သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် စာသင်ကြားနေမှုများကို ကြည့်ရှုအားပေး၊ စိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုအားပေး
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် စာသင်ဝိုင်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်ခရိုင်အတွင်းရှိ စာသင်ဝိုင်းများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း စာသင်ဝိုင်းသို့သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသား ပြည်သူများအား သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအတွက် လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း စာသင်ဝိုင်းသို့သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသားပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအတွက် လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာကွင်းသို့ရောက်ရှိ၍ ဒေသခံတောင်သူများ၏ နွေစပါး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သည့် အလျား ၄၅ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၅ ပေ၊ RC ကွန်ကရစ် ဂုံမင်းကျေးရွာအုပ်စု အမှတ် ၁၂ မြောင်းကူးတံတား တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာပေါင်းမြို့နယ်၊ ဂုံမင်းကွင်းသည် ယခင်က မိုးစပါး ရေကျနောက်စိုက် တစ်သီးသာစိုက်ပျိုးနိုင်ပြီး ယခုအခါ ဆည်မြောင်းများ တူးဖော်ပြီးစီးသဖြင့် ရေစီးရေလာကောင်းမွန်ပြီး ရေကျစောကာ မိုးစပါးအား အချိန်စော၍ စိုက်ပျိုးနိုင်သည့်အပြင် စိုက်ပျိုးရေး အောင်ရေလုံလောက်စွာရရှိသဖြင့် နွေစပါးကိုပါ ထပ်မံစိုက်ပျိုးလာနိုင်ပြီဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် ဒေသခံများသွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် ကုန်ထုတ်လမ်းများကို ဖောက်လုပ်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ အထွက်တိုးမျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးပြီးသွင်းအားစုများကိုလည်း အချိန်ကိုက်အချိုးကျထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းစေရေး၊ သီးထပ်စွမ်းအားတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ကြောင်း မှာကြားခဲ့ပါသည်။


Read More...
21-Apr-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ gasifier နှင့် gas engine စနစ်ဖြင့်လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက် တပ်ဆင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ (၂၀.၄.၂၀၂၄)ရက်နေ့ နေ့လယ်ပိုင်းက မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ gasifier နှင့် gas engine စနစ်ဖြင့်လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား Global Earth Agro & Aqua Industry Public Co., Ltd ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စက်ရုံတွင် လေ့လာ ပညာသင်ယူနေသည့် ပုသိမ်၊ ဟင်္သာတနည်းပညာတက္ကသိုလ် မှ စက်မှု(Mechanical)၊ မြို့ပြ(Civil)၊ လျှပ်စစ်စွမ်းအား (E.P) နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူတို့က ကြိုဆိုခဲ့ကြသည်။ ထို့နောက် စက်ရုံတွင် Gasifier စနစ်ဖြင့် လျှပ်စစ်စွမ်းအား 12MW ထုတ်လုပ်မှုအတွက် Reactor မီးဖို (၁၂) လုံးတည်ဆောက်ထားရှိပြီး မီးဖိုနှင့်ဆက်စပ် လည်ပတ်မည့် gas engine (၂၄)လုံး အနက် (၁၃) လုံး ရောက်ရှိ တပ်ဆင်ထားမှု၊ ယခုနှစ်မေလကုန်တွင် ရှေ့ပြေးကာလစမ်းသပ်ထုတ်လုပ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် အဆင့်ဆင့်ထုတ်လုပ်သွားမည့်အခြေအနေများ၊ အဆင့်မြင့်နည်းပညာများသုံးစွဲထားပြီး ထွက်ရှိလာသည့်ဓာတ်ငွေ့ကို အအေးခံခြင်း၊ (E.S.P/ Electrostatic Precipitator) လျှပ်စစ်အမှုန်ဖမ်းစက်ယူနစ်ဖြင့် ကတ္တရာအမှုန် (Tar) အားဖယ်ထုတ်မှု၊ ဓာတ်ငွေ့တွင်ပါဝင်သည့် ရေမှုန်အားလုံးအား Water Drop Catcher ဖြင့် အပြီးသတ် ဖမ်းယူစစ်ထုတ်ပြီး သန့်စင်ဓာတ်ငွေ့များကို ဓာတ်ငွေ့လှောင်ကန်တွင် စုဆောင်းပြီး Gasifier Engine သို့ ဆက်လက်ပို့လွှတ်ပြီး လျှပ်စစ်ထုတ်လုပ်သည့်စနစ်၊ Gasifier မီးဖိုမှ ထွက်ရှိဓာတ်ငွေ့များကို အအေးခံရာတွင် Dry Process နည်းစနစ်ကို အသုံးပြုထား၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အထိရောက်ဆုံး ကာကွယ်ထုတ်လုပ်သည့် နည်းစနစ်များ၊ ဇီဝလောင်စာသုံး စပါးခွံလျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအပြင် ဇီဝလောင်စာသုံး Biomass စပါးခွံ အသုံးပြု၍ Steam Turbine စနစ်ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့်စက်ရုံအတွက် Steam Turbine ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိနေမှု၊ လုပ်ငန်းများတိုးတက် တပ်ဆင်နေမှုအခြေအနေများ၊ စပါးခွံများစနစ်တကျ သိုလှောင်နိုင်ရန် သိုလှောင်ရုံများ တည်ဆောက်နေမှု၊ CARBON-BASED BIO ORGANIC NPK FERTILIZER စက်ရုံတည်ဆောက်ရေးစီမံကိန်း လျာထားဆောင်ရွက်နေမှု၊ ရေသွင်းရေထုတ်မြောင်းများနှင့် ငါးမွေးကန်များတည်ဆောက်နေမှု၊ ငါးအသားလွှာပြုပြင်ထုတ်လုပ်ခြင်းနှင့် ထွက်ရှိငါးများအေးခဲစက်ရုံတွင် အအေးပေးသည့် စနစ်အတွက် စက်ပစ္စည်းများ ထပ်မံရောက်ရှိနေမှု၊ တပ်ဆင်ပြီးစီးနေမှုများ၊ Automatic cold storage warehouse စနစ်အတွက် racking system များ တပ်ဆင်နေမှုများနှင့် ပတ်သက်၍ လိုက်လံ ရှင်းလင်းတင်ပြခဲ့ပါသည်၊၊ ထို့နောက် ကုမ္ပဏီ အစည်းအဝေးခန်းမတွင် Global Earth Agro & Aqua Industry Public ကုမ္ပဏီလိမိတက်ဥက္ကဌ ဦးဌေးမြင့်နှင့် ကုမ္ပဏီတာဝန်ရှိသူများက စီမံကိန်းလုပ်ငန်း တိုးတက်ပြောင်းလဲလာမှု၊ ရေတွင်းမြောင်းတည်ဆောက်မှုအဆင့်ဆင့်၊ ငါးသားပေါက်ထုတ်လုပ်မှုစခန်း တည်ဆောက်မှုအဆင့်ဆင့်၊ ငါးသားပေါက်ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်မှု၊ ခေတ်မီငါးအသား ထုတ်လုပ်မှု၊ ငါးအစာတောင့်ထုတ်လုပ်မှု၊ ငါးကုန်ကြမ်းတန်(၁၀၀၀)ကျ ပြုပြင်ထုတ်လုပ်မှု အအေးခန်းစက်ရုံတည်ဆောက်မှု၊ ငါးကုန်ချောတန် (၃၀၀၀၀) အေးခဲသိုလှောင်ရုံတည်ဆောက်မှု၊ စီမံကိန်းလုပ်ငန်းအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို စပါးခွံလောင်စာသုံး(Gasifier)မှ (၁၂)မဂ္ဂါဝပ်နှင့် စပါးခွံလောင်စာသုံး ရေနွေးငွေ့လျှပ်စစ်ဓာတ်အားမှ (၃၀)မဂ္ဂါဝပ်ဖြန့်ဖြူး ထုတ်လုပ်ပေးနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စီမံကိန်းတစ်ခုလုံးပြီးစီးပါက ငါးမွေးမြူရေးမှစ၍ တန်ဖိုးမြင့်ထုတ်ကုန်အမျိုးမျိုးကို ပြည်တွင်း၊ ပြည်ပဈေးကွက် များထံသို့ ရောင်းချနိုင်မည့်အခြေအနေများ၊ ပြည်တွင်းစားသုံးမှုဖူလုံရေး၊ သွင်းကုန်အစားထိုး စီမံချက်နှင့် နိုင်ငံခြားဝင်ငွေတိုးမြှင့်ရရှိရေးအတွက် အထောက်အကူပြုနိုင်မည့်အခြေအနေများ၊ စီမံကိန်းမှ တန်ဖိုးမြှင့်ငါးထွက်ကုန်ပစ္စည်းများအပြင် စပါးခွံလောင်စာသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံမှရရှိမည့် ဘေးထွက်ပစ္စည်းများမှတဆင့် စိုက်ပျိုးရေးအထောက်အကူပြု