သတင်းများ
ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး(၃/၂ဝ၂၃)ကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး (၃/၂ဝ၂၃) အစည်းအဝေးအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁) တွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “လယ်ယာမြေနှင့်ပတ်သက်သည့် အမှုတွဲများအပေါ်သမာသမတ်ရှိရှိဖြင့် မှန်ကန်စွာစစ်ဆေးဆောင်ရွက်ရန်လိုပါကြောင်း၊ မြေယာ လျော်ကြေး ကိစ္စများအား မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ရှင်းလင်းတင်ပြမည့် အမှုတွဲများကို အချက်အလက်များပြည့်ပြည့်စုံစုံအချိတ်ဆက်မိမိဖြင့် ရှင်းလင်းတင်ပြရန်နှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် ကော်မတီဝင်များကလည်း သက်ဆိုင်ရာကဏ္ဍအလိုက်ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြကြရန် ” အမှာစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူးက ဟင်္သာတနှင့် မအူပင်ခရိုင်အတွင်းရှိ လယ်ယာမြေများအတွက် နစ်နာကြေးနှင့် လျော်ကြေးငွေစာရင်းကိစ္စ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ပျောက်ဆုံး၊ ပျက်စီးခြင်းအတွက် ဒုတိယမူရင်း (သို့မဟုတ်) မိတ္တူမှန်ထုတ်ယူခွင့်ပြုပါရန်တင်ပြလာခြင်းကိစ္စ၊ လ/န(၃၉)ခွင့်ပြုမိန့် ပယ်ဖျက် အမှုတွဲပေးပို့တင်ပြခြင်းကိစ္စ၊ ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ(၃၀) အရ လယ်ယာမြေကို အခြားနည်းအသုံးပြုရန်လျှောက်ထားခြင်းကိစ္စများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် အဖွဲ့ဝင်များကအထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
Read More...
14-Nov-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်ဖွင့်လှစ်သည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်း (၄/၂၀၂၃)ဖွင့်ပွဲအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၄/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးဌာနမှတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၄/၂၀၂၃)ကို ပိုးသတ်ဆေးဥပဒေအား သက်ဝင်လှုပ်ရှားစေရန်၊ ပိုးသတ်ဆေးနှင့် ပိုးသတ်ဆေး ဓာတ်ကြွင်းအန္တရာယ်ကိုသိရှိနားလည်ပြီး စနစ်တကျကိုင်တွယ်သုံးစွဲတတ်စေရန်၊ ဘက်စုံသီးနှံ ကာကွယ်ရေးလုပ်ငန်းစဉ်တွင် ဓာတုနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်း ထိရောက် အောင်မြင်စေရန်၊ ဘေးကင်းလုံခြုံစိတ်ချရသောစားသုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်မပျက် ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အထောက်အကူပြုစေရန် စသည့်ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး မိုးစပါးနွေစပါးဧက(၅၂)သိန်းကျော် စိုက်ပျိုးလျက်ရှိ၍ စပါးတင်းသိန်းပေါင်းလေးထောင်ကျော်ထွက်ရှိပါကြောင်း၊ ယခုနှစ်မိုးစပါးစိုက်ရာသီမှစ၍ တစ်ဧက (၁၀)တင်းနှုန်းပိုမိုတိုးတက် ထွက်ရှိရေးအတွက်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပဲမျိုးစုံဧက (၁၆) သိန်းကျော်စိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံမြေပဲ၊ နှမ်း၊ နေကြာများကိုလည်း နှစ်အလိုက် ရည်မှန်းချက်ထား တိုးတက်စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ အယ်နီညိုရာသီဥတုကြောင့် ထိခိုက်လာနိုင်မှုအခြေအနေအပေါ်တွက်ဆပြီး သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးရေးပညာရှင်များ၏ အကြံဉာဏ်များရယူစိုက်ပျိုးရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်း တက်ရောက်နေသူများသည် စိုက်ပျိုးရေးနှင့်ဆက်နွယ်နေသူများဖြစ်ပါကြောင်းနှင့်သင်တန်းတွင် ပိုးသတ်ဆေးများအား