သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ငပုတောမြို့နယ် ၊ ဟိုင်းကြီးကျွန်းမြို့၊ ခမောက်မော်ကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လည်ပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ၊ ဟိုင်းကြီးကျွန်းမြို့၊ ခမောက်မော်ကျေးရွာတွင် (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ခမောက်မော်ကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
Read More...
17-Feb-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငပုတောမြို့နယ် ၊ ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်းကျေးရွာအုပ်စု ငါးရွာစုပေါင်း၊ ကျောင်းတောင်တောရကျောင်းတိုက်တွင် ပြုလုပ်သော သက်တော်(၉၇)နှစ်၊ သိက္ခာတော်(၇၇)ဝါရှိကျေးဇူးတော်ရှင် သက်တော်ရှည် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒာဝရမဟာထေရ်မြတ်၏ စံကျောင်းတော်ပင့် ထီးဖြူတော်ဖွင့် သာဓုကီဠနပူဇာ သို့တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လည်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ၊ ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်းကျေးရွာအုပ်စု၊ ကညင်ချောင်း(တောင်)ကျေးရွာ၊ ငါးရွာစုပေါင်း၊ ကျောင်းတောင်တောရကျောင်းတိုက်တွင် ပြုလုပ်သော ကျောင်းတောင်တောရကျောင်းတိုက်၏ ဦးစီးပဓာန၊ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဂျပန်နိုင်ငံ- ဗုဒ္ဓစာပေ ပထမဆုရ ၊ ဝိနယာလင်္ကာရဋီကာနိဿယသစ် (ပ၊ဒု)ကျမ်းပြု၊ သံဃ,ဂဏ ဝိရောစနဂုဏ်၊ ဝိနယဂရုကဂုဏ်၊ လဇ္ဇီပေသလသိက္ခာကာမဂုဏ်၊ သမထ,ဝိပဿနာဓုရာဝဟဂုဏ်၊ ကာယဝိဝေက၊ စိတ္တဝိဝေက, ဧကီဘာဝ,သန္တိန္ဒြိယဂုဏ်စသောဂုဏ်တို့နှင့် ပြည့်စုံတော်မူသော သက်တော်(၉၇)နှစ်၊ သိက္ခာတော်(၇၇)ဝါရှိကျေးဇူးတော်ရှင် သက်တော်ရှည် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒာဝရမဟာထေရ်မြတ်၏စံကျောင်းတော်ပင့် ထီးဖြူတော်ဖွင့် သာဓုကီဠနပူဇာ သို့တက်ရောက်ခဲ့သည်။
Read More...
16-Feb-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအားတက်ရောက်ဖွင့်လှစ်
Read More...
မြန်မာနိုင်ငံ၏ ထင်ရှားသောဘုရားပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး တပေါင်းလဆန်း ၁ ရက်နေ့မှ လပြည့်နေ့အထိ(ဖေဖော်ဝါရီလ ၁၆ရက်နေ့မှ မတ်လ ၂ရက်နေ့အထိ) ၁၅ ရက်ကြာ ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ဇီးချိုင်ကျေးရွာအုပ်စု၍ တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ တောင်ခြေရှိ မင်္ဂလာမုခ်ဦး၌ ကျင်းပခဲ့သည်။
Read More...
16-Feb-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြတ်မော်တင်စွန်းစေတီတော်ကုန်းမြေအောက်ခြေအားပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ရန် ဆောင်ရွက်ထားသည့် ကျောက်စီလှိုင်းကာအားသွားရောက်ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ မြတ်မော်တင်စွန်းစေတီတော်ကုန်းမြေအောက်ခြေအားပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ရန် ဆောင်ရွက်ထားသည့် ကျောက်စီလှိုင်းကာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြတ်မော်တင်စွန်းစေတီတော်ကုန်းမြေအောက်ခြေအားပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ရန် ဆောင်ရွက်ထားသည့် ကျောက်စီလှိုင်းကာအား သွားရောက်ကြည့်ရှုစစ်ဆေး
Read More...
16-Feb-2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူနှင့် မဟာမြိုင်တောရဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ပရိတ်တရားတော်နာယူပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ် တက်ရောက်နာယူကြည်ညို
Read More...
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ဦးစီးပဓာန နာယက ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ပရိတ်တရားတော်နာယူပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ တက်ရောက်နာယူ ကြည်ညိုကြသည်။
Read More...
15-Feb-2026