သတင်းများ


ပုသိမ်မြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး (ဒုတိယအကြိမ်) အလှူတော်ငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
ပုသိမ်မြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး ဒုတိယအကြိမ် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆရာတော် သံဃာတော် အရှင်သူမြတ်မျာအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူအသီးသီးက လက်ခံခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် ပုသိမ်မြို့ ၊ တိုက်ကြီးကျောင်း တိုက်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ (ရွှေကျင်) ဥက္ကဋ္ဌဆရာတော် (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ) ဘဒ္ဒန္တဉာဏိန္ဒ မဟာထေရ်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားအား "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


Read More...
01-Feb-2024
၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
၂၀၂၄ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တစ်ဦးချင်းဘိလိယက် ဗိုလ်လုပွဲစဉ်အဖြစ် ရေကြည်မြို့နယ်အသင်းနှင့် လပွတ္တာမြို့နယ် အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက်ဆုချီးမြှင့်ပွဲ အခမ်းအနားကိုဆက်လက်ပြုလုပ်ရာ ဘိလိယက်ပြိုင်ပွဲတွင် အမှတ်အများဆုံးအားကစားသမား ဆုရရှိသည့်အားကစားသမားကို လပ်ကီးစတား ဘိလိယက်နှင့်စနူကာအသင်းဥက္ကဋ္ဌကလည်းကောင်း၊ စနူကာပြိုင်ပွဲတွင် အမှတ်အများဆုံးအားကစားသမား ဆုရရှိသည့်အားကစားသမားကို တိုင်းဒေသကြီးဉပဒေချုပ်ကလည်းကောင်း၊ ဘိလိယက်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် ပန်းတနော်မြို့နယ်နှင့် ပုသိမ်မြို့နယ်တို့မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို တိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ စနူကာပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် ဒေးဒရဲမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်တို့မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ ဘိလိယက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် လပွတ္တာမြို့နယ်မှ အားကစားသမားအား တစ်ဦးချင်းဆုနှင့်ငွေသားဆုကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ စနူကာပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မအူပင်မြို့နယ်မှ အားကစားသမားအား တစ်ဦးချင်းဆုနှင့်ငွေသားဆုကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ ဘိလိယက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရေကြည်မြို့နယ်မှ အားကစားသမားအား တစ်ဦးချင်းဆုနှင့်ငွေသားဆုကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ စနူကာပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်မြို့နယ်မှ အားကစားသမားအား တစ်ဦးချင်းဆုနှင့်ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် အမှတ်အများဆုံးရရှိသည့် ပုသိမ်မြို့နယ်အသင်းအား ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။


Read More...
31-Jan-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝန်ကြီးချုပ်တက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများသည် ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ တက်ရောက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဘောလုံးအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန်ပူးပေါင်း ဆောင်ရွက်လာနိုင်စေရေးအစရှိသည့် ရည်ရွယ်ချက်များအပြင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သည့် ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီးကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ အားကစားဆိုသည်မှာ “ခွန်အားနှင့်ဉာဏ်ရည်ကို အသုံးချပြီးလှုပ်ရှားယှဉ်ပြိုင်မှု”ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည့်အတွက် ယှဉ်ပြိုင်မှုပြင်းထန်လာသည့်အခါ ကစားသမားများအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေများကိုလိုက်နာရမည်ဖြစ်ပြီး စည်းကမ်းသေဝပ်မှု၊ တရားသောယှဉ်ပြိုင် အနိုင်ရရှိမှုကို ကျင့်သုံးဖို့လိုအပ်မည်ဖြစ်ပါကြောင်း၊ ဖြူစင်မှုကိုပြသပြီး ကြံရည်ဖန်ရည်ကို အားကိုးပြုရမည်ဖြစ်ပြီး ဉာဏ်စွမ်းအားကောင်းမွန်မှု၊ မိမိအသင်းသားများနှင့် ညီညွတ်စွာဆက်ဆံပေါင်းသင်းမှုစသည့်ကာယ၊ ဉာဏ၊ စာရိတ္တ စွမ်းရည်တွေများပါ ဘက်စုံ ထောင့်စုံအတွဲညီစွာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်း၌လည်း ပြိုင်ဘက်အသင်းကို သည်းခံမှု၊ စိတ်ရှည်မှု၊ နားလည်မှုရှိပြီး ပြိုင်ပွဲပြီးစီးသည်အထိ ယှဉ်ပြိုင်ရဲသည့် ကြံ့ခိုင်သောစိတ်ဓာတ်ရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကို ကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းစွာဖြင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ ပြိုင်ပွဲဥပဒေများအတိုင်း တိတိကျကျဆုံးဖြတ်ကြီးကြပ်ပေးကြရန်ကိုလည်း မှာကြားလိုပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ခရိုင်၊ မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြ‌စေလိုကြောင်း” တိုက်တွန်းအမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး နောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဖွင့်ပွဲစဉ်အဖြစ် လပွတ္တာခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ၃၁.၁.၂၀၂၄ရက်နေ့မှ ၉.၂.၂၀၂၄ရက်နေ့အထိကျင်းပသွားမှာဖြစ်ကြောင်းသိရသည်။


