သတင်းများ


Gasifier ဖြင့်လည်ပတ်သည့် ဆန်စက်များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှူမရှိစေရေး စစ်ဆေးကြပ်မတ်
ဧရာဝတီတိုင်းဒေသကြီးသည် Gasifierဖြင့် လည်ပတ်သည့် ဆန်စက်အများဆုံးရှိရာ တိုင်းဒေသကြီးဖြစ်ပြီး Gasifier စက်ရုံမှ စွန့်ပစ်ပစ္စည်းများကြောင့် သဘာပတ်ဝန်းကျင်နှင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များရှိ ရေနေသတ္တဝါများ ထိခိုက်ပျက်စီးမှုများမရှိစေရေးအတွက် ဖျာပုံခရိုင်အတွင်း Gasifier ဖြင့်လည်ပတ်သည့် ဆန်စက်များအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးကြပ်မတ်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာအုပ်စု၊ သလိပ်ကလေးကျေးရွာရှိ Dry Type System အား အသုံးပြု၍ Gasifier ဖြင့်လည်ပတ်နေသည့် ရွှေပြည်မိုးအဆင့်မြင့် ဆန်စက်သို့သွားရောက်စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက Dry Type System ဖြင့်လည်ပတ်ခြင်း​ကြောင့် စပါးခွံမီးဖိုမှ ထွက်ရှိလာ​သော ဖွဲပြာများကို အ​အေး​ပေးစနစ်ဖြင့် အ​အေးခံပြီး လွန်စနစ်ဖြင့်သယ်ယူ၍ ​လေစိမ်းမဝင်​စေရန် Air Lock စနစ်ထားရှိကာ ပြာဖမ်းကန်ဖြင့် ဖွဲပြာအ​ခြောက်များကိုဖမ်းယူခြင်း၊ ကတ္တရာပါဝင်သည့်ဓါတ်​​ငွေ့များကို ​ရေဖျန်းဆလင်ဒါ ၄ လုံးဖြင့်သန့်စင်ပြီး ထိုမှတစ်ဆင့် ​လေစစ် သံ ဆလင်ဒါအိုး Filter ၃ လုံးဖြင့် ထပ်မံသန့်စင်​စေ၍ ထွက်ရှိလာသည့် စပါးခွံဓါတ်​​ငွေ့ကို ပြင်ပ​လေ(​အောက်စီဂျင်) နှင့်​ရောစပ်လျှက် အင်ဂျင်၏ Gas Chamber သို့ပို့လွှတ်​ပေးကာ အင်ဂျင်ကိုလည်ပတ်​စေ၍ လျှပ်စစ်ထုတ်ယူခြင်း၊ စပါးခွံမီးဖိုအတွင်းတွင် ပြာနှင့်​ရေ တိုက်ရိုက်ထိ​တွေ့မှုမရှိ​စေဘဲ ဖွဲပြာအ​ခြောက် သီးသန့်ထွက်ရှိ​စေသည့်စနစ်ဖြစ်သဖြင့် ​ညစ်ညမ်း​ရေဆိုးထွက်ရှိမှု မရှိခြင်းတို့အား  လိုက်လံရှင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က Gasifier စနစ်ဖြင့် ဆန်ကြိတ်ခွဲမှုလုပ်ငန်းအဆင့်ဆင့်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။  ယင်းနောက် အဆိုပါစက်ရုံ၌ပင် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဟင်္သာတနည်းပညာတက္ကသိုလ် ဒုတိယပါ​မောက္ခချုပ်၊ မအူပင်နည်းပညာတက္ကသိုလ်နှင့် မအူပင်တက္ကသိုလ်တို့မှ ပါ​မောက္ခဌာနမှူးများ၊  ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ “တိုင်းဒေသကြီးအတွင်း၌ Gasifierဖြင့် လည်ပတ်သည့်စက်ရုံ ၄၅၀ ​ကျော်ရှိပါကြောင်း၊ တိုင်း​ဒေသကြီးသည် လယ်ယာစိုက်ပျိုး​ရေးကို အဓိကထားလုပ်ကိုင်ကြသည့် တိုင်း​ဒေသကြီးဖြစ်ပါ​ကြောင်း၊ နှစ်စဥ် မိုးစပါး တင်း သိန်းပေါင်း ၄​ ထောင်​ကျော်ထွက်ရှိပြီး ယင်းတို့ကိုကြိတ်ခွဲရာမှ စပါးခွံ တန်ချိန် (၁၉)သိန်းခန့် ထွက်ရှိ​နေပါ​ကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စပါးခွံ​လောင်စာသုံး Gasifier အများဆုံးအသုံးပြုသည့် တိုင်းဒေသကြီးဖြစ်ပြီး လျှပ်စစ်လိုအပ်ချက်အတွက် တစ်ဖတ်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆန်စက်များအနေဖြင့်  Gasifierအသုံးပြုလည်ပတ်၍ ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်သည်ကို တွေ့မြင်ရမှာဖြစ်ပြီး