သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင်ပြုလုပ်သည့် ၂၀၂၅ -၂၀၂၆ ဆောင်းနေကြာ မျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆင်လမ်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျကျေးရွာ တောင်သူဦးသိန်းစိုး၏ စိုက်ဧက(၁၀)ဧကတွင် ၂၀၂၅-၂၀၂၆ ဆောင်းနေကြာ မျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲ အခမ်းအနားကို (၇.၁၂.၂၀၂၅) ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ တောင်သူများအား နေကြာမျိုးစေ့ပေးအပ်ခဲ့သည်။


Read More...
08-Dec-2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်သော တိုင်းဒေသကြီးအတွင်းရှိသက်ကြီးဘိုးဘွားများနှင့် ပြည်သူလူထုများ၏ ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားဖူးခရီးစဉ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ပို့ဆောင်နှုတ်ဆက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်သော တိုင်းဒေသကြီးအတွင်းရှိသက်ကြီးဘိုးဘွားများနှင့် ပြည်သူလူထုများ၏ ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားဖူးခရီးစဉ်အား ပုသိမ်မြို့၊ မြေနုတံတားဆိပ်ကမ်းမှ သင်္ဘောဖြင့် ယခုလ ၅ ရက်နေ့ညနေပိုင်းတွင်ထွက်ခွာခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပို့ဆောင်နှုတ်ခဲ့သည်။


Read More...
08-Dec-2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် စိုက်ပျိုးရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၆.၁၂.၂၀၂၅)ရက်နေ့ နေ့လည်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် မြောင်းမြခရိုင်အတွင်းစိုက်ပျိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။


Read More...
07-Dec-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဘာရပ်ဆိုင်ရာဆွေးနွေးပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဘာရပ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စဉ်တွန်းအားပေးကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးပွဲများ၊ သုံးသပ်ချက်၊ အကြံပြုချက်များဖော်ထုတ်ဆောင်ရွက်ခဲ့ပါကြောင်း


Read More...
06-Dec-2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးတို့ ဒီဇင်ဘာလူထုအားကစားလ ပထမပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲ
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်း စုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။


Read More...
06-Dec-2025