သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရေဖြူကန်ကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသည့် ဓမ္မအောင်တော်မူကံဦးစေတီတော် ရွှေထီးတော်တင်၊ ဌာပနာတော်သွင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင် ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်
ဓမ္မအောင်တော်မူကံဦးစေတီတော် ရွှေထီးတော်တင်၊ ဌာပနာတော်သွင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်း​ဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရေဖြူကန်ကျေးရွာတွင် ကျင်းပခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များသည် အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆိုပူဇော်၍ဖွင့်လှစ်ခဲ့ပြီးနောက် ပိန္နဲကွင်းကျောင်းတိုက်၏ဦးစီးပဓာန နာယက နိုင်ငံတော်သံဃမဟာနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဇောတိဿရ ထံသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးနှင့် တာဝန်ရှိသူများက စိန်ဖူးတော်နှင့် ဆက်စပ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် (၁၈) မိုင်တောရဆရာတော်ဦးဆောင်၍ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်များကို ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် သုံးပတ်လှည့်လည်၍ပူဇော်ခဲ့ကြပြီး စေတီ​တော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ပန်းရထားဖြင့်တင်လှူပူဇော်ခဲ့ပြီးနောက် ဆရာတော်၊ သံဃာတော်အရှင်မြတ်များက စေတီတော်မြတ်ကြီးအား အနေကဇာတင်မင်္ဂလာ ဆင်ယင်ကျင်းပခဲ့သည်။ ထို့နောက် ရေစက်ချမင်္ဂလာအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ “ နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များသည် (၁၈)မိုင်တောရဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်အပ်သော မေတ္တာသုတ်ပရိတ်တရားတော်များကို ဆက်လက်နာယူကြည်ညိုကြသည်။ ဆက်လက်၍ သံဃာတော်များထံသို့ စေတီတော်ဆိုင်ရာ စာရွက်စာတမ်းများအား ကပ်လှူအပ်နှံခဲ့ပြီးနောက် ပိသုကာ ပညာရှင်များကိုယ်စား ဒါယကာတစ်ဦးမှ စေတီတော်တည်ထားနိုင်ရန် ဆောင်ရွက်မှုများကို သံဃာတော်များအား လျောက်ထားခဲ့သည်။ ဆက်လက်၍ အရှင်ဓမ္မဝိစယမှ ထူးမခြားနားရောင်ခြည်တော်ဘွဲ့ ဂါထာတော်ကို ရွက်ဖတ်ပူဇော်ခဲ့ပြီးနောက် သံဃာတော်များနှင့် သီလရှင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူအသီးသီးက လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ပိန္နဲကွင်းကျောင်းတိုက်၏ဦးစီးပဓာန နာယက နိုင်ငံတော်သံဃမဟာနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဇောတိဿရ ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ပြီး ဆရာ​တော်ကြီးများအား ​နေ့ဆွမ်းဆက်ကပ်ခဲ့ကြသည်။


Read More...
17-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသားပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေး၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲနှင့် Drum Seeder ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာအခြေခံပညာမူလတန်းကျောင်း စာသင်ဝိုင်းသို့သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသားပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမတွင် မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲနှင့် Drum Seeder ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်စဉ်စိုက်ဧကများပိုမို တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေးအတွက် ကြဲခင်းစနစ်များလျော့နည်းပပျောက်စေရေး ဆောက်ရွက်လျက်ရှိရာ Drum Seeder များ အသုံးပြုစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံဇုန်(၂)ခု သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေးပညာရှင်များကလည်း တောင်သူများအား အသိပညာပေးဆွေးနွေးခြင်းများ လာရောက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်းအထွက်နှုန်းရောက်ရှိရေး ကြိုးစားဆောင်ရွက်ရန်လိုပါကြောင်း” အမှာစကားများပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများအား Drum Seeder များပေးအပ်ခဲ့ပါသည်။


Read More...
