သတင်းများ

တိုင်းဒေသကြီး ဝန်ကြီးချုပ် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ စက်မှုလယ်ယာစနစ်ကျလယ်မြေ ဧက(၁၀၀) ဖော်ထုတ်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာအုပ်စုအတွင်းရှိ တောင်သူ(၁၂)ဉီး၏ လယ်မြေဧက(၁၀၀)၌ စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ရေးအဖွဲ့(အောက်မြန်မာပြည်)သန်လျင်မြို့မှ စက်မှုလယ်ယာစနစ်ကျလယ်မြေ ဧက(၁၀၀)ဖော်ထုတ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ စက်မှုလယ်ယာစနစ်ကျလယ်မြေ ဧက(၁၀၀) ဖော်ထုတ်ရေးလုပ်ငန်းရှင်းလင်းဆောင်၌ တိုင်းဒေသကြီးဝန်ကြီးချုပ်အား စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဦးစီးမှုနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့က စက်မှုလယ်ယာစနစ်ကျလယ်မြေ ဧက(၁၀၀)မဖော်ထုတ်မီ တောင်သူပိုင်ဆိုင်မှုများနှင့် ဖော်ထုတ်ပြီး တောင်သူတစ်ဦးချင်းပြန်လည်ခွဲဝေရရှိမည့် အခြေအနေများ၊ ဟက်တာကွက်များအဖြစ်ဖော်ထုတ်ဆောင်ရွက်နေမှုများ၊ ကုန်ထုတ်လမ်း၊ စက်ဆင်းလမ်းနှင့် ရေသွင်းရေနုတ်မြောင်းများဆောင်ရွက်နေမှုများကိုရှင်းလင်းတင်ပြအမှူအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က "စနစ်ကျလယ်မြေဖော်ထုတ်ပြီးစီးပါက တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်မည်ဖြစ်သဖြင့် တောင်သူများအတွက် အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ပါကြောင်း၊ စံနမူနာပြဖြစ်သဖြင့်အောင်မြင်အောင် ဆောင်ရွက်သွားရန်" တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မရဲ့အုန်းပင်စုကျေးရွာအုပ်စုရှိ တောင်သူ ဦးတင်အောင်သန်း၏ လယ်မြေတွင်ပြုလုပ်သည့် နယူးဧရာ(၁)အထူးအထွက်တိုး စပ်မျိုးစပါး နွေစပါးကွင်းပိတ်စိုက်ပျိုးပွဲတွင် ခြောက်တန်းတစ်တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးနေမှုများအားကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တောင်သူဦးတင်အောင်သန်းက ဂျပန်ဘိုကာရှီနည်းပညာဖြင့်ပြုလုပ်ထားသော စပါးခွံမြေဆွေး သဘာဝမြေသြဇာ ထုတ်လုပ်သုံးစွဲမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျ ထည့်သွင်းကြဲပက်နေမှုများ၊ ဆိုလာရေတင်စနစ်ဖြင့် ရေတင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန်အတွက် နယူးဧရာ ၁ စပါးမျိုးများအား ပျိုးဗန်းဖြင့် ပျိုးထောင်ထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သီးထပ်စွမ်းအား တိုးတက်ရေးအတွက် ဆောင်ရွက်ကြရန်နှင့်တစ်ဧကအတွက်နှုန်းများ တိုးတက်ထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ စခန်းကြီးကျေးရွာရှိ တောင်သူဦးတင်အောင်ဆန်း၏ super sun 41 မျိုး ဆီထွက်သီးနှံနေကြာ (၂)ဧက စံပြစိုက်ခင်းနှင့် ဝဲဒေါင့်ကျေးရွာအုပ်စုရှိ တောင်သူဦးမြင့်ဇော်၏ super sun 41 မျိုး ဆီထွက်သီးနှံနေကြာ (၅)ဧကတွင် ဆိုလာစနစ်ဖြင့်ရေတင်စိုက်ပျိုးနေမှုအားလည်း ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ မယ်တလိုင်းကျေးရွာ၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (clean and green school) ပြိုင်ပွဲဝင် အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူလေးများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ကျောင်းအတွင်းစိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများ၊ ရာသီပင် သီးပင်စားပင် ပန်းမန်များ၊ ကျောင်းသားကျောင်းသူကလေးများ၏ တီထွင်ဖန်ထီးထားမှုများ၊ ကျောင်းသန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စာသင်ကျောင်းအတွက် လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
Read More...
26-Dec-2023