လက်တွေ့သုံးစွဲသူများ၊ ရောင်းချမည့်သူများဆေးကုမ္ပဏီများနှင့် စိတ်ဝင်စားသည့်ကျောင်းသားများလည်းပါရှိကြောင်း၊ပိုးမွှားအန္တရာယ်ကင်းစင်ပြီးကျန်းမာရေးနှင့် ညီညွတ်မျှတသည့်သီးနှံများ ဈေးကွက်အတွင်းရောင်းချနိုင်ရန်အတွက် တောင်သူများအနေဖြင့်လည်း စနစ်တကျစိုက်ပျိုးခြင်း၊ ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲခြင်းများဖြင့် ဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း၊ ပိုးသတ်ဆေးသုံးစွဲသူများ၊ ရောင်းချသူများအနေဖြင့် ပိုးသတ်ဆေးများ၏ အကျိုးအာနိသင်များ၊ အန္တရာယ်ဖြစ်စေနိုင်မှုများကို နှံ့နှံ့စပ်စပ်သိရှိကြရန် လိုအပ်ပြီး အသုံးပြုမည့်တောင်သူများအား သေချာစွာအသိပညာပေးရန်လိုအပ်ပါကြောင်း၊ ယခုသင်တန်းသည် အကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပြီး မိမိတို့ရရှိသည့် အသိပညာများကို ဆင့်ပွားမျှဝေအသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်သွားကြစေလိုကြောင်း” အမှာစကား ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါသင်တန်းအား ယခုလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၁၇၀ ) ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။
Read More...
14-Nov-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ တက်ရောက်
Read More...
မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ များ၊ မြန်မာဘော်လီဘောလူမှုရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အသက် (၁၈) နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အား ကျင်းပရာ ရွှေဒေး (ယူ-၁၈)အသင်းနှင့် ရွှေပုသိမ် (ယူ-၁၈)အသင်းတို့မှ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေပုသိမ် (ယူ-၁၈)အသင်းက ရွှေဒေး(ယူ-၁၈) အသင်းအား ငါးပွဲကစား သုံးပွဲနိုင်ရလဒ်ဖြင့် အနိုင်ရရှိခဲ့ ပါသည်။
ဆက်လက်၍ အသက် (၂၅) နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အား ကျင်းပရာ Golden Brother(ယူ-၂၅)အသင်းနှင့် ရွှေပုသိမ် (ယူ-၂၅)အသင်းတို့မှ အကြိတ်အနယ် ယှဉ်ပြိုင် ခဲ့ကြပြီး ရွှေပုသိမ် (ယူ-၂၅) အသင်းက Golden Brother (ယူ-၂၅) အသင်းအား လေးပွဲကစား သုံးပွဲနိုင်ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ကျင်းပရာ ပြိုင်ပွဲတွင်ကူညီဆောင်ရွက်ပေးခဲ့သော ဒိုင်လူကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အမှတ်တရလက်ဆောင်များကို မြန်မာဘော်လီဘောလူမှုရေးအသင်း ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အတွင်းရေးမှူးတို့ ကလည်းကောင်း၊ အသက် (၁၈) နှစ်အောက်ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော အိမ်မဲလူငယ်အသင်းမှ အားကစားသမားများအား ငွေသားဆုကို မြန်မာဘော်လီဘောလူမှုရေးအသင်းအဖွဲ့ဝင် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ဒေါ်ဂျနီဖာတင်လေးနှင့် ဒေါ်သူဇာတင် တို့ကလည်းကောင်း၊ အသက် (၁၈) နှစ်အောက် ပြိုင်ပွဲတွင် တတိယဆုရရှိသော ခနောင်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို မြန်မာဘော်လီဘောလူမှုရေးအသင်းအဖွဲ့ဝင် ဦးမင်းဟန်နှင့် ဇနီး ဒေါ်ကြည်ကြည်အေး တို့ကလည်းကောင်း၊ အသက် (၁၈) နှစ်အောက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ရွှေဒေးအသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဌကလည်းကောင်း၊ အသက် (၁၈) နှစ်အောက်ပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိသော ရွှေပုသိမ်အသင်းမှ အားကစားသမား စောမက်သရူးအေးအား တစ်ဦးချင်းဆုနှင့် ငွေသား ဆုကို မြန်မာဘော်လီဘောလူမှုရေးအသင်း ဒုဥက္ကဌကလည်းကောင်း၊ အသက် (၁၈) နှစ်အောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေပုသိမ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို မြန်မာဘော်လီဘောလူမှုရေးအသင်း ဥက္ကဌ ကလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ပါသည်။
