သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီးအား ဆီမီးမျှောပူဇော်ပွဲကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီးအား ဆီမီးမျှောပူဇော်ပွဲအား ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ရေဆင်းတန်ဆောင်း၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပုသိမ်မြို့ပေါ်ရှိပြည်သူများတက်ရောက်ခဲ့ကြသည်။
Read More...
16-Nov-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် (၃၇)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်
Read More...
ပုသိမ်မြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၌ (၃၇)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကို စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးတန်ဆောင်းတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
Read More...
15-Nov-2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၇)ကြိမ်မြောက် မသိုးသင်္ကန်းရက်ခတ်ယှဉ်ပြိုင်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၇)ကြိမ်မြောက် မသိုးသင်္ကန်းရက်ခတ် ယှဉ်ပြိုင်ပွဲအခမ်းအနားအား ယနေ့ညနေပိုင်းက ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် မသိုးသင်္ကန်း ရက်ခတ်ယှဉ်ပြိုင်မည့် ရက်ကန်းပညာရှင် ပြိုင်ပွဲဝင်များတက်ရောက်ခဲ့ကြသည်။
Read More...
14-Nov-2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ချောင်းသာကမ်းခြေသို့ သွားရောက်လည်ပတ်၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် သစ်ပင်စိုက်ပျိုး
Read More...
ရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲသည် ယနေ့ညနေပိုင်းတွင် ေချာင်းသာမြို့သို့ ရောက်ရှိ ကြရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ညပိုင်းတွင် H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲအား ချောင်းသာမြို့ AZURA ဟိုတယ်၌ ညစာဖြင့်တည်ခင်းဧည့်ခံခဲ့ကြသည်။
Read More...
14-Nov-2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ချောင်းသာကမ်းခြေသို့ သွားရောက်လည်ပတ်
Read More...
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲသည် ယနေ့ညနေပိုင်းတွင် ပုသိမ်မြို့သို့ရောက်ရှိကြရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများက ပုသိမ်လေတပ်စခန်းဌာနချုပ် လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကာ လေဆိပ်ဧည့်ခန်းမတွင် တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့မှ မိတ်ဆက်တွေ့ဆုံခဲ့ပြီးလန်းဆန်းစာများဖြင့်တည်ခင်းဧည့်ခံခဲ့သည်။
Read More...
13-Nov-2024