Read More...
31-Jan-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖျော်ဖြေရေးအကအဖွဲ့ ကပြဖျော်ဖြေခြင်းနှင့် ဂုဏ်ပြုထောက်ပံ့ချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖျော်ဖြေရေးအကအဖွဲ့ ကပြဖျော်ဖြေခြင်းနှင့် ဂုဏ်ပြုထောက်ပံ့ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဖျော်ဖြေရေးအကအဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားတွင် တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ကပြဖျော်ဖြေမည့် ဖျော်ဖြေရေးအဖွဲ့အားဂုဏ်ပြုထောက်ပံ့ချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ၇၅နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့တွင် ဂုဏ်ပြုယာဉ် တတိယ ရရှိခဲ့ပြီး အားနည်းချက်အားသာချက်များကိုပြင်ဆင်လေ့ကျင့်ဆောင်ရွက်ခဲ့ရာ ၇၅နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ဂုဏ်ပြုယာဉ် ပထမ ရရှိခဲ့ပါကြောင်း၊ ယခုတွင်လည်း ဖျော်ဖြေရေးအဖွဲ့များအား ကြိုတင်၍ စုစည်းမှုကောင်းကောင်းဖြင့် စနစ်တကျလေ့ကျင့်ပြင်ဆင်ခဲ့ပြီး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နေ့ထူးနေ့မြတ်အခါသမယတွင် တိုင်းဒေသကြီးကိုယ်စားပြုအနေဖြင့် သွားရောက်ကပြဖျော်ဖြေခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြုအနေဖြင့် သွားရောက်ဖျော်ဖြေမည့် ဖျော်ဖြေရေးအကအဖွဲ့အနေဖြင့် တက်ညီလက်ညီအားကြိုးမာန်တက် ဖျော်ဖြေရန်နှင့် ကျန်းမာရေးကိုလည်း အထူးဂရုစိုက်နေထိုင်သွားကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဖျော်ဖြေရေးအဖွဲ့အကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအကအဖွဲ့အား ဂုဏ်ပြုထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ကာ အကအဖွဲ့အားရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။