သဘာဝမြေဩဇာ၊ ဇီဝပိုးပြေးဆေးရည်နှင့် Bio Tar မှတဆင့် ဆောက်လုပ်ရေးတွင် အသုံးပြုနိုင်မည့် Waterproofing နှင့် Anti Corrosion အတွက် အသုံးပြုနိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိရာ ထွက်ရှိလာသည့် သီးနှံ၊ သား၊ ငါး၊ ရေထွက်ပစ္စည်းများအား ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း၊ ယခုအခါ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တန်ဖိုးမြင့်ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ Gasifier စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ လုပ်ငန်းများသည်လည်း အကောင်ထည်ပေါ်လာပြီဖြစ်ပါကြောင်း၊ Gasifier အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက် တစ်နှစ်လျှင်ကုန်ကြမ်း စပါးခွံတန်ချိန် (၅) သိန်းကျော် လိုအပ်နေသည့်တင်ပြမှုအတွက် မိမိတိုင်းဒေသကြီးအတွင်း မိုး/နွေစပါး ဧက (၅၂) သိန်းကျော်မှ စပါးခွံများအား စနစ်တကျ ကြိုတင်စုဆောင်းသွားရန်လိုအပ်ကြောင်း၊ ငါးစာတောင့်စက်ရုံအတွက် လိုအပ်သည့် ကုန်ကြမ်းများအနက် ဆန်ကွဲ၊ ဖွဲနု၊ ပဲဖက်၊ နှမ်းဖက်၊ ပဲပုပ်ဖက်များ၊ ပီလောပီနံ၊ ငါးပေါင်းမှုန့်များမှာ မိမိတို့တိုင်းဒေသကြီးမှထွက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိသည့်အပြင် ဖွဲနုဆီစက်ရုံများ တည်ထောင်နိုင်ရေးအတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓါတ်အား လုံလောက်စွာရရှိရေး၊ စားသုံးဆီဖူလုံမှုရှိစေရေး၊ စိုက်ပျိုးသီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေးနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း” မှာကြားခဲ့ပါသည်။


Read More...
21-Apr-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့သွားရောက်၍ စိုက်ပျိုး​မွေးမြူ​ရေးလုပ်ငန်းများကြည့်ရှုအား​ပေး
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ ခတ္တိယကျေးရွာ၊ ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့သွားရောက်၍ GW-11နွေစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုအား​ပေးခဲ့ပြီး ငါးနှင့်စပါး အလှည့်ကျ မွေးမြူ၊ စိုက်ပျိုးရာတွင် အထွက်တိုး မျိုး​ကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးမွေးမြူကြရန် မှာကြားခဲ့ပါသည်။ အဆိုပါ ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီ၏ ငါး​မွေးမြူ​ရေးကန်များမှ ငါးဖမ်းပြီး လှပ်ထားသည့် ဧက ၁၆၀၀ တွင် ​နွေစပါး GW-11 ၈၉၀ ဧက၊ ထွန်းပု ၄၆၅ ဧက၊ ရက်ကိုးဆယ် ၂၄၅ ဧက စိုက်ပျိုးထားရှိပြီး GW-11နွေစပါးစံကွက် ရိတ်သိမ်းရာတွင် ၁ ဧကလျှင် စပါးအခြောက် ၁၃၀ တင်း ထွက်ရှိ​​ပါသည်။ စပါးသိမ်းပြီးစီးသည့်ငါးကန်များတွင် ရေပေးသွင်းကာငါးများပြန်လည်မွေးမြူထားကြောင်းသိရသည်။ ငါးဖမ်းပြီးချိန်တွင် စပါးစိုက်ပျိုးခြင်း​ကြောင့် ငါးမှစွန့်ပစ်ပစ္စည်းများမှ စိုက်ပျိုး​ရေးအတွက် မြေသြဇာအဖြစ်ရရှိခြင်း၊ သွင်းအားစုကုန်ကျစရိတ်များ​လျော့ချနိုင်ခြင်း၊ ငါးပြန်လည်​မွေးမြူရာတွင် အဆိပ်အ​တောက်ဖြစ်​စေနိုင်သည့် အမိုးနီးယားကို​လျော့ချ​​ပေးနိုင်ခြင်း၊ စပါး၊ ငါး ဝင်​ငွေနှစ်မျိုးရရှိနိုင်ခြင်း စသည့် အကျိုး​ကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီ ငါး​မွေးမြူ​ရေးကန်အမှတ်(R2) ၁၆ ဧကတွင် ငါးမြစ်ချင်းငါးဖမ်းဆီးနေမှုများကို ကြည့်ရှုခဲ့သည်။


Read More...
