သတင်းများ
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်း အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမား များက တစ်ဦးချင်းမိတ်ဆက်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အနိုင်ရရှိရေး ပိုမိုကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲအားကစားသမားများအား မြို့နယ်အလိုက်ပြိုင်ပွဲများ ကျင်းပပြုလုပ်၍ နေရာအလိုက်အကောင်းဆုံးအားကစားသမားများကို ရွေးချယ်ပြီး စခန်းသွင်းလေ့ကျင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမားအနေဖြင့် တစ်ဖက်အသင်း၏ အားသာချက်၊ အားနည်းချက်များကို ရှာဖွေဖော်ထုတ်၍ အနိုင်ရရှိအောင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မိမိတို့အသင်း၏ အားနည်းချက် များကိုလည်း ပြုပြင်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့အသင်း အောင်မြင်မှုရရှိစေရန်အတွက် နည်းပြ၊ အုပ်ချုပ်၊ အားကစားသမားများအားလုံးက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားအောင် ကြိုးစားယှဉ်ပြိုင်ကြရန်နှင့် တိုင်းဒေသကြီးနှင့်နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားများဖြစ်ကြပါစေကြောင်း”အမှာစကား ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
Read More...
19-May-2024
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Read More...
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စေတနာလုပ်အားပေးနည်းပြ ဆရာဆရာမများနှင့် စာသင်သားများ တက်ရောက်ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် တိုင်းရင်းသားပြည်သူများအနေဖြင့် စိတ်ပါဝင်စားစွာ လာရောက်သင်ကြားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စာသင်ဝိုင်း(၁၇၇၁)ဝိုင်းတွင်ရှိသည့် စာသင်သား (၂၅၀၁၆)ဦးအား ဆရာ၊ ဆရာမ နည်းပြ (၁၇၇၁)ဦး ၊ ကြီးကြပ်(၂၁၇)ဦးတို့က ရက်ပေါင်း (၄၀)ကြာ တစ်နေ့လျှင် ပျမ်းမျှ (၃)နာရီနှုန်းဖြင့် နာရီပေါင်း (၁၂၀)ကြာ သင်ကြားပို့ချပေးခဲ့ ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံစာတတ်မြောက်ရေး လုပ်ငန်းတွင် စိတ်ရင်းစေတနာဖြင့် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများ ကူညီဆောင်ရွက် ပေးသည့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားခဲ့သော အရေး၊ အဖတ်၊ အတွက်များကို ဆက်လက်လေ့လာဆည်းပူးကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်မှ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးတွင် ရှင်သန်ခိုင်မာနေသည့် စာကြည့်တိုက်ပေါင်း(၃၂၃)တိုက်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများမှ ပြည်သူများအနေဖြင့်လည်း စာကြည့်တိုက်ရှိ သုတ၊ ရသစာပေများကို လေ့လာဖတ်ရှုနိုင်မည် ဖြစ်ပါကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားခဲ့သည့်ပြည်သူများအနေဖြင့် မိမိတို့သင်ကြားခဲ့သည် စာပေများကို ဆက်လက်လေ့လာဆည်းပူးရင်းဖြင့် အောင်မြင်တိုးတက် သော ဘဝကိုတည်ဆောက်နိုင်ပါစေကြောင်း” ဂုဏ်ပြုအမှာစကားများပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စာတတ်မြောက်ရေးနှင့် ကျောင်းပြင်ပ ပညာရေးလုပ်ငန်း ဆောင်ရွက် ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ရန်များကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်မှုမှတ်တမ်း ဗီဒီယိုပြသမှုများကို ကြည့်ရှု့အားပေးခဲ့သည်။ ယင်းနောက် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးစီးကော်မတီက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးပညာရေးမှူးအား ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့သည့် စေတနာလုပ်အားပေးနည်းပြ၊ ကြီးကြပ်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေးအပ်ရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် နည်းပြ၊ ကြီးကြပ် ဆရာ၊ ဆရာမများက လက်ခံရယူခဲ့သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းတွင် စာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြေ ာက်ရေးလုပ်ငန်းတွင် သင်ကြားခဲ့သည့် စာသင်သားများအတွက် သင်ယူပြီးမြောက်ကြောင်း လက်မှတ်များကို ဆက်လက်ပေးအပ်ခဲ့ပါသည်။ထို့နောက် ငယ်စဉ်ကကျောင်းမနေခဲ့ဖူးသူ၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ စာမတတ်ခဲ့သူတစ်ဦးဖြစ်သည့် ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အမက-တံတားကြီးတန်း စာသင်ဝိုင်းမှ သတ်မှတ်နာရီ၊ သတ်မှတ်ရက်ပြည့်မီအောင်သင်ကြားခဲ့သဖြင့် စာတတ်မြောက်လာခဲ့သူ အသက်(၅၅)နှစ်အရွယ် စာသင်သား ဒေါ်စိန်သန်းက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် နည်းပြ၊ ကြီးကြပ်များ၊ စာသင်သားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် စာသင်သားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကာ ၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
Read More...