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက ဟင်္သာတခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ရှိ မဟာသာကျေးရွာ အုပ်စု၏ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ထုတ် စိုက်ခင်း(၃.၇)ဧကနှင့် မတ်ပဲစိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။
ထို့အတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ ပြင်ရွာကျေးရွာရှိ တောင်သူဦးသောင်းကြည်၏ စိုက်ဧက(၅)ဧက၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါး၊ မှော်ဘီ ၃ စပါးမျိုး၊ (Seeder)အစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲအား တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက စိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဒေသခံတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တောင်သူများ၏ စက်သုံးဆီလိုအပ်ချက်၊ မျိုးနှင့် နည်းပညာလိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကျုံတုံးကြီးကျေးရွာအုပ်စုသို့ရောက်ရှိ၍ တောင်သူ ဒေါ်နီနီမိုး၏ ဆင်းရွှေကြာ ၂ မျိုး ဆီထွက်သီးနှံနေကြာ (၁၀)ဧက စံပြကွက်နှင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်စိုက်ခင်း(၅)ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။
Read More...
23-Dec-2023

ဒီဇင်ဘာလူထုအားကစားလ စတုတ္ထပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ပါဝင်ဆင်နွှဲ
Read More...
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်း စုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။
စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ လမ်းလျှောက်ပွဲအား ဖွင့်လှစ်ပေးပြီးနောက် ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီး အတိုင်းတပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းတွင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical Fitness dance များအား အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒီဇင်ဘာလစတုတ္ထပတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၃၅၀၀)ကျော် တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ် လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများသည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ပြုလုပ်သည့် ဒီဇင်ဘာလူထုအားကစားလ ဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ(အမျိုးသမီး) ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစား နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ ပထမဆုရရှိသည့် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို တိုင်းဒေသကြီးဝန်ချုပ်ကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြပြီး လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီးနှင့် မီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးတို့က ပထမဆုရရှိသည့်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေများ ထပ်မံချီးမြှင့်ခဲ့ကြသည်။
Read More...
23-Dec-2023

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၃ခုနှစ်၊ မိုးစပါး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ကြသည့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများ၊ သွင်းအားစုကိုယ်စားလှယ်များနှင့်တွေ့ဆုံ
Read More...
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၃ခုနှစ်၊ မိုးစပါးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်ကြ သည့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများ၊ သွင်းအားစုကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများ၊ သွင်းအားစုကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ (၈၆)ဘီလီယံဖြင့် ယခင်နှစ်နွေစပါးရာသီမှစ၍ တောင်သူများထံသို့ နှစ်သိန်းနှင့်ညီမျှသည့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ တောင်သူများထံသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများထောက်ပံ့ပေးအပ်ခြင်းသည် တတိယအကြိမ်သို့ ရောက်ရှိပြီဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ထောက်ပံ့ပေးခြင်းကြောင်း ဝယ်ယူကြိတ်ခွဲ တင်ပို့သူများ၊ သွင်းအားစုကိုယ်စားလှယ်များနှင့် တောင်သူများအတွက် များစွာအကျိုးရှိသည် ဖြစ်ပါကြောင်း၊ သွင်းအားစုထောက်ပံ့ငွေများကိုလည်း အချိန်မီပြန်လည်ပေးသွင်းကြရန်လိုကြောင်း၊ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း တိုင်းဒေသကြီးတွင် သွင်းအားစုများ၊ ကုန်ကျစရိတ်ကြီးမြင့်မှုများကြုံတွေ့ခဲ့ရသဖြင့် စိုက်ပျိုးဧကများ လျော့နည်းခဲ့ပါကြောင်း၊ တိုင်းဒေသကြီးသည် နွေစပါးနှင့်မိုးစပါး ဧက(၅၂)သိန်းကျော်စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်နေသကဲ့သို့ ပဲမျိုးစုံဧက(၁၆) သိန်းကျော် စိုက်ပျိုးလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း အထွက်တိုးမျိုးကောင်းမျိုးသန့်များ ပြောင်းလဲ အသုံးခြင်း၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများနှင့်ဓါတ်မြေသြဇာများ အချိုးကျသုံးစွဲခြင်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နွေစပါးစိုက်ပျိုးရာတွင် အောင်ရေရရှိရေးအတွက် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများကိုလည်းတိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ စပါးအထွက်နှုန်းများကိုလည်း စပါး အမျိုးအစားလိုက် စနစ်တကျမှတ်တမ်းထားရှိရန်လိုပါကြောင်းနှင့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများ၊ သွင်းအားစုကိုယ်စားလှယ်များကလည်း ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအနေဖြင့် စိုက်ပျိုးရေး စံပြတိုင်းဒေသကြီးဖြစ်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၃ ခုနှစ်၊ မိုးစပါးဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးလည်းကောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၃ခုနှစ်၊ နွေစပါးဆောင်ရွက်နိုင်ရေး လုပ်ငန်းစီမံချက်အား တိုင်းဒေသကြီးအဆင့် လုပ်ငန်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးကလည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ နွေစပါးဆောင်ရွက်မည့် အဆိုပြုဧကများနှင့်ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများကလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များ အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။
Read More...
22-Dec-2023