Read More...
31-Jan-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆည်မြောင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ပိုမိုတိုးတက်အောင်မြင်ဖြစ်ထွန်းစေရေးမှာကြား
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ပိုမိုတိုးတက်အောင်မြင်ဖြစ်ထွန်းစေရေး ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်တုန်းမြို့နယ်၊ ဗိုလ်မြတ်ထွန်းတံတားအောင်ရှိ မြမ္မပြာသာကျေးရွာ တောင်သူဦးအုန်းဆန်း၏ကိုင်းမြေ ၂ဧကရှိ ငရုပ်စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုကြည့်ရှုအားပေးခဲ့ပြီး ငရုပ်စိုက်ပျိုးဖြစ်ထွန်းမှု၊ ခူးဆွတ်ရရှိမှု၊ ဈေးကွက်ရောင်းချရမှုအခြေအနေများဆွေးနွေးမေးမြန်းခဲ့ပြီး အပင်များပိုးမွှးအန္တရာယ်ကျရောက်မှုမရှိစေရေး၊ ခူးဆွတ်ချိန်လေလွင့်မှုမရှိစေရေးနှင့် ပိုမိုအောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။ အဆိုပါ ဗိုလ်မြတ်ထွန်းတံတားအောက်တွင် ငရုပ်၊ ပြောင်း၊ ဟင်းသီးဟင်းရွက်စသည့်သီးနှံစုံ ဧက ၈၀၀ကျော်စိုက်ပျိုးထားရှိကြောင်းသိရသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဗျိုင်းကဇီးကျေးရွာရှိ မမိုးသူရေသွင်းတံခါး (၄ပေx၄ပေx၃ပေါက်) တည်ဆောက်နေသည့် နေရာသို့ သွားရောက်၍ ရေတံခါးတည်ဆောက်လျက်ရှိသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ လက်ထောက်ညွှန်ကြားရေးမှူး (ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန/ဖျာပုံခရိုင်) မှ ရေတံခါး တည်ဆောက်ရသည့်ရည်ရွယ်ချက်၊ တည်ဆောက်လျက်ရှိသည့် အခြေအနေများ နှင့် ကြက်ဖမွေးဇောင်း ကျွန်းပတ်တာအတွင်း တိုးတတ်စိုက်ပျိုးလာသော အခြေအနေများကို ရေတံခါး ပုံစံငယ်များ၊ ကောင်ကင်မြေပုံ sentinel image များဖြင့် ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်မှ ရေတံခါးအား ယခုကဲ့သို့ စနစ်တကျ တွက်ချက် တည်ဆောက်ခြင်းဖြင့် ရေလိုအပ်ချက် ဖြည်းဆည်းပေးနိုင်မည်ဖြစ်ရာ စိုက်ဧကများတိုးတတ်လာစေရေးနှင့် ရိုးပြတ်ကျန်ဧကများ လျော့ပါးလာစေရေး စည်းရုံးဆောင်ရွက်ကြရန်မှာကြားပါသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ကျေးရွာရပ်မိရပ်ဖများ၊ နွေစပါးစိုက်တောင်သူများ နှင့် တွေ့ဆုံခဲ့ပြီး နွေစပါးတိုးချဲ့စိုက်ပျိုးမှုအခြေအနေများမေးမြန်းခဲ့ကာ ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်နေမှုများ၊ အထွက်ကောင်းမျိုးစပါးများပြောင်းလဲသုံးစွဲစေရေး၊ ကောက်စိုက်စက်၊ အစေ့ချစက်များဖြင့်ခေတ်မီစိုက်နည်းစနစ်များအသုံးပြုစိုက်ပျိုးစေရေး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးမှ ရှင်းလင်းဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော တာဘေးမြောင်း တူးဖေါ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ရေတံခါးတည်ဆောက်ပေးမှုအ ​ေခြအနေများ၊ မြောင်းတူးဖော်ပေးမှုအခြေအနေများ၊ နွေးစပါးတိုးချဲ့စိုက်ပျိုးနိုင်မှုအခြေအနေများနှင့်စိုက်ပျိုး ရေရရှိမှုအခြေအနေများ ဆွေးနွေးမေးမြန်းခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ဖျာပုံခရိုင်ကြက်ဖမွေးဇောင်းပတ်တာအတွင်း နွေစပါး စိုက်ဧကများ တိုးတတ်လာစေရန် ဆည်မြောင်းဌာနမှ စက်ယန္တရား အကူအညီရယူကာ တောင်သူအစီအစဉ်ဖြင့် နွေစပါးစိုက်ပျိုးရန်အတွက် တာဘေးမြောင်း သပြေကန် ၁၄၀၀ ပေ၊ တပ်မက် ၁၀၀၀ပေ၊ ကျုံတမာ ၄၅၀၀ပေ၊ ကန်ရိုးမြောင်း ၃၅၀၀ပေစုစုပေါင်း ၁၀၄၀၀ပေ အား ၉၀ ရာခိုင်နှုန်း မြောင်းတူးဖေါပြီးစီးနေမှုများကို ကြည့်ရှုအားပေးပြီး၊ တောင်သူများနှင့် ရင်းရင်းနှီးနှီးဆုံ၍ နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်မှု၊ အထွက်တိုးစပါးများပြောင်းလဲအသုံးပြုစေရေး၊ စိုက်နည်းစနစ်များပြောင်းလဲအသုံးပြုစေရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်ရန်ဆွေးနွေးမှာကြားခဲ့ပါသည်။ ကြက်ဖမွေးဇောင်းကျွန်းပတ်တာ အတွင်း ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်း (၇) ခုရှိပြီး မမိုးသူးရေတံခါးသည် တစ်ခုအပါအဝင်ဖြစ်ကာ မမိုးသူရေတံခါးတည်ဆောက်ခြင်းဖြင့် ဗျိုင်းကဇီးကျေးရွာအုပ်စုအတွင်းရှိ နွေစပါး စိုက်ဧကများ အပါအဝင် ဒေးဒလူကျေးရွာအုပ်စုရှိ ဧရာအားမာန် သမလယ်မြေအများအထိ ဧရိယာ ဧက (၃၀၀၀) ကို စိုက်ပျိုးရေနှင့် အောင်ရေလုံလောက်စွာရရှိစေမည် ဖြစ်ပါသည်။ အဆိုပါ ကြက်ဖမွေးဇောင်းကျွန်းပတ်တာ အတွင်း နှစ်စဉ် နွေစပါး ၆၈၀၀ ဧကခန့် စိုက်ပျိုးခဲ့ရာမှ ယခု နှစ်မှ စတင်ကာ နွေစပါး ဧက ၁၀၀၀၀ ကျော်ခန့် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ ဗြိုင်းကဇီးကျေးရွာ ၊ ဗြိုင်းကဇီးကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများသည် ဖျာပုံမြို့ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးအား ဖူးမြော်ကြည်ညိုခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂေါပကအဖွဲ့ထံသို့ အလှူငွေများပေးအပ်လှူဒါန်းကာ ဘုရားဖူးလာငါးများအား ငါးစာများကျွေးမွေးခဲ့ပြီး တာဝန်ရှိသူများမှ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရမှုနှင့် ပြန်လည်ပြုပြင်တည်ဆောက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးမှ ရေရှည်ခိုင်ခံ့မှုရှိစေရေး၊ မြစ်ရေတိုက်စားမှုအခြေအနေများအား စောင့်ကြည့်စစ်ဆေးစေရေး၊ ဘုရားဖူးငါးများအား ဖမ်းယူမှုမရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။


Read More...
30-Jan-2024