သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ ဗိုလ်ကုန်းကျောင်းတိုက်အတွင်းရှိ ဂန္ဓကုဋီတိုက်တန်ဆောင်းတော်ကြီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များသည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၉)ရပ်ကွက်၊ ဗိုလ်ကုန်းကျောင်းတိုက်အတွင်း အနန္တမုနိဆုတောင်းပြည့် ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ်သီတင်းသုံးတော်မူသည့် ဂန္ဓကုဋီတိုက် တန်ဆောင်းတော်ကြီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Read More...
09-Jun-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရှင်းရေးဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
Read More...
07-Jun-2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ Master Feed mill ငါးအစာတောင့်စက်ရုံသို့ သွားရောက်ကြည့်ရှု
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့လယ်ပိုင်းက မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ Master Feed mill ငါးအစာတောင့်စက်ရုံသို့ သွားရောက်၍ ငါးအစာတောင့်စက်ရုံ လည်ပတ်ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပြီးနောက် စက်ရုံ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူတစ်ဉီးက ငါးအစာတောင့်စက်ရုံနှင့်ပတ် သက်သော အချက် အလက်များ၊ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ ဖွဲနု၊ ငါးခြောက် စသည့်ကုန်ကြမ်းများအသုံးပြုမှု၊ တိုင်းဒေသကြီးအတွင်းရှိ ဆန်စက်၊ ဆီစက်၊ ပဲခွဲစက် များနှင့် ကုန်ကြမ်းထွက်ရှိရာဒေသများမှ ကုန်ကြမ်းရရှိမှု၊ ကုန်ကြမ်းများသိုလှောင်ထားရှိမှု၊ ကုန်ချောထုတ်လုပ်မှု၊ ကုန်ချောအမျိုးအစားများ၊ ကုန်ချောသိုလှောင်ထားရှိမှုနှင့်ဖြန့်ဖြူးမှုများကို ရှင်းလင်းတင်ပြ
Read More...
06-Jun-2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ၂၀၂၅၊ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်
Read More...
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
Read More...
05-Jun-2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအားတက်ရောက်၍ သစ်ပင်များစိုက်ပျိုးပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ သဘာဝပတ်ဝန်းကျင်စိန်းလမ်းစိုပြေရေး ၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ် ထိန်းသိမ်းနိုင်ရေးတို့ကိုရည်ရွယ်၍ ပုသိမ်မြို့ အမှတ် (၃၆) မှန်စက်ရုံဝန်းအတွင်း၌ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ သစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက် ခဲ့ကြသည်။
Read More...
04-Jun-2025