Gasifierအသုံးပြုလည်ပတ်သည့် ဆန်စက်များအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးကိုလည်း အထူးအလေးထားလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စပါးခွံ​လောင်စာသုံး Gasifier စနစ်အသုံးပြု၍ လည်ပတ်​နေကြသည့် စက်ရုံများစွာရှိသည့်အနက် အ​ကောင်းဆုံးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိ​အောင် လည်ပတ်နိုင်သည့် နည်းပညာများကို အသုံးပြုရမှာဖြစ်ပါ​ကြောင်း၊ စပါးကြိတ်ခွဲရာမှ ထွက်ရှိသည့် စပါးခွံများအား လောင်စာတောင့် ထုတ်လုပ်ခြင်းဖြင့် သစ်တောပြုန်းတီးမှုကိုလည်း လျော့ကျစေမည်ဖြစ်ပါကြောင်း၊ Gasifier လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာများ တိုးတက်ပြောင်းလဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိ​စေ​ရေးအတွက် ဌာနဆိုင်ရာများ၊ တက္ကသိုလ်များမှ ပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း”လမ်းညွှန်အမှာစကားများ ပြောကြားခဲ့သည်။


Read More...
25-Jul-2023
တိုင်းဒေသကြီးအတွင်း Gasifier လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအတွင်း Gasifier လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ်မှပါမောက္ခဌာနမှူးများ၊ နည်းပညာ တက္ကသိုလ်မှပါမောက္ခနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ တိုင်းဒေသကြီးအတွင်း Gasifier လုပ်ငန်းများစနစ်တကျဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်း၌ Gasifierဖြင့် လည်ပတ်သည့်စက်ရုံ ၅၀၀ခန့်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် Gasifier အများဆုံးအသုံးပြုသည့် တိုင်းဒေသကြီးဖြစ်ပြီး လျှပ်စစ်လိုအပ်ချက်အတွက် တစ်ဖတ်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆန်စက်များအနေဖြင့်  Gasifierအသုံးပြု လည်ပတ်၍ ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်သည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ Gasifier အသုံးပြုလည်ပတ်သည့် ဆန်စက်များသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများကလည်း ကွင်းဆင်းစစ်ဆေးကြပ်မတ်ရန် လိုအပ်ပါ ကြောင်း၊  Gasifier စက်ရုံမှ စွန့်ပစ်ပစ္စည်းများကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များရှိ ရေနေသတ္တဝါများ ထိခိုက်ပျက်စီးမှုများ မရှိအောင်လည်း နည်းပညာများရှာဖွေ၍ စနစ်တကျ ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ Gasifier လုပ်ငန်းများစနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာများတိုးတက်ပြောင်းလဲရေးအတွက် တက်ရောက်လာသူများကလည်း ဝိုင်းဝန်း ဆွေးနွေးပေးကြစေလိုကြောင်း”အမှာစကားပြောကြားသည်။ ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက မျိုးမြတ်မွန်စပါးခွံလောင်စာတောင့်လုပ်ငန်းရှိ စပါးခွံလောင်စာသုံး Wet Type System ဖြင့် လျှပ်စစ်ဓာတ်အား ထုပ်မှုအားလည်းကောင်း၊ Gasifier များ ထုတ်လုပ်တပ်ဆင်သူ ဗန္ဓုလ ဦးမြင့်ခိုင်က Dry Type System ၏ အားသာချက်/အားနည်းချက်များအား ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။


Read More...