တိုင်းဒေသကြီးဝန်ကြီးချုပ် သာပေါင်းမြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်ရှိ အမှတ် (၁၂)၊ (၁၃)၊ (၁၄) မြောင်းတူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စု၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အမှတ် (၁၂)၊ အမှတ်(၁၃)၊ အမှတ်(၁၄)မြောင်းများ တူးဖော်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စုရှိ အမှတ်(၁၄)မြောင်း အလျား(၁.၅)မိုင်၊ ထိပ်ဝအကျယ် (၄၀)ပေ၊ အောက်ခြေအကျယ် (၂၀)ပေ၊ ပျမ်းမျှအမြင့်( ၁၀)ပေရှိ မြောင်းတူးဖော်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတိုင်းဦးစီးမှူးနှင့် လယ်ယာမြေစီမံခန့်ခွဲနှင့်စာရင်းအင်းဦးစီးဌာနတိုင်းဦးစီးမှူးတို့က ၂၀၂၂-၂၀၂၃ခုနှစ်၊ ရိုးပြတ်ကျန်ဧရိယာများအပေါ် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ရေရရှိရေးဆောင်ရွက်ပြီး ဖော်ထုတ်ဆောင်ရွက်လျှက်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် လုပ်ငန်းများ အချိန်မီဆောင်ရွက်ပြီးစီးစေရေးမှာကြားခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ "တိုင်းဒေသကြီးတွင် သီးထပ်စွမ်းအားတိုးတက်အောင်ဆောင်ရွက်လျက်ရှိပြီး စိုက်ဧကများအားတိုးချဲ့စိုက်ပျိုးလျှက်ရှိကြောင်း၊ ရိုးပြတ်ကျန်ဧကများ၊ မြေလွတ်များမထားပဲ စိုက်ပျိုးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သီးထပ်သီးနံအဖြစ် စပါးသီးနှံအပြင်၊ ဆီထွက်သီးနှံများနှင့် အခြားသီးနှံများ ထပ်မံစိုက်ပျိုးကြရန်လိုကြောင်း၊ အထွက်တိုး မျိုးကောင်းမျိုးသန့်များကိုစိုက်ပျိုးကြပြီး သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာများ အချိန်ကိုက် အချိုးကျထည့်သွင်းစိုက်ပျိုးကြရန်လိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ဒေသခံတောင်သူဦးကြီးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ယခုကဲ့သို့ ရေမြောင်းများတူးဖော်ပေးသဖြင့် စိုက်ပျိုးရေးအတွက် အောင်ရေရရှိပြီး စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်သည့်အပြင် လမ်းပန်းဆက်သွယ်ရေးအတွက်လည်း အထောက်အကူဖြစ်ပါကြောင်း၊ တောင်သူကြီးများဘက်မှလည်း စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် တက်ညီလက်ညီဝိုင်းဝန်းဆောင်ရွက်ပေးကြရန်" ပြောကြားပြီး တောင်သူကြီးများမှ လိုအပ်ချက်များတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး သက်ဆိုင်ရာဌာနများအား ကွင်းဆင်းစစ်ဆေးတင်ပြကြရန်လမ်းညွှန်မှာကြားခဲ့ပါသည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ဘူတာစုကျေးရွာကွင်းသို့ရောက်ရှိ၍ ကွင်းအမှတ်(၁၂)မြောင်းနှင့် အမှတ်(၁၃)မြောင်း တူးဖော်ခြင်းလုပ်ငန်း ၊အပိုင်း(၃)(က) အမှတ်(၁၃)မြောင်း၊ အလျား(၂.၄၀၅)မိုင်၊ ထိပ်ဝအကျယ် (၄၀)ပေ၊ အောက်ခြေအကျယ် (၂၀)ပေ၊ ပျမ်းမျှအမြင့်( ၁၀)ပေ မြောင်းတူးဖော်နေမှုများအား ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်ထားသောကာလအတွင်း အချိန်မီပြီးစီးစေရေး လမ်းညွှန်မှာကြားခဲ့ပြီးဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ့ခဲ့ပါသည်။
အဆိုပါ အမှတ် (၁၂)၊ အမှတ်(၁၃)၊ အမှတ်(၁၄)မြောင်းများ တူးဖော်ပြီးစီးပါက သာပေါင်းမြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်ရှိ လယ်မြေဧက (၃၀၀၀)အတွက် ရေသွင်းရေထုတ် ကောင်းမွန်စေမည်ဖြစ်ပြီး ရေကျနောက်စိုက်စပါးစိုက်ပျိုးရေးအတွက် စိုက်ပျိုးရေနှင့် အောင်ရေကိုလုံလောက်စွာရရှိမည်ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စုရှိ အနောက်စုကြီးမြောင်း၊ ပုလဲကူး- အနောက်စုကုန်းမြောင်းနှင့် ပုလဲကူးမှ သပြေကွင်းရွာအထိမြောင်းတူးဖော်ခြင်း မြောင်းအလျား(၇.၅)မိုင်၊ ထိပ်ဝအကျယ် (၂၁)ပေ၊ အောက်ခြေအကျယ်(၇)ပေ၊ ပျမ်းမျှအမြင့် (၇)ပေရှိပြီး စိုက်ဧက(၅၀၀)အား အကျိုးပြုမည့် မြောင်းတူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
21-Dec-2023