20-Apr-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် စာသင်ကြားနေမှုများကို ကြည့်ရှုအားပေး
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ပူးပေါင်း​ဆောင်ရွက်သည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် စာသင်ဝိုင်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မအူပင်ခရိုင်အတွင်းရှိ စာသင်ဝိုင်းများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဆယ့်နှစ်ရွာအခြေခံပညာအထက်တန်းကျောင်းခွဲ စာသင်ဝိုင်းသို့သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် ဆရာ၊ ဆရာမများက စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအား လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာဓမ္မာရုံ စာသင်ဝိုင်းသို့ သွားရောက်ခဲ့ပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသားပြည်သူများအား သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့​နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ အလန်းအုပ်ကျေးရွာမူလတန်းလွန်ကျောင်းစာသင်ဝိုင်းသို့သွားရောက်ခဲ့ပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသားပြည်သူများအား သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအား လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။


Read More...
20-Apr-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ခုနှစ်၊ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ပွားချီးမြှင့်ပွဲ အခမ်းအနားကျင်းပ၊ ပုသိမ်စက်မှုဇုန်တွင် စပါးမျိုးစေ့ချကိရိယာ (Drum Seeder)နှင့် ကောက်စိုက်စက် ထုတ်လုပ်တပ်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ခုနှစ်၊ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ပွားချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းက ဝန်ကြီးများအိမ်ရာ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် (အဘိဓဇမဟာ ရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ် ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျယ်ချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ်တရားတော်များကို ဆက်လက်နာယူကြည်ညို ခဲ့ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၁၈ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်၊ စက်မှုဇုန်သို့သွားရောက်၍ တိုင်းဒေသကြီးတွင်မိုးစပါး၊ နွေစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေးအတွက် ကြဲခင်းများလျော့နည်းလာစေရန်ရည်ရွယ်လျက် လာမည့် မိုးစပါးရာသီတွင်စပါးမျိုးစေ့ချကိရိယာ(Drum Seeder)များဖြင့်စိုက်ပျိုးလာစေရန် စက်မှုဇုံများတွင် ဒေသအလိုက် မြေနှင့် မျိုးစပါးများအလိုက် ကိုက်ညီသည့် Drum Seeder များကိုစမ်းသပ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မှုများကိုသွားရောက်ကြည့်ရှုအားပေးဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက စပါးမျိုးစေ့ချကိရိယာ ဘီးခွေခြင်း၊ စပါးမျိုးစေ့ချ စည်လုံးအပေါက် ဖောက်ခြင်း၊ အပြီးသတ်တပ်ဆင်ခြင်းနှင့် ဆေးမှုတ်ခြင်းလုပ်ငန်း အဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများ များစွာရှိရန်လိုအပ်ပါကြောင်း၊ မိမိတိုင်းဒေသကြီးတွင် ထုတ်လုပ်အသုံးပြုခြင်းဖြင့်ထုတ်လုပ်မှု သယ်ဆောင်မှုစရိတ် သက်သာခြင်း တောင်သူလိုအပ်ချက်ကိုပြင်ဆင်ပေးနိုင်ခြင်း၊ လိုအပ်သလောက်ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ စပါးမျိုးစေ့ချကိရိယာ (Drum Seeder)များ ထုတ်လုပ်ရာတွင် ဒေသ၏ရေမြေနှင့် ကိုက်ညီသည့် စက်ကိရိယာများ ဖြစ်ရန်လိုအပ်ပြီး တောင်သူများ ဈေးနှုန်းသက်သာစွာဖြင့် ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ်များ၊ စက်မှုဇုန်များ ပူးပေါင်း၍ ဒေသ၏ရေမြေနှင့် ကိုက်ညီသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများ သုတေသနပြု ထုတ်လုပ်နိုင်ပါက များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း" တာဝန်ရှိသူများအား မှာကြားခဲ့သည်။


Read More...
18-Apr-2024