သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား ပို့ဆောင်နှုတ်ဆက်
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ရှေ့တွင် သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။


Read More...
12-Oct-2024
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်အသင်းအား အောင်နိုင်ရေးအလံပေးအပ်
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင် အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။


Read More...
12-Oct-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်တက္ကသိုလ်၊ ၂၀၂၄ခုနှစ်၊ ပထမနှစ်(၂၀၂၃-အောင်)၊ ဒုတိယအသုတ်(ဝိဇ္ဇာ) အဝေးသင်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်
ပုသိမ်တက္ကသိုလ် ၂၀၂၄ခုနှစ်၊ ပထမနှစ်(၂၀၂၃-အောင်)၊ ဒုတိယအသုတ်(ဝိဇ္ဇာ) အဝေးသင် သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


Read More...
10-Oct-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စတင်ပျံသန်းပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စတင်ပျံသန်းပြေးဆွဲနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ တိုင်းအဆင့်ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။


Read More...
09-Oct-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) ပြိုင်ပွဲဝင်ရောက်ရန်အတွက် ပြိုင်ပွဲဝင်များ၏အရည်အချင်း စစ်ဆေးနေမှုများကို ကြည့်ရှုအားပေး
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ဗဟိုအဆင့်) ဝင်ရောက်ယဉ်ပြိုင်ရန်အတွက် ပြိုင်ပွဲဝင်များအား  ပုသိမ်တက္ကသိုလ် စံပယ်ဆောင်၊ မြကန်သာခန်းမတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ပြိုင်ပွဲဝင်များ၏ အရည်အချင်းစစ်ဆေးနေမှုများကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


Read More...
08-Oct-2024