သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရှားခဲကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရွှေဆုရတနာ နှစ်ထပ်ကျောင်းဆောင်သစ်အား တက်ရောက်ဖွင့်လှစ်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရွှေဆုရတနာ အလျား(၇၀ပေ)အနံ(၃၀ပေ)နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းဆောင်သစ်ရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Read More...
14-Jun-2024

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပညာရေးဆိုင်ရာလုပ်ငန်များအား တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်တွေ့ဆုံဆွေးနွေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ(၁)တွင် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်တွေ့ဆုံ၍ ပညာရေးဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများစတင်ဖွင့်လှစ်သည့်နေ့မှစ၍ ယနေ့အထိကျောင်း ကျောင်းသား၊ ကျောင်းသူ(၁၁)သိန်းနှစ်သောင်းကျော် ကျောင်းအပ်နှံတက်ရောက်လျှက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ စဉ်ဆက်မပြတ်အတန်းကူးပြောင်းမှုရှိစေရေး၊ ကျောင်းထွက်မှုမရှိစေရေးအတွက် အောင်စာရင်းများနှင့်တိုက်ဆိုင်စစ်ဆေးခြင်း၊ အပ်နှံရန်ကျန်ရှိသူများအား ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ကျောင်းတက်ရောက်စေရေး အသိပညာပေး စည်းရုံးဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်ရေးနှင့် အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာပစ္စည်းများကိုလည်း အခမဲ့ထောက်ပံ့ပေးအပ်လျှက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးအပ်လျှက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့်ပံ့ပိုးမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် နှစ်စမှပင်တွန်းအားပေးကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း နှစ်စမှပင်ကြိုတင်ပြင်ဆင်မှုကောင်းကောင်းဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများ၏ ကျန်းမာရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ဆွေးနွေးမှာကြားခဲ့သည်။
Read More...
12-Jun-2024

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ရွေတံဆိပ်လေးခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်သုံးခုရရှိခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်တွင် အဆင့်သုံးရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး ဂျူဒိုအားကစားသမားများအားဂုဏ်ပြုပွဲနှင့် ၂၀၂၄ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးအားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးရေကူးအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ရွေတံဆိပ်လေးခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်သုံးခုရရှိခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်တွင် အဆင့်(၃) ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး ဂျူဒိုအားကစားသမားများအား ဂုဏ်ပြုပွဲနှင့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးအားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ရေကူးအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
Read More...
09-Jun-2024

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၁၁/၂၀၂၄)သို့တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ၊ အိမ်မဲမြို့နယ်၊ ကျုံကနိကျောင်းစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၁၁/၂၀၂၄)သို့ တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံပွဲကို ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Read More...
09-Jun-2024

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်းရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဇွန်လ ၈ ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့တွင်း ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်နေမှုများနှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
08-Jun-2024