သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ (၃/၂၃) ဒုတိယနှစ်သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းနှင့် နွေရာသီအားကစားသင်တန်းများကြည့်ရှု့အားပေး
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ (၃/၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။


Read More...
24-Apr-2024
ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၂၅)နှစ် အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားများကျင်းပ
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစား ခန်းမတွင် ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး


Read More...
23-Apr-2024
ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် နွေရာသီကင်းထောက်လူငယ် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့်နွေရာသီကင်းထောက်လူငယ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရတနာတန်ဆောင်ခမ်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ကင်းထောက်လူငယ်များ တက်ရောက်ခဲ့ကြသည်။


Read More...
23-Apr-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ခုနှစ်၊လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲကို ယနေ့ ညနေပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝန် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လူရည်ချွန်မောင်မယ်များတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “လူရည်ချွန်စခန်းအသီးသီးသို့ သွားရောက်ကြမည့် မိမိတို့တိုင်းဒေသကြီးမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ ၆၄ ဦးနှင့်ကြီးကြပ်သူဆရာ၊ ဆရာမ(၄)ဦးတို့အား ဂုဏ်ပြုတွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ လူရည်ချွန်မောင်မယ်များသည် ဘက်စုံထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်သောကြောင့် မျိုးဆက်သစ် ညီငယ်ညီမငယ်များ၏စံနမူနာပြဖြစ်ရန် လူရည်ချွန်မောင်မယ်များအဖြစ် ရွေးချယ်ခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်တွင် တိုင်း​ဒေသကြီးအတွင်း ငွေဆောင်လူရည်ချွန်စခန်းနှင့် ချောင်းသာလူရည်ချွန်စခန်းနှစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနယ်နယ်အရပ်ရပ်ရှိ လူရည်ချွန်များစခန်းများသို့ရောက်ရှိကြသည့်အခါ မိမိတို့တိုင်းဒေသကြီး၏ ဒေသဆိုင်ရာအချက်အလက်များအားသိရှိပြီး ​ဒေသန္တရဗဟုသုတများအား နှီးနှောဖလှယ်ဆွေးနွေးကြ‌စေလိုကြောင်း၊ လူရည်ချွန် ကျောင်းသား၊ကျောင်းသူများအ​နေဖြင့် အနာဂတ်ခေါင်းဆောင်များအဖြစ် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ကြရမည်ဖြစ်ပြီး ဘက်​ပေါင်းစုံမှထူးချွန်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူရည်ချွန်မောင်မယ်များဖြစ်စေရေး ကြိုးပမ်းကြ​စေလို​ကြောင်း” ဂုဏ်ပြုနှုတ်ခွန်းဆက်စကားများ ပြောကြားပြီး လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများအားပေးအပ်ရာ လူရည်ချွန်မောင်မယ်များကိုယ်စား လူရည်ချွန်မောင်မယ်နှစ်ဦးက လက်ခံရယူခဲ့သည်။ ထို့နောက် ပုသိမ်မြို့အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း Grade-11မှ နှစ်ထပ်ကွမ်းလူရည်ချွန် မအိအိတုံက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား မြန်အောင်ခရိုင်ပညာရေးမှူးက Grade-9၊ Grade-10၊ Grade-11၊ Grade-12တို့မှ လူရည်ချွန်မောင်မယ်များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် Grade-9၊ Grade-10နှင့် Grade-11၊ Grade-12တို့မှ လူရည်ချွန်မောင်မယ်များ၊ ကြီးကြပ်ဆရာ၊ ဆရာမများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး လူရည်ချွန်မောင်မယ်များအား စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။


Read More...
22-Apr-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား အားကစားသမားများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်“ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များအားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ အသိပညာဗဟုသုတများ၊ တိုင်းပြည်နှင့်လူမျိုးကို ချစ်သည့်စိတ်များ တိုးပွားလာစေရေးတို့ အတွက် လူငယ်နှင့်ပတ်သက်သည့် သင်တန်းများ၊ လှုပ်ရှားမှုကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များ အလိုက်စနစ်တကျ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌လည်း သင်္ကြန်ကာလမတိုင်မီက တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးပြီး အားကစားနည်း(၁၀)မျိုးဖြင့် သင်တန်းသား၊ သင်တန်းသူ ပေါင်း(၂၄၈)ဦးဖြင့်အခြေခံသင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို ဦးတည်ဆောင်ရွက်နေသကဲ့သို့ အားကစားနည်းအလိုက် စနစ်တကျတတ်သိနားလည် လေ့ကျင့်လိုက်စားနိုင်ရေးအတွက် ယခုလိုနွေရာသီအဆင့်မြင့် အားကစားသင်တန်းများကို ထပ်မံဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ မြန်မာ့အားကစားကို နိုင်ငံတကာအဆင့်မှီတက်လှမ်းနိုင်ရန် ရည်ရွယ်ပြီးရေတို၊ ရေရှည်စီမံကိန်းများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာတွင် မျိုးဆက်သစ် လူငယ်များစုဆောင်းရရှိရေးသည် အဓိကအရေးကြီးဆုံးဖြစ်ပါကြောင်း၊ လူငယ်သွေးသစ်အားကစားသမားများကို အခြားနိုင်ငံများနည်းတူ ခေတ်မီအားကစားပစ္စည်းများနှင့် လေ့ကျင့်နိုင်ရန် အားကစားကွင်း အားကစားရုံများ ပြည့်စုံစေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အလေးထားစီစဉ်ဆောင်ရွက် ပေးလျက်လည်းရှိပါကြောင်း၊ “ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး နှင့် ပညာရည်မြင့်မားရေး” ဆိုသည့် ရည်ရွယ်ချက်ကို အောင်မြင်စေရန် လူတစ်စုအားကစားမှ လူထုလူတန်းစား တစ်ရပ်လုံးပါဝင်သည့် အားကစားဖြစ်လာအောင် အဖက်ဖက်မှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ အနာဂတ်မျှော်မှန်းချက်များ ဖြစ်မြောက်လာအောင် ယခုသင်တန်းကို တက်ရောက်ကြသည့် သင်တန်းသား/သင်တန်းသူများ၊ အားကစားသမား များနှင့် မိဘပြည်သူများအားလုံးက ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း၊ ယခုဖွင့်လှစ်သည့်ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့်သင်တန်း၌ အားကစားနည်း(၁၀)မျိုး ဖြစ်သည့် ဘောလုံး၊ တိုက်ကွမ်ဒို၊ ရိုးရာခြင်း၊ မြန်မာသိုင်း၊ တင်းနစ်၊ ရေကူး၊ ကြက်တောင်၊ စက်ဘီး၊ အေရိုးဗစ်နဲ့ / Physical Fittness Dance သင်တန်းများကို သင်ကြားပေးသွားမည် ဖြစ်သည့်အတွက် သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းများကို ပြီးမြောက် အောင်မြင်အောင်တက်ရောက်ရန်နှင့် မိမိတို့၏ အားကစားအဆင့် အတန်းတိုးတက်လာအောင် အထူးကြိုးစားတက်ရောက်ကြစေလိုကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် တိုက်ကွမ်ဒိုသင်တန်းသားများမှ သရုပ်ပြသခြင်း၊ မြန်မာ့လက်ရွေးစင်ခြင်းလုံးအားကစားမယ် မှုံနံ့သာနှင့်အဖွဲ့မှ သရုပ်ပြသခြင်း၊ မြန်မာ့သိုင်း(လက်သိုင်း) သရုပ်ပြသခြင်းနှင့် Roler စက်ဘီးစီး ပြသခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။


Read More...
22-Apr-2024