သတင်းများ
နိုင်ငံတော်ဩဝါဒါစရိယဆရာတော်၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမဈေးကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဩသဓာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင် အခမ်းအနား
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံတော်ဩဝါဒါစရိယဆရာတော်၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမဈေးကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဩသဓာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
Read More...
22-Feb-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့်လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၁/၂၀၂၆)ကို ပိုးသတ်ဆေးဥပဒေအား သက်ဝင်လှုပ်ရှားစေရန်၊ ပိုးသတ်ဆေးနှင့် ပိုးသတ်ဆေး ဓာတ်ကြွင်းအန္တရာယ်ကိုသိရှိနားလည်ပြီး စနစ်တကျကိုင်တွယ်သုံးစွဲတတ်စေရန်
Read More...
22-Feb-2026
တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ARCCIရုံး (၆) ထပ် အဆောက်အဦးမင်္ဂလာပိုင်တိုင်ရိုက်ခြင်း အခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ARCCIရုံး (၆)ထပ်အဆောက်အဦး မင်္ဂလာပိုင်တိုင်ရိုက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြကျွန်းသာအိမ်ယာဝန်းအတွင်းရှိ အဆိုပါအဆောက်အဦ ဆောက်လုပ်မည့်မြေနေရာတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူတက်ရောက်၍ မင်္ဂလာအချိန်ရောက်ရှိသည်နှင့်တပြိုင်နက် ပန္နက်(၉) ချက်ရိုက်၍ ပိုင်တိုင်စိုက်ခြင်းမင်္ဂလာပြုလုပ်ခဲ့ပြီး အမွှေးနံ့သာရည်များပက်ဖျန်းပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
Read More...
22-Feb-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိ သူများနှင့်အတူ မြန်အောင်မြို့နယ်၊ အင်ပင်တိုက်နယ်ရှိဒေသခံပြည်သူများအား ဟင်္သာတမြို့၊ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
Read More...
21-Feb-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်အောင်မြို့နယ်တွင် ကျင်းပသည့် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အောင်ဇေယျအားကစားခန်းမတွင် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။
Read More...
20-Feb-2026