19-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂ဝ၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်ရှိ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း LEGAL ADVOCACY CENTER (LAC) ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲက ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းများကို တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် ပြည်သူများကိုလည်း ဥပဒေ အသိပညာပေးခြင်းကို တိုးမြှင့်ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ဥပဒေအသိပညာ ပြန့်ပွားစေရေးကို ဆောင်ရွက်ပေးခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေးကို တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အပြင် အဂတိလိုက်စားမှုကင်းသော နိုင်ငံတစ်ခုဖြစ်လာနိုင်သည့် အကျိုးကျေးဇူးရရှိမှာ ဖြစ်ကြောင်း၊ ဥပဒေ အသိပညာပြန့်ပွားရေးလုပ်ငန်းစဉ်များကို ယခုထက် ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားချက်အရ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီးဥပဒေချုပ်ရုံးက ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်းနှင့် ယခုသင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းတွင်ပို့ချသည့် ဥပဒေဘာသာရပ်ကို လေ့လာမှတ်သားပြီး မိမိတို့၏ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားလူငယ်များအား ထပ်ဆင့်ဆွေးနွေးပေးသွားရန်” တိုက်တွန်းအမှာစကားပြောကြားပြီး သင်တန်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု ဗီဒီယိုပြသမှုအားကြည့်ရှုအားပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ကို (၁၈.၅.၂၀၂၄) ရက်နေ့မှ (၁၉.၅.၂၀၂၄)ရက်နေ့ထိ သင်တန်းချိန်(၈)ချိန်၊ (၂၅.၅.၂၀၂၄)ရက်နေ့မှ (၂၆.၅.၂၀၂၄) ရက်နေ့ထိ သင်တန်းချိန်(၈)ချိန် စုစုပေါင်းသင်တန်းချိန်(၁၆)ချိန် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား ဆရာ၊ ဆရာမ (၅၀) ဦးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ရာဇသတ်ကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ၊ အများနှင့်သက်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ နိုင်ငံဝန်ထမ်းဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေ၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ စီးပွားရေးစာချုပ် စာတမ်းအကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ ဥပဒေအရာရှိ (၉)ဦးက သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပါသည်။
Read More...
18-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲအား တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ပြုလုပ်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားအား တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က“ သဘာဝဘေးအန္တရာယ်အမျိုးမျိုးရှိပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ပျက်စီးဆုံးရှုံးမှုများလည်း များပြားပါကြောင်း၊ သင်တန်းကာလအတွင်း၌ သင်တန်းကျောင်းမှ နည်းပြများအပြင် မိတ်ဖက်ဌာနများဖြစ်သည့် မီးသတ်ဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ နည်းပြများက သက်ဆိုင်ရာ ဘာသာရပ်များအား ဆွေးနွေးပို့ချခဲ့ခြင်း ဖြစ်သည့်တွက် ဗဟုသုတများစွာ ရရှိကြမည်ဟုမျှော်လင့်ပါကြောင်း၊ သဘာဝဘေးကျရောက်မှုများသည် ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ခံရလွယ်မှုများသည့် နေရာများ၌ ဆိုးကျိုးသက်ရောက်မှု ပိုများသည်ကိုတွေ့ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ရေဘေး၊ လေဘေး သဘာဝေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးမှုများကိုလျော့ချနိုင်ရန်အတွက် လေကာပင်များ၊ ဒီရေတောများကိုလည်း ပိုမိုတိုးချဲ့စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနဲ့ အဝှမ်းတွင်လည်းဘေးအန္တရာယ်များကြောင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုများကို အဟန့်အတားဖြစ်စေသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို အဟန့်အတားဖြစ်စေမည့် ခြိမ်းခြောက်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်နှင့် လျော့ပါးသက်သာစေရန်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ကြရမည်ဖြစ်ပြီး မိမိတို့အားလုံးက တက်ညီလက်ညီပူးပေါင်းဆောင်ရွက်သွားကြရန်လည်း လိုအပ်မှာဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများသည် ယခုသင်တန်းကရရှိခဲ့ကြသည့် အသိအမြင်၊ ဗဟုသုတများအား မိမိတို့၏ ဒေသအသီးသီးသို့ ပြန်လည်ရောက်ရှိရာတွင် လက်တွေ့ ပြန်လည်မျှဝေအသုံးချကြရန်လိုပါကြောင်းနှင့် မိမိတို့၏ ဌာနအနေဖြင့် လုပ်ငန်းအစီအစဉ်များ၊ စီမံချက်များရေးဆွဲသည့်အခါတွင်လည်း ဘေးလျော့ပါးရေး အမြင်များ၊ ဘေးလျော့ပါးရေး လုပ်ငန်းများကိုထည့်သွင်းပေါင်းစပ် ဆောင်ရွက်သွားကြစေလိုကြောင်း” တိုက်တွန်းပြောကြာကြားသည်။
ထို့နောက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းမှကျောင်းအုပ်ကြီးက သင်တန်းဆင်းအစီရင်ခံစာအား ဖတ်ကြားခဲ့ပြီးနောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ကသင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်နှင့် စာပေထူးချွန်ဆုရ သင်တန်းသူတစ်ဦးအား ဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။
Read More...
17-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့အမှတ်(၁)ရပ်ကွက်ရှိ ရသအောင်မြေစာကြည့်တိုက်သို့ သွားရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာကြည်တိုက်များတွင် သုတ၊ ရသ စာအုပ်စာပေများပိုမိုပြည့်စုံစွာထားရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME နှင့်ပတ်သက်သည့် စာအုပ်စာပေများ ထားရှိရေးနှင့် ရှင်သန်ခိုင်မာသည့် စာကြည့်အဖြစ် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်ကူညီဆောင်ရွက်ပေးစေရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီး စာကြည့်တိုက်အတွက် အလှူငွေများနှင့် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့အမှတ်(၁)ရပ်ကွက်၊ စနေဆွမ်းလောင်းအသင်းဓမ္မာရုံရှိ စာသင်ဝိုင်းသို့သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသားပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စာသင်သားများ၏ အရေး၊ အဖတ်၊ အတွက် တိုးတက်လာမှုများကို ကြည့်ရှုအားပေးခဲ့ကာ ဆရာ၊ ဆရာမများနှင့် စာသင်သားများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ မဟာဓမ္မိကာရာမကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မဟာဓမ္မိကာရာမကျောင်းတိုက်အတွင်း နှစ်ပေါင်း(၁၄၀)ေကျာ် သက်တမ်းရှိ တိုင်တစ်ရာကျောင်း၏ ရှေးဟောင်းလက်ရာများ၊ ရှေးဟောင်းရုပ်ပွားတော်၊ ပိဋကတ်သုံးပုံ၊ ပေစာ၊ ပရပိုက်စာများ ထိန်းသိမ်းထားရှိသည့် ရှေးဟောင်းလက်ရာ စာတိုက်ပုံးများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းအမွေအနှစ်များ မပျောက်ပျက်စေရန်နှင့် ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဝါဆိုမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော် ဦးသုဇာတအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့ပြီး ဝါဆိုမဟာစည်သာသနာ့ရိပ်သာ၊ ကလေးတရားစခန်းတွင် ကလေးငယ်များ တရားရှုမှတ်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိကြီးပွားရေးစာကြည့်တိုက်သို့ သွားရောက်ကာ ရှင်သန်ခိုင်မာသည့် စာကြည့်အဖြစ် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်ကူညီဆောင်ရွက်ပေးစေရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီး စာကြည့်တိုက်အတွက် အလှူငွေများနှင့် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့ပါသည်။
Read More...
17-May-2024