သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ မြောင်းမြကျောင်းတိုက်တွင် ကျင်းပသည့် (၃၈)ကြိမ်မြောက် ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော် အောင်ပွဲအခမ်းအနားတက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ စေတနာရှင် အလှူရှင် များသည် ပုသိမ်မြို့၊ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက်တွင် ကျင်းပသည့် (၃၈)ကြိမ်မြောက် ပုသိမ်ခရိုင်လုံး ဆိုင်ရာ ရွှေကျင်နိကာယ ဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော် အောင်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်။


Read More...
27-Jan-2025
တိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ခုနှစ်၊  မြို့နယ် (၂၆)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ်၊  မြို့နယ် (၂၆)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။


Read More...
27-Jan-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်သို့ ကြွရောက်တော်မူလာကြသည့် ကျောင်းတိုက်အသီးသီးမှ စာဖြေ၊ စာပြန်သံဃာတော် အရှင်သူမြတ် များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်း
၃၈)ကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်ကို ပုသိမ်မြို့၊ မြောင်းမြကျောင်းတိုက်တွင်  ယခုလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပလျက်ရှိရာ စာဖြေ၊ စာပြန်ပွဲတော်သို့ ကြွရောက်တော်မူလာကြသည့် ကျောင်းတိုက်အသီးသီးမှ သံဃာတော် အရှင်သူမြတ်များသည် စာဖြေ၊ စာပြန်ပွဲတော် ပြုလုပ်နေစဉ်အတွင်း ပုသိမ်မြို့တွင်းရှိ ရပ်ကွက်များတွင် ယနေ့နံနက်ပိုင်းက ဆွမ်းဆန်စိမ်းအလှူ ခံယူတော်မူကြရာ စေတနာရှင် အလှူရှင်များက ကြည်ညိုသဒ္ဒါတရားထက်သန်စွာဖြင့် ဆွမ်းဆန်တော်များ၊ လှူဖွယ်ပစ္စည်းများလောင်းလှူခြင်းနှင့် ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။  


Read More...
26-Jan-2025
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ် ဆိုင်ရာ သိကောင်းစရာများ (ဒုတိယအကြိမ်)ဟောပြောပွဲတက်ရောက်အားပေး၊ (၃၈)ကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်သို့ ကြွရောက်တော်မူလာကြသည့် ကျောင်းတိုက်အသီးသီးမှ စာဖြေ၊ စာပြန်သံဃာတော် အရှင်သူမြတ် များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်း
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ (ဒုတိယအကြိမ်) ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းတွင် ပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် အခြေခံပညာအထင်တန်း ကျောင်းများမှ ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။


Read More...
25-Jan-2025
တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်းရှိ ၂၀၂‌၄-၂၀၂၅ခုနှစ်၊ ဆောင်းနေကြာစံပြစိုက်ခင်းများအား ကြည့်ရှုအားပေး၊ ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကွင်းဆင်း​ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မြန်အောင်ခရိုင်အတွင်းရှိ ၂၀၂‌၄-၂၀၂၅ခုနှစ်၊ ဆောင်းနေကြာစံပြစိုက်ခင်းများအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


Read More...
24-Jan-2025