15-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံရေး၊ အခြေခံပညာကျောင်းများအဆင်သင့်ဖြစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး၊ အခြေခံပညာကျောင်းများ အဆင်သင့်ဖြစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများသည် ပညာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေသူများ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ်ကူးပြောင်းမှုနှင့် အောင်ချက်မြင့်မားသော တိုင်းဒေသကြီးဖြစ်ပြီး ပညာရေးကဏ္ဍ တိုးတက်မြင့်မားကာ လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ရာ တိုင်းဒေသကြီးလည်း ဖြစ်ပါကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်လူရွယ်များအား ပြုစုပျိုးထောင်ပေးရမည်ဖြစ်ပြီး ကလေးငယ်များ၏ ပညာသင်ယူမှုအခွင့်အလမ်းများမဆုံးရှုံးရအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျေးလက်နေပြည်သူများအတွက် ဗဟုသုတ ရရှိစေမည့် စာအုပ်စာစောင်များ ထားရှိရမည်ဖြစ်ကြောင်း၊ ကျောင်းဖွင့်ရာသီ နီးကပ်နေပြီ ဖြစ်သဖြင့် ကျောင်းအဆောက်အဦများ ဥပဓိရုပ်ကောင်းမွန်ရေး၊ ပရိဘောဂများ ပြည့်စုံစေရေးနှင့် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများအား ကြိုတင်ဆောင်ရွက်ထားကြရန်လိုကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အခြေခံပညာ ကျောင်းများမှ ပါဝင်ယှဉ်ပြိုင် နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရှိစေရေးနှင့် တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အားထားရမည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက်လည်း ကျောင်းပေါင်းစုံအားကစား ပြိုင်ပွဲများပြုလုပ်၍ လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းမှုများ မကျန်ရှိစေရေးအတွက် ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးအဖွဲ့ များက ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်းနှင့် အခက်အခဲများရှိပါကလည်း တင်ပြပေးကြစေလိုကြောင်း” မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဆောင်ရွက်မည့် ပညာရေးဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်မှ ခရိုင်ပညာရေးမှူးများနှင့် မြို့နယ်ပညာရေးမှူးများက ပညာရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ဆရာ၊ ဆရာများ၏ ဝတ်စားဆင်ယင်မှု၊ မိမိသင်ကြားသည့်ဘာသာရပ်များ ကျွမ်းကျင်ပိုင်နိုင်ရေး၊ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ရေး၊ ကျောင်းအဆောက်အဦများ ဥပဓိရုပ်ကောင်းမွန်ရေးကိစ္စများကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


Read More...
15-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်ပြုလုပ်သည့် ဆီထွက်သီးနှံ ဇုန်(၂)ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးဆွေးနွေးပွဲသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဆီထွက်သီးနှံဇုန်(၂) ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးဆွေးနွေးပွဲအား (၁၄.၅.၂၀၂၄)ရက်နေ့ ညနေပိုင်းကပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက“ တိုင်းဒေသကြီးအတွက် ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေးနှင့် ဆီဖူလုံရေးအတွက် တောင်သူအသိပညာပေး လာရောက်ဆွေးနွေးပေးသည့် ပညာရှင်များအား များစွာကျေးဇူးတင်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် လာရောက်ဆွေးနွေးပေးသည့် ပညာရှင်များအား သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရန်လိုကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဆီဖူလုံမှုရှိစေရေး အားလုံးက ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာများကို အင်တိုက်အားတိုက်ဆောင်ရွက်နိုင်ရေး ဇုန်အလိုက် သတ်မှတ်၍ စုဖွဲ့စိုက်ပျိုးဆောင်ရွက်နိုင်ရေးအတွက် မြန်အောင်ခရိုင်နှင့် ဟင်္သာတခရိုင်အား ဇုန်(၁)နှင့် မအူပင်ခရိုင်အား ဇုန်(၂)အဖြစ် သတ်မှတ်ထားပါကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးမည့် ဇုန် ၂ ခုအပါအဝင် တိုင်းဒေသကြီးတစ်ခုလုံးတွင် အောင်မြင်အောင် စိုက်ပျိုးရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏ ဆီဖူလုံမှု၊ နိုင်ငံတော်၏ ဆီဖူလုံမှုကို တစ်ခန်းတစ်ကဏ္ဍအနေဖြင့် အထောက် အကူပြုနိုင်ရေး အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးပညာရှင် များ၏ ဆွေးနွေးမှုများကို တောင်သူများအနေဖြင့် လိုက်နာမှတ်သား၍ လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားများပြောကြားခဲ့သည်။


Read More...
