သတင်းများ
လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် ငဝန်မြစ်တစ်လျှောက် မြစ်ကမ်းပါးများ ကြည့်ရှူ့စစ်ဆေး
Read More...
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် သည် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းနိုင်ဝင်းနှင့် တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးလှမိုးတို့လိုက်ပါ၍ အင်္ဂပူမြို့ မြို့ကွင်း (ရထားတံတား) မှ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အထိ ငဝန်မြစ်ကြောင်းတစ်လျှောက် ငဝန်တာနှင့် မြစ်ကမ်းပါးများ တည်ဆောက်ပြီးကမ်းထိန်းနံရံများအခြေအနေနှင့် ထပ်မံဆောင်ရွက်ရန်လိုအပ်သည့် ကမ်းပါးအခြေအနေများအား မက ၁၄ ရေယာဥ်ဖြင့်လိုက်လံ ကွင်းဆင်းကြည့်ရှူ့စစ်ဆေး ကြည့်ရှူ့စစ်ဆေးခဲ့ကြပါသည်။
Read More...
09-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ် ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ထိန်းချုပ်ဆောင်ရွက်နိုင်မှုအား ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငဝန်တာ၏အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျပြီး ရေကျော်စီးဝင်ခဲ့သဖြင့် တာတမံ အရေးပေါ်ကာကွယ်ရေးလုပ်ငန်းနှင့် ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေးလုပ်ငန်းများကို ဩဂုတ်လ(၄) ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
08-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ညောင်တုန်းကျွန်းတာ မြစ်ကမ်းပါးရေတိုက်စားမှုကြောင့် မြေအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့်နေရာ၌ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေများကို ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြိး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဆည်မြောင်းတာအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့် တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၏ တစ်ဆက် တည်းတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
07-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ညောင်တုန်းမြို့၊ စက္ကော့ကျေးရွာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ စာသင်ဆောင်များအား ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ညောင်တုန်းမြို့၊ စက္ကော့ကျေးရွာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်၍ စာသင်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း
Read More...
07-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကျောင်းကုန်းမြို့၊ အမှတ် (၁)ရပ်ကွက် ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကားများပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့သို့ သွားရောက်၍ ကျောင်းကုန်းမြို့၊ အမှတ် (၁)ရပ်ကွက် ရတနာပုံရိပ်သာ ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ပြီးနောက် ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ လေးမျက်နှာမြို့၊ ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ပိတ်ဆို့နိုင်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း တာပိတ်ဖို့ခြင်း လုပ်ငန်းမှာ ပြီးစီးတော့မည်ဖြစ်ပါကြောင်း၊ ရေပြန်လည်ကျဆင်းပါက ရေဘေးသင့်ပြည်သူများအနေဖြင့် စိုက်ပျိုးသီးနှံများ အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး၊ ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးကို ဂရုစိုက်နေထိုင်ကြရန် ဖြစ်ပါကြောင်း” အားပေးစကားပြောကြားသည်။
Read More...
07-Sep-2026