သတင်းများ
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့နယ်၊ မဒေါ့ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ ဆီထွက်သီးနှံ(နေကြာ)စံပြကွက် အပင်ပြုစုခြင်းသရုပ်ပြပွဲကို တက်ရောက်အားပေး၊ ပုသိမ်ခရိုင်အတွင်း ဆီထွက်သီးနှံ(နေကြာ)စံပြကွက်များ လိုက်လံကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ မဒေါ့ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ တောင်သူ ဦးမန်းကျော်ခိုင်၏ စိုက်ဧက(၁၂)ဧကတွင် ဆီထွက်သီးနှံ(နေကြာ)စံပြကွက် အပင်ပြုစုခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်အားပေးခဲ့သည်။
Read More...
23-Jan-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ (၂)နှစ်သင်တန်းပြီးမြောက်မည့် ဒုတိယနှစ်သင်တန်းသား/သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် တွေ့ဆုံမိတ်ဆက်ပွဲအခမ်းအနား တက်ရောက်
Read More...
လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ (၂)နှစ်သင်တန်းပြီးမြောက်မည့် ဒုတိယနှစ် သင်တန်းသား/သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(ပုသိမ်)တွင် ကျင်းပပြုလုပ်ခဲ့ရော ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့်အတူ တက်ရောက် ခဲ့သည်။
Read More...
22-Jan-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန် ၂ အတွင်းရှိ ဆီထွက်သီးနှံ(နေကြာ)စံပြစိုက်ခင်းများကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန် ၂ အတွင်းရှိ ဆီထွက်သီးနှံ(နေကြာ)စံပြစိုက်ခင်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
Read More...
21-Jan-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)ဖြင့် ကျိုက်လတ်မြို့နယ် သဗြုဆိပ်ညောင်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကြည့်ရှုအားပေး
Read More...
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် သဗြုဆိပ်ညောင်ချောင်းကျေးရွာ ညောင်ချောင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရာသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
Read More...
20-Jan-2025
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဝါးခယ်မမြို့နယ်ရှိ ဆီထွက်သီးနှံ(နေကြာ)စံပြစိုက်ခင်းကြည့်ရှု၊ ဖျာပုံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဝါးခယ်မမြို့နယ်ရှိ ဆီထွက်သီးနှံ(နေကြာ)စံပြစိုက်ခင်းကြည့်ရှုအားပေးခဲ့ပြီး ဖျာပုံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
19-Jan-2025