သတင်းများ
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သော မြန်အောင်ခရိုင်စုပေါင်းရုံး RCCသုံးထပ်အဆောက်အဦ ဆောက်လုပ်ရန် မြေနေရာပန္နက်တင်မင်္ဂလာအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
Read More...
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သော မြန်အောင်ခရိုင်စုပေါင်းရုံး R.C.C သုံးထပ်အဆောက်အဦ ဆောက်လုပ်လုပ်ရန် မြေနေရာပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစုပေါင်းရုံးဆောက်လုပ်မည့် မြေနေရာ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန္နက်တင်မင်္ဂလာပြုလုပ်ရန်နေရာယူပြီး မင်္ဂလာအချိန်တွင် ပန္နက်တိုင်များအား စိုက်ထူကာ အောင်သပြေ၊ အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့ကြသည်။ ထို့နောက် ရှင်းလင်းဆောင်၌ ကုမ္ပဏီတာဝန်ရှိသူများက ခရိုင်စုပေါင်းရုံး သုံးထပ်အဆောက်အဦ ဆောက်လုပ်မည့်အခြေအနေ၊ ခြံစည်းရိုးကာရံခြင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူးနေအိမ် RC နှစ်ထပ်ဆောက်လုပ်မည့် လုပ်ငန်းများအားတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အသီးသီးရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ နှစ်ကျပ်ကျွန်းကျေးရွာသို့သွားရောက်၍ တောင်သူ ဦးမင်းတင်၏ super sun-41 နေကြာမျိုး (၇)ဧက၊ ပဲပုပ်(၂)ဧက၊ အစေ့ထုတ်ပြောင်း(၇)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန်နှင့် မျိုးရွေးချယ်မှု၊ စိုက်နည်းစနစ်နှင့် နည်းပညာလိုအပ်ချက်များအား ပံ့ပိုးကူညီပေးရန် ဌာနဆိုင်ရာများအား မှာကြားခဲ့ပါသည်။
Read More...
01-Dec-2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်(နေပြည်တော်)သို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်
Read More...
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် (နေပြည်တော်) သို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့ အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“အခြေခံပညာကျောင်းသား အားကစား ပွဲတော်တွင် တိုင်းဒေသကြီးအနေဖြင့် အားကစားနည်း(၇)မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပါကြောင်း၊ ယခင်နှစ်က ကျင်းပခဲ့သည့်အားကစားပွဲတော်၌ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် အမျိုးသား ဘောလုံးအားကစားနည်းတွင် တံခွန်စိုက်ဆုရရှိခဲ့ပြီး အခြားအားကစားနည်းများတွင်လည်း အောင်