကြီးအတွင်း ငါမျိုးကောင်ရေ ၂၁၁ သိန်းကျော် စိုက်ထည့်ရန်လျာထားပြီး ၂၆ သိန်းကျော်စိုက်ထည့်ပြီးစီးပြီး လျာထားချက်ပြည့်မီအောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းသိရှိရသည်။


Read More...
26-Jun-2022
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ သဘာဝပတ်ဝန်းကျင်စိန်းလမ်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေးနှင့် သစ်တောသယံဇာတများရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးတို့ကိုရည်ရွယ်၍ ပုသိမ်မြို့ အမှတ် (၃၆) မှန်စက်ရုံဝန်းအတွင်း၌ သစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂၀၂၂ခုနှစ်၊မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများအား တိုင်း၊ ခရိုင်၊ မြို့နယ်များအလိုက် ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ ယင်းသို့စိုက်ပျိုးရာတွင်တစ်ပင်စိုက်ပျိုးလျှင် တစ်ပင်ရှင်သန်အောင် သစ်တောဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းပြုစုရန်လည်း လိုအပ်ပါကြောင်း၊ စိုက်ပျိုးရန်လွယ်ကူသော်လည်း အပင်များ ရှင်သန်ကြီးထွားရန်အတွက် ပြုစုထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းသည် သက်ရှိသတ္တဝါ လူသားများအတွက် များစွာအထောက်အကူပြုပါကြောင်း၊ဒီရေတော စိုက်ခင်းများအတွက် ပျိုးပင်ပေါင်းဆယ်သိန်းကျော်အား ပျိုးထောင်ထားရှိပြီး  သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရန် ကမ်းခြေများနှင့် မြစ်ပေါက်ဝများတွင် တစ်အုပ်တစ်မစိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊  စီးပွားရေးကျွန်း၊ ပျဉ်းကတိုးစိုက်ခင်းများ၊ဒီရေတောများ၊ ထင်းစိုက်ခင်းများ၊တည်ထောင်ခြင်းဖြင့် ဧရာဝတီတိုင်းဒေသကြီး၏ သစ်တောဖုံးလွှမ်းမှု ဧရိယာများ ပိုမိုလာမည်ဖြစ်ပါကြောင်းနှင့် ဖြစ်ထွန်းအောင်မြင်အောင်ထိန်းသိမ်းသွားကြရန်လိုကြောင်း”ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဆောင်၍ သစ်ပင်များအားစုပေါင်းစိုက်ပျိုးခဲ့ပြီး ဝန်ကြီးချုပ်နှင့်အတူ တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ပိတောက်၊ ခရေ၊ ပုန်းညက်၊ မန်ဂျန်ရှား အစရှိသည့် ပျိုးပင်ပေါင်း ၃၀၀၀ အား စိုက်ပျိုးခဲ့ကြောင်းသိရသည်။


Read More...
26-Jun-2022