24-Jul-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြခရိုင်အတွင်းရှိ Gasifierဖြင့် ဆန်စက်လည်ပတ်နေမှုများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက မြောင်းမြခရိုင်အတွင်းရှိ Gasifierဖြင့် ဆန်စက်လည်ပတ်နေမှုများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့၊ ခိုင်ရတနာဆန်စက်သို့ သွားရောက်ခဲ့ရာ တာဝန်ရှိသူများက စပါးခွံလောင်စာသုံး Gasifier ဖြင့်စက်ရုံလည်ပတ်မှုအခြေအနေများ၊ Gasifier စနစ်မှထွက်ရှိသည့်ရေဆိုးများအား ရေစစ်ကန် စနစ်ဖြင့်ဆောင်ရွက်ထားရှိမှုများအား  လိုက်လံရှင်းလင်းပြသမှုကြည့်ရှုစစ်ဆေးခဲ့ပြီး  ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ “တိုင်းဒေသကြီးအတွင်း၌ Gasifierဖြင့် လည်ပတ်သည့်စက်ရုံ ၅၀၀ခန့်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် Gasifierအများဆုံးအသုံးပြုသည့် တိုင်းဒေသကြီးဖြစ်ပြီး လျှပ်စစ်လိုအပ်ချက်အတွက် တစ်ဖတ်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆန်စက်များအနေဖြင့်  Gasifierအသုံးပြုလည်ပတ်၍ ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်သည်ကို တွေ့မြင်ရမှာဖြစ်ပြီး Gasifierအသုံးပြုလည်ပတ်သည့် ဆန်စက်များအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးကိုလည်း အထူးအလေးထားလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း”အမှာစကားပြောကြားသည်။ ယင်းနောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက Gasifierအသုံးပြုသူများသူများအနေဖြင့် လိုက်နာရမည့်အချက်များအား ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဝါးခယ်မမြို့၊တော်ဝင်ဆန်စက်(၂) သို့သွားရောက်ခဲ့ရာ  စပါးခွံလောင်စာသုံး Gasifier ဖြင့်စက်ရုံလည်ပတ်မှုအခြေအနေများ၊ Gasifier စနစ်မှထွက်ရှိသည့်ရေဆိုးများအား ရေစစ်ကန် စနစ်ဖြင့်ဆောင်ရွက်ထားရှိမှုအခြေအနေများအား  တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က Gasifier စနစ်ဖြင့် ဆန်ကြိတ်ခွဲမှုလုပ်ငန်းအဆင့်ဆင့်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။  ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အိမ်မဲမြို့၊ သိရိဇေယျာအောင်ဆန်စက် သို့သွားရောက်ခဲ့ရာ  စပါးခွံလောင်စာသုံး Gasifier ဖြင့်စက်ရုံလည်ပတ်မှုအခြေအနေများ၊ Gasifier စနစ်မှထွက်ရှိသည့်ရေဆိုးများအား ရေစစ်ကန် စနစ်ဖြင့်ဆောင်ရွက်ထားရှိမှုအခြေအနေများအား  တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က Gasifier စနစ်ဖြင့် ဆန်ကြိတ်ခွဲမှုလုပ်ငန်းအဆင့်ဆင့်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က Gasifier စနစ်မှထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်အား ထိခိုက်ညစ်ညမ်းမှုမရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တို့မှကွင်းဆင်းစစ်ဆေးခဲ့ပြီး အကြံပြုချက်များအပေါ်  စနစ်တကျလိုက်နာဆောင်ရွက်စေရန်နှင့် လေထုညစ်ညမ်းမှုမရှိစေရေး၊ စွန့်ပစ်ပစ္စည်းများမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ကြရန်၊ ပိုမိုကောင်းမွန်သည့်ရေသန့်စင်စနစ်များအသုံးပြုစေရေး မှာကြားခဲ့ကြောင်းသိရသည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမ၌ ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်၍ “စိုက်ပျိုးရေးရာသီချိန်ဖြစ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ တောင်သူများထံသို့ ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ တစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် မျိုးပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးနည်းပညာများ ပြောင်းလဲခြင်း၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့်နှစ်တွင် စိုက်ဧကများအားလုံး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) အပြည့်အဝထည့်သွင်း စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ရာသီဥတုဖောက်ပြန်မှုများရှိလာနိုင်၍ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဂရုပြုစိုက်ပျိုးရန်လည်း လိုအပ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းများ ရောက်ရှိရန်လည်း တောင်သူများကလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကားများ ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က တောင်သူများထံသို့ သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသော တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။


Read More...