15-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတခရိုင်အတွင်းဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကွင်းဆင်း​ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေငြိမ်းအေးကျောင်းတိုက် စာသင်ဝိုင်းသို့သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသားပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် စာအုပ်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တလုတ္ထော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ ကိုယ့်အားကိုယ်ကိုး ကျောင်းစာကြည့်တိုက် ဆောက်လုပ်နေမှုကို ကြည့်ရှုအား​ပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာရှိ ဖြတ်တာတည်ဆောက်‌နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖောင်ဆိပ်ကျေးရွာအနီး နှစ်အလိုက်မြစ်ကမ်းပါးနှင့် တာတမံအခြေအနေများ၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများ၏ကမ်းပါးများ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် နှစ်အလိုက်ကမ်းပါးပြောင်းလဲလာမှုအခြေအနေများ၊ တာလုံး​ရွှေ့ခြင်းလုပ်ငန်း​ဆောင်ရွက်​နေမှုများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများအား ကမ်းပြို၍ ကိုင်းချောင်းကျေးရွာအုပ်စုသို့ ပြောင်းရွှေ့မည့် အိမ်ရာအကွက်ချထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက အိပ်ပျက်ကျေးရွာအုပ်စုရှိ တာငုတ်၊ ငှက်ပျောတော၊ အုန်းတော၊ ဖောင်ဆိပ်ကျေးရွာများအား ကမ်းပြို၍ ကိုင်းချောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၃၈၇-ခ)၊ (၁၄၄၁)ကွင်းသို့ ပြောင်းရွှေ့ရန်လျာထားမှုများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က အိမ်ရာအကွက်ချထားမှုများအား စနစ်တကျဖြစ်​စေ​ရေးမှာကြားခဲ့ပါသည်။ ထို့​နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ ဟင်္သာတကမ်းနားတာ တာမိုင်(၅/၄+၁၀၀')နှင့် ဧရာဝတီ-ဟင်္သာတတာ တာမိုင်(၅/၀+၄၅၀')ကြားတွင် အလျား (၀.၆၇၂)မိုင်၊ ထိပ်ဝအကျယ်(၁၄)​ပေ၊ ​အောက်​ခြေအကျယ်(၇၅)​ပေ၊ ပျမ်းမျှအမြင့်(၁၇)​ပေ ရှိ ဖြတ်တာ(၁-င) တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးတိုင်း​ဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများအား မိုးဦးကျကာလတွင် ​ရေ​ဘေးအန္တရာယ်မဖြစ်​စေ​ရေး​ဆောင်ရွက်ရန်၊ ဖြတ်တာတည်​ဆောက်ခြင်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး​ရေးနှင့် ကြံ့ခိုင်မှုရှိ​စေ​ရေး အ​လေးထား​ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ဆီထွက်သီးနှံအထူးဇုန် စိုက်ပျိုးထုတ်လုပ်မည့် အခြေအနေနှင့်ပတ်သက်သည့် ​တောင်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်း​ဒေသကြီးတွင် ဆီထွက်သီးနှံက်စိုက်ပျိုးဖြစ်ထွန်း​အောင်မြင်သည့် ​ဒေသများတွင်မြေပဲ၊ နှမ်း၊ ​နေကြာများကို အင်တိုက်အားတိုက်ဆောင်ရွက်နိုင်​ရေးအတွက် ဇုန်အလိုက်သတ်မှတ်၍ စုဖွဲ့စိုက်ပျိုး​ဆောင်ရွက်မှာဖြစ်​ကြောင်း၊ ဟင်္သာခရိုင်နှင့် မြန်အောင်ခရိုင်အား ဆီထွက်သီးနှံဇုန်(၁)နှင့် မအူပင်ခရိုင်အား ဇုန်(၂)အဖြစ်သတ်မှတ်ထားပါကြောင်း၊ ​ဆီထွက်ထွက်သီးနှံစိုက်ပျိုးမည့် ဇုန် ၂ ခုအပါအဝင် တိုင်း​ဒေသကြီးတစ်ခုလုံ ​အောင်မြင်​အောင် စိုက်ပျိုးရမှာဖြစ်​ကြောင်း၊ တောင်သူ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပညာရှင်များလည်းဖိတ်​ခေါ်​​ဆောင်ရွက်ထားပါ​ကြောင်း၊ တိုင်းဒေသကြီးတွင် ဆီဖူလုံမှုရှိရန် ဆီထွက်သီးနှံစိုက်ဧက များကို တိုးချဲ့စိုက်ပျိုးလျှက်ရှိပါ​ကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် တိုင်း​ဒေသကြီးတွင် ဆီဖူလုံမှုရှိ​စေ​ရေး ရည်မှန်းချက်ထား​ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ နေကြာသီးနံအား သီးညှပ်စိုက်ပျိုးခြင်းထက် သီးသန့်စိုက်ပျိုးခြင်းသည် ပိုမိုဖြစ်ထွန်း​အောင်မြင်သည်ကို​တွေ့ရှိရပါ​ကြောင်း၊ နေကြာသီးနှံ အောင်မြင်ဖြစ်ထွန်းရေးအတွက် ဝတ်မှုံကူးရာတွင် အ​​ထောက်အကူပြုသည့် ပျားမွေးမြူရေးလုပ်ငန်းကိုလည်း​အောင်မြင်​အောင်​ဆောင်ရွက်ရမည်ဖြစ်​ကြောင်း၊ ​ဖွဲနုဆီထုတ်လုပ်နိုင်ရေးအတွက်လည်း ဖွဲနုဆီစက်ရုံများတည်​ထောင်နိုင်​ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တိုင်း​ဒေသကြီးမှ နှစ်စဥ်ဖွဲနုမက်ထရစ်တန်ချိန် ခြောက်သိန်း​ကျော် ထွက်ရှိပါကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးရေးနှင့်ပတ်သက်သည့် ထောက်ပံ့မှုများရရှိရန်အတွက်လည်း ​ဆောင်ရွက်​ပေးမည်ဖြစ်ပါ​ကြောင်း၊ စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်း​ရောက်ရှိ​ရေး၊ ဆီဖူလုံမှုရှိ​စေ​ရေးနှင့် ရည်မှန်းချက်များ​အောင်မြင်​စေ​ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။ ထို့နောက် ဆီထွက်သီးနှံအထူးဇုန်(၁) တာဝန်ခံက ၂၀၂၄-၂၀၂၅ခုနှစ်၊ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) အထူးဇုန်ဧရိယာများ စိုက်ပျိုးထုတ်လုပ် ဆောင်ရွက်ထားရိမှုများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တောင်သူများနှင့် အစည်းအဝေးသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ‌ဆီထွက်သီးနှံအထူးဇုန် စိုက်ပျိုးထုတ်လုပ်မည့် အခြေအနေနှင့်ပတ်သက်၍ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ဒူးယားမြို့ရှိ သုတရွှေကြယ်စင်စာကြည့်တိုက်သို့ သွားရောက်ကာ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချ၍ စာကြည့်တိုက်၌စာပေလာရောက်ဖတ်ရှုသည့် ကလေးငယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စာကြည်တိုက်များတွင် သုတ၊ ရသစာအုပ်စာပေများပိုမိုပြည့်စုံစွာထားရှိရေး၊ တောင်သူများအတွက်အကျိုးပြုစေမည့် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် စာအုပ်စာပေများ၊ နေ့စဉ်ထုတ်သတင်းစာများထားရှိရေးနှင့် ရှင်သန်ခိုင်မာသည့် စာကြည့်တိုက်အဖြစ် ဆက်လက်ရပ်တည်နိုင်ရေး၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေးနှင့် စာဖတ်ရှိန်မြှင့်တင်​ရေးအတွက် စာကြည့်တိုက်ကော်မတီစနစ်တကျဖွဲ့စည်းနိုင်ရန် တာဝန်ရှိသူများက ဝိုင်းဝန်ကူညီဆောင်ရွက်ပေးစေရေးတို့ကိုမှာကြားခဲ့ပြီး စာကြည့်တိုက်အတွက် အလှူငွေများပေးအပ်ရာ စာကြည့်တိုက်မှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။


Read More...
14-May-2024