သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြန်အောင်ခရိုင်၊ အင်္ဂပူ- ညောင်ကျိုးလမ်း လမ်းသစ်ဖောက်လုပ်ရန်အတွက် လျာထားလမ်းအူကြောင်းများအားကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ အင်္ဂပူ-ညောင်ကျိုးလမ်းသည် မိုင် ၇/၄မှ ၇/၆ အတွင်း ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြီးလမ်းသားပြိုကျခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
25-Jun-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင်အတွင်းရှိ ကမ်းပါးအိကျမှုအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိကျေးရွာများကမ်းပြိုကာကွယ်ရေး လုပ်ငန်းခွင်အတွင်း ကမ်းပါးအိကျမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
24-Jun-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဂျုဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်ပွဲရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးဂျုဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ
၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျုဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်ပွဲ ရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးဂျုဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အောင်ပွဲရအားကစားသမားများ တက်ရောက်ခဲ့ကြသည်။


Read More...
23-Jun-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် မြို့တွင်းဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး လက်ရွေးစင်အားကစားသမားများ၏လေ့ကျင့်မှုများကိုကြည့်ရှုအားပေး
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် မြို့တွင်းဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ စက်ဘီးစီးပြိုင်ပွဲဝင်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။


Read More...
23-Jun-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။


Read More...
21-Jun-2025