23-Jul-2023
ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ပုသိမ်မြို့ရှိဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုအားပေး
ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ပုသိမ်မြို့ရှိ ဒေသခံပြည်သူများအား  ကုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် (၂၂.၇.၂၀၂၃) မှ(၂၃.၇.၂၀၂၃)ရက်အထိ(၂)ရက်တိုင်တိုင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။  ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးလာရောက်ကုသသည့် လူနာများနှင့် ရင်းရင်းနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကာ နံနက်စာ စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်းခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက လူနာများစာရင်းရေးသွင်းနေမှု၊ အထူးကုဆရာဝန်ကြီးများဖြစ်ကြသည့် ပါမောက္ခဒေါက်တာနွယ်နွယ်(နှလုံးဆေးကု)၊ပါမောက္ခဒေါက်တာသန်းသန်းအေး(အစာအိမ်နှင့်အူလမ်းကြောင်း) ၊ပါမောက္ခဒေါက်တာသင်းသင်းနွဲ့(ဆေးပညာ)၊ပါမောက္ခဒေါက်တာမိုး၀င့်အောင်(ဆီးချိုနှင့်ဟော်မုန်း)၊ ပါမောက္ခဒေါက်တာဖြူဖြူလေး(ဦးနှောက်နှင့်အာရုံကြောဆေးကု)၊ပါမောက္ခဒေါက်တာကျော်စွာအောင်(ဦးနှောက်နှင့်အာရုံကြောခွဲစိတ်)၊ ပါမောက္ခဒေါက်တာခိုင်ရွှေ၀ါပွင့်(သွေးရောဂါ)၊ဒေါက်တာယဥ်နွယ်ထွန်းတွဲဖက်ပါမောက္ခ၊(နှလုံးဆေးကု)၊ဒေါက်တာဇေယျာလွင်(အထူးကုဆရာ၀န်) (အစာအိမ်နှင့်အူလမ်းကြောင်း)တို့က ဆေးကုသမှုပေး‌နေမှုများအား‌တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးဒေါက်တာဇော်မင်းထွန်း၊ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာကျော်ဇင်တို့မှလိုက်လံရှင်း လင်း‌ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က  အထူးကု ဆရာဝန်ကြီးများအား ဒေသထွက်အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထိုသို့  ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ပုသိမ်ပြည်သူ့ ဆေးရုံကြီး၊ ကုတင် (၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် (၂၂.၇.၂၀၂၃) မှ (၂၃.၇.၂၀၂၃)ရက်အထိ(၂)ရက်တိုင်တိုင် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် နှလုံးရောဂါ ၁၄၇ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်း ရောဂါ၉၂ဦး၊ ဆေးပညာ ၂၂၃ဦး၊ ဆီးချိုနှင့်ဟော်မုန်း ၁၂၄ဦး၊ ဦးနှောက်နှင့်အာရုံကြောဆေးကု ၁၄၁ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ် ၃၆ဦး၊ သွေးရောဂါ ၂၂ဦးနှင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ မျက်စိ ၇၄ဦး၊ သားဖွားမီးယပ်၁၀ဦး၊ အရိုး ၇၉ဦး၊ ခွဲစိတ် ၁၇ဦး၊ နား၊နှာခေါင်း၊ လည်ချောင်း ၂၀ဦး၊ သွား ၅ဦး၊ အရေပြား ၂၀ဦး၊ ကလေး ၉ဦး၊ စုစုပေါင်း ၁၀၁၉ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
23-Jul-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဆင်းသုခစပါးမျိုး ပျိုးထောင်စိုက်ပျိုးမှုအားကြည့်ရှုအားပေးပြီး တောင်သူများထံသို့သွင်းအားစုဓာတ်‌မြေဩဇာများထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာ တောင်သူဦးစိုးလှိုင်၏ လယ်ဧက၌ ၂၀၂၃ - ၂၀၂၄ခုနှစ်၊  မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆင်းသုခစပါးမျိုး ပျိုးထောင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးပြီး တောင်သူများထံသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ကာ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ “တောင်သူကြီးများအနေဖြင့် ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုး ခဲ့သဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာသည်ကိုမြင်တွေ့နေရပြီဖြစ်ပါကြောင်း၊ သဘာဝမြေသြဇာများအသုံးပြု၍ ဓာတ်မြေသြဇာသုံးစွဲမှုများလျော့ချကြရန်နှင့် အထွက်နှုန်းများ တိုးတက်ရန်အတွက်  မျိုးကောင်းမျိုးသန့်စပါးများဖြင့် ပြောင်းလဲစိုက်ပျိုးခြင်း၊ ခေတ်မီစိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရန်” မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငါးတဲစုကျောင်းတိုက် ဓမ္မာရုံ၌ ပြုလုပ်သည့် နွားရေတိုက်ကျေးရွာအုပ်စုအတွင်း မိုးစပါး အကျိုးတူလယ်ယာစနစ်( Contract Farming) ဆောင်ရွက်မည့် တောင်သူများထံသို့ ယူနိုက်တက်ဧရာဝတီကုမ္ပဏီ (အများနှင့်သက်ဆိုင်သောဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ)မှ စိုက်ပျိုးစရိတ်ပေးအပ်ခြင်းနှင့် ဩဂဲနစ်စိုက်ပျိုးတောင်သူများထံ သဘာဝမြေဩဇာ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ “ မိမိတာဝန်ယူချိန်မှစ၍ စိုက်ဧကများပြည့်မီရေး၊ ဧရာဝတီပေါ်ဆန်း အရည်အသွေးကောင်းမွန်စေရေးနှင့် ဈေးကွက် ပြန်လည်ရရှိရေးအတွက် သုတေသနများပြုလုပ်ရန် တောင်သူများ၊ စိုက်ပျိုးေရးပညာရှင်များနှင့်ပေါင်းစပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါတွင် အရည်အသွေးပြည့်ဝသည့် ဓာတုကင်းလွတ်ပေါ်ဆန်းများအား နွားရေတိုက်ကျေးရွာအတွင်း စိုက်ပျိုးထုတ်လုပ် ​ေနပြီဖြစ်ပါကြောင်း၊ မြေဆီလွှာပြုပြင်ခြင်း၊ သဘာဝမြေဩဇာပိုမိုသုံးစွဲစေခြင်းနှင့် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ)ထည့်သွင်းခြင်းတို့အတွက် စိုက်ပျိုးရေးသုတေသနလုပ်ငန်းများအပြင် ဈေးကွက်သုတေသနလုပ်ငန်းများ အစဉ်ပြုလုပ်နေရန် လိုအပ်ပါကြောင်း၊ လာမည့်နှစ်စိုက်ပျိုးရာသီတွင် စိုက်ဧကအားလုံး တိုင်းလုံးကျွတ် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)အပြည့်အဝထည့်သွင်း စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ဧရာဝတီပေါ်ဆန်းများ မူလအရည်အသွေးသို့ ပြန်လည်ရောက်ရှိစေရေးအတွက် စနစ်တကျဖြင့် တောင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ပါက ဆန်အရည်အသွေးများလည်း တိုးတက်လာမည်ဖြစ်ပါကြောင်းနှင့် သဘာဝမြေဩဇာအသုံးပြု၍ ဓာတုကင်းလွတ်ပေါ်ဆန်းစိုက်ဧက(၂၀၀)အား စိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊  တောင်သူများအနေဖြင့် ရာသီဥတုဖောက်ပြန်မှုများ ရှိနေသကဲ့သို့ စိုက်ပျိုးရာတွင်လည်း သတိပြုလိုက်နာဆောင်ရွက် လိုအပ်ပါကြောင်းနှင့် တစ်ဧက အထွက်နှုန်းများတိုးတက်စေရေးအတွက်  တောင်သူများအားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မှသာ ပန်းတိုင်အထွက်နှုန်းရောက်ရှိမှာဖြစ်ပါကြောင်း” အဖွင့်အမှာစကားပြောကြားသည်။  ထို့နောက် ယူနိုက်တက်ဧရာဝတီကုမ္ပဏီ(အများနှင့်သက်ဆိုင်သောဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ)မှအုပ်ချုပ်မှုဒါရိုက်တာ အဖွဲ့ဝင် ဦးအောင်မင်းနိုင်က စိုက်ပျိုးစရိတ်ပေးအပ်ခြင်းနှင့်  ဩဂဲနစ်စိုက်ပျိုးတောင်သူများထံ သဘာဝမြေဩဇာများ ပေးအပ်ရသည့်အကြောင်းအရင်းများကို ရှင်းလင်းပြောကြားပြီး  အကျိုးတူစနစ်ဖြင့် ဆောင်ရွက်မည့် တောင်သူများအား စိုက်ပျိုးစရိတ်များ ထောက်ပံ့ပေးအပ်ရာ အခမ်းအနားသို့ တက်ရောက်လာသော တောင်သူများကိုယ်စား တောင်သူသုံးဦးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ မြောင်းမြမြို့စိုက်ပျိုးရေးသုတေသနဦးစီးဌာန မန်နေဂျာဒေါ်ဖြူပြာလွင်က ဩဂဲနစ်ပေါ်ဆန်းစပါး စိုက်ပျိုးရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် စိုက်ပျိုးရေးတောင်သူများထံ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့သော သဘာဝမြေဩဇာများ လွှဲပြောင်းပေးအပ်ခဲ့သည်။ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးထုတ်ကုန်များပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရေး၊ သဘာဝေမြဩဇာများပိုမိုသုံးစွဲစေရေး၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များအသုံးပြုစေရေးနှင့်တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန် နိဂုံးချုပ်အမှာစကားများ ပြောကြား၍ အကျိုးတူလယ်ယာစနစ်ဆောင်ရွက်နေမှုနှင့် ပေါ်ဆန်းစပါးမျိုးအားကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ငါးတဲစုကျောင်းဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထားပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာအုပ်စု၊ ဒေါင့်မှန်ကျေးရွာရှိ ဦးမောင်မောင်သော်၏ “ဇာမဏီ” ပြာစိမ်းနွားမျိုးသန့် မွေးမြူရေးခြံသို့ သွားရောက်၍ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများဖြင့်  ဇီဝမြေဩဇာ ထုတ်လုပ်မှု၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို မေးမြန်းခဲ့ပြီး ဇီဝမြေဩဇာများတိုးချဲ့ထုတ်လုပ်နိုင်ရန်နှင့် မြေလွတ်နေရာများတွင် ဇီဝမြေဩဇာအသုံးပြု၍ သီးပင်စားပင်များ စိုက်ပျိုးနိုင်ရေးမှာကြားခဲ့ပြီး မွေးမြူရေးခြံအတွင်း ပြာစိမ်းနွားမျိုးသန့်မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကာ စနစ်တကျမွေးမြူစေရေး၊ တိရစ္ဆာန်စွန့်အညစ်အကြေးများအား သဘာဝမြေဩဇာအဖြစ်အသုံးပြုစေရေမှာကြားခဲ့သည်။ အဆိုပါ “ဇာမဏီ” ပြာစိမ်းနွားမျိုးသန့် မွေးမြူရေးခြံတွင် (၂)နှစ်အောက်နွား (၂၇)ကောင်၊ (၂)နှစ်အထက် (၃၀)ကောင်၊ စုစုပေါင်း (၅၇)ကောင်မွေးမြူထားကြောင်းသိရသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေကြည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တေဇာသီရိခန်းမ (၁၁၀ပေ×၅၄ပေ)တိုးချဲ့ပြုပြင်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ထားသောကာလများအတွင်း အချိန်မီပြီးစီးစေရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့်  စံချိန်စံညွှန်းများပြည့်မီရေးနှင့်ရေရှည် တည်တံ့အောင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရေးမှာကြားခဲ့သည်။   ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျုံပျော်မြို့နယ်၊ မြေရဲတောင်ကျေးရွာအုပ်စု၊ တောင်သူ ဦးသိန်းတန်၏ လယ်ဧက (၂)ဧက၍ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် မျိုးကောင်း၊ မျိုးသန့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ၊ RS to CSမျိုးစေ့ထုတ်စိုက်ခင်းအား ကြည့်ရှုအားပေးပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် သွင်းအားစု(ဓာတ်မြေဩဇာ+သဘာဝမြေဩဇာ ) ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ရာ လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးက ကျုံပျော်မြို့နယ်အတွင်းရှိ လယ်ဧကများအလိုက် မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက် ထွက်ရှိရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပီလောပီနံစိုက်ပျိုးပြီးစီးမှု အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးစပါးစိုက်ပျိုးရာသီချိန်ဖြစ်၍ တောင်သူများအားတွေ့ဆုံအားပေးခြင်းဖြစ်ပါကြောင်း၊ လာမည့်နှစ်တွင် တိုင်းလုံးကျွတ် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)အပြည့်အဝ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သဘာဝမြေသြဇာများအသုံးပြု၍ ဓာတ်မြေသြဇာသုံးစွဲမှုများလျော့ချကြရန်၊ အထွက်တိုး မျိုးကောင်း မျိုးသန့်များသုံးစွဲကြရန်၊ ပီလောပီနံစိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်နှင့် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းသည် စပါးအထွက်တိုးခြင်း၊ ကုန်ကျစရိတ်များသက်သာခြင်း တို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုစေရေးမှာကြားခဲ့ပြီး တောင်သူများအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သွင်းအားစုများ ထောက်ပံ့ပေးခဲ့သည်။


Read More...
21-Jul-2023