ထို့နောက် အသက် (၂၅) နှစ်အောက်ပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား ဆက်လက် ဆုချီးမြှင့်ရာ စတုတ္ထဆုရရှိသော အိမ်မဲလူငယ်အသင်းမှ အားကစားသမားများအား ငွေသားဆုကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အသက် (၂၅) နှစ်အောက်ပြိုင်ပွဲတွင် တတိယဆုရရှိသော ရွှေထုံး အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ အသက် (၂၅) နှစ်အောက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော Golden Brother အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို စီးပွားရေးရာ ဝန်ကြီးကလည်းကောင်း၊ အသက် (၂၅) နှစ်အောက်ပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိသော ရွှေပုသိမ်အသင်းမှ အားကစားသမား စောအယ်ထီးကော်အား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ အသက် (၂၅) နှစ်အောက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေပုသိမ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက် ဆုဖလားကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ချီးမြှင့်ခဲ့ပြီး အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။
Read More...
12-Nov-2023
ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ဒေါင့်မဒေါ့ကျေးရွာအုပ်စု၊ တောင်သူ ဦးမြင့်သိန်း၏ ပျဥ်းကတိုး၊ ကျွန်း၊ ယူကလစ်၊ မဟော်ဂနီ၊ ပြည်လုံးချမ်းသာ၊ မန်ဂျန်ရှား နှစ်ရှည်ပင် သစ်တောစိုက်ခင်း(၁၂)ဧက ကြားတွင် ကော်ဖီသီးနှံ သီးညှပ်စိုက်ပျိုးဖြစ်ထွန်းနေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်ကျေးရွာအုပ်စုရှိ တောင်သူဦးမြင့်သိန်း၏ လယ်မြေ(၂)ဧကတွင်ကျင်းပပြုလုပ်သည့် နယူးဧရာ(၁)မျိုးစပါး မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့တက်ရောက်အားပေးခဲ့ပါသည်။ အဆိုပါ တောင်သူ ဦးမြင့်သိန်း၏ လယ်မြေမှ နယူးဧရာ(၁)မျိုးစပါး (၁)ဧကလျှင် စပါးအခြောက်(၁၀၅.၄)တင်း ထွက်ရှိခဲ့ပါသည်။
ဆက်လက်၍ အဆိုပါလယ်မြေတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲအား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ စပါးကျီဟုတင်စားရသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မိုးစပါး၊ နွေစပါးစိုက်ပျိုးဧက(၅၂)သိန်းကျော်ရှိပြီး စပါးတင်းသိန်းပေါင်း လေးထောင်ကျော်ထွက်ရှိပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီမှစ၍ တစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆွေးနွေးပွဲများပြုလုပ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းအဖြစ် မိုးစပါး တစ်ဧကလျှင် တင်း ၁၀၀ နှုန်းနှင့် နွေစပါး တစ်ဧကလျှင် တင်း ၁၁၀ နှုန်းရည်မှန်းချက်ထားရှိပါကြောင်း၊ ယခုနှစ်သည် နွေစပါး ပန်းတိုင်အထွက်နှုန်းရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိအောင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်းတွင် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်များ ထည့်သွင်း စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ်ရန် ပိုက်ဆံလျှော်မျို့စေ့များ ထောက်ပံ့ပေးအပ်ထားပါကြောင်း၊ တောင်သူများမှ အုပ်စုအလိုက်၊ ကွင်းအလိုက် စုဖွဲ့၍ မျိုးစေ့ထုတ်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မြေဆီလွှာပျက်စီးမှုများကို ပြန်လည်ကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေဩဇာများ ထည့်သွင်းစိုက်ပျိုးခြင်း၊ ဓါတ်မြေဩဇာသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် တောင်သူများ၏ သွင်းအားစုများကုန်ကျစရိတ်များသက်သာစေရေးအတွက် ဆောင်ရွက်ခြင်းလည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စားသုံးဆီအပြည့်အဝအဖူလုံစေရေးအတွက် မြေပဲ၊ နှမ်းအပြင် ဆီထွက်သီးနှံနေကြာများကို တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ နေကြာစိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေးအတွက် အထွက်တိုးနေကြာမျိုးများသုံးစွဲစေရေး၊ စနစ်တကျစိုက်ပျိုးစေရေးကိုလည်းဆောင်ရွက်ရန်လိုပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် များစွာအထောင်အကူပြုသည့် ပျားမွေးမြူရေးလုပ်ငန်းကိုလည်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပျားမွေးမြူရေးလုပ်ငန်းမှလည်း ပျားရည်ရရှိ၍ တောင်သူများအတွက် ဝင်ငွေများရရှိမှာဖြစ်ကြောင်း၊ တောင်သူကြီးများအနေဖြင့် စိုက်ပျိုးသီးနံများပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း” အမှာစကားများပြောကြားသည်။
ထို့နောက် မြန်မာနယူးဧရာစိုက်ပျိုးရေးကုမ္ပဏီ မျိုးစေ့တာဝန်ခံက ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသောတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များအား တင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် စိုက်ပျိုးရေးလုပ်ငန်းများနှင့် လယ်ယာမြေအား ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း တောင်သူ ဦးမြင့်သိန်းမှ သဘာဝမြေသြဇာနှင့် ဓါတ်မြေဩဇာအသုံးပြုနည်းလမ်းများအားလည်းကောင်း ဒေသခံတောင်သူများအား အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားအားရုတ်သိမ်းခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွင်းသုံးဆင့်ကျေးရွာ ကျောင်းတိုက်ဆရာတော် ဥူးပညိန္ဒအား သွားရောက်ဖူးမြှော်ကြည်ညို၍ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပူဇော်ခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပါသည်။
Read More...
12-Nov-2023
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးပို့ရန် ပြင်ဆင်ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးပို့ရန် ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များမှ စုပေါင်း၍ ငါးနီတူခြောက်ကြော်၊ ငါးပိကြော်နှင့် ငံပြာရည်ကြော် စုစုပေါင်း(၁၂၄၂)ပိသာအား မော်တော်ယာဥ်ပေါ်သို့ တင်ဆောင်နေမှုကို ကြည့်ရှအားပေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဌောမဟာစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြှော်ကြည်ညိုခဲ့ပြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဂေါပအဖွဲ့ဝင်များမှ ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမြှော်ကြည်ညိုနေမှုများ၊ ရွှေမုဌောမဟာစေတီတော်မြတ်ကြီး နှင့် အရံစေတီတော်များအား ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် ဆောင်ရွက်နေမှုအခြေအနေများ၊ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲအတွက် ယက္ကန်းစင်တော်ကြီးများ ပြင်ဆင်ဆောင်ရွက်ထားမှုများအား လိုက်လံရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား အများပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမြှော်ကြည်ညိုနိုင်ရေးဆောင်ရွက်ကြရန်နှင့် သန့်ရှင်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
Read More...
11-Nov-2023