သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒီဇင်ဘာလူထုအားကစားလ ဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကြည့်ရှုအားပေး
Read More...
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများသည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ပြုလုပ်သည့် ဒီဇင်ဘာလူထုအားကစားလ ဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစား နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြပြီးအမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ကြပါသည်။
Read More...
30-Dec-2023

ဒီဇင်ဘာလူထုအားကစားလ ပဉ္စမပတ်စုပေါင်းလမ်းလျှောက်ပွဲ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ပါဝင်ဆင်နွှဲ
Read More...
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်း စုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ် လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။
စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးပြီးနောက် ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီး အတိုင်းတပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းတွင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical Fitness dance များအား အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒီဇင်ဘာလပဥ္စမပတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၃၇၀၀)ကျော် တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။
Read More...
30-Dec-2023

တိုင်းဒေသကြီးဝန်ကြီးချုပ် ပန်းတနော်မြို့၊ အလယ်ပိုင်းရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဘေးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတက်ရောက်
Read More...
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မအူပင်ခရိုင်၊ ပန်းတနော်မြို့၊ အလယ်ပိုင်းရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဘေးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့နှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့အား တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌတို့က ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်အားပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါလမ်းသည် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး အလျား ၇၄၄ပေ၊ အကျယ် ၁၀ပေနှင့် ထု၆လက်မရှိပြီး ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန်နှင့် ရပ်ကွက်နေပြည်သူများ သွားလာမှုလွယ်ကူစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတနော်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီး ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့သည်။
Read More...
29-Dec-2023

တိုင်းဒေသကြီးဝန်ကြီးချုပ် ပင်စင်လာရောက်ထုတ်ယူကြသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ဆန်၊ ဆီနှင့်ကြက်ဥများ ထောက်ပံ့ပေးအပ်၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဆန်၊ ဆီနှင့် ကြက်ဥများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က "ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန်၊ ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက် ဌာနဆိုင်ရာများ ပေါင်းစပ်ဆောင်ရွက်ပေးရန်၊ ဘဏ်သို့ပင်စင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်းစားဝန်ထမ်းများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေးဆောင်ရွက်ပေးရန်၊ ၆ လ ၁ ကြိမ် ကျန်းမာရေးစစ်ဆေးမှုများ ပြန်လည်ဆောင်ရွက်ပေးရန်" မှာကြားခဲ့ပါသည်။ ထို့နောက် တာဝန်ရှိသူများက ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ပြီး လိုအပ်သောဆေးဝါးများ ထောက်ပံ့ပေးခဲ့ပါသည်။
ထို့အတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီးနောက် ကျောင်းကုန်းမြို့နယ် ခုတင်(၁၀၀)ဆေးရုံတွင် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား အထွေထွေရောဂါအထူးကု၊ ဓာတ်မှန်အထူးကု၊ အရိုးအကြောအဆစ် ခွဲစိတ်အထူးကု ဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများကို ကြည့်ရှု၍ အားပေးစကားများပြောကြားခဲ့ကာ ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့သည်။
Read More...
29-Dec-2023

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြောင်းမြမြို့၊ ကံ့ကော်မြိုင်အတွင်းပတ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြောင်းမြမြို့၊ ကံ့ကော်မြိုင်အတွင်းပတ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့နှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌတို့က ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်အား ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါလမ်းသည် မြောင်းမြမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်ခဲ့ပြီး အလျား ၁၃၁၅ပေ၊ အကျယ် ၁၂ပေနှင့် ထု၆လက်မရှိပြီး ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဗမော်သုံးခွလျှပ်စစ်မြစ်ရေတင်လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ရှင်းလင်းဆောင်တွင် ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်အင်ဂျင်နီယာက လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ၊ အကျိုးပြုဧကများ၊ နှစ်အလိုက်ရေပေးနိုင်မှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ဒေသခံတောင်သူများနှင့် ဆက်လက်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိရေးအတွက် အထွက်တိုးမျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရန်၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးရန်၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် တစ်နှစ်သုံးသီးအထိ စိုက်ပျိုးနိုင်ရေးလမ်းညွှန်မှာကြားခဲ့ပြီး တောင်သူများ၏ စိုက်ပျိုးရေးဆ်ုင်ရာလိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ မြစန္ဒာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ အိမ်မွေးတိရိစ္ဆာန်ခွေးများအား ခွေးရူးရောဂါ ကာကွယ်ဆေးများထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အိမ်မွေးတိရိစ္ဆာန် ခွေး၊ ကြောင်များကို ခွေးရူးရောဂါ၏အန္တရာယ်မှကာကွယ်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေး ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်
Read More...
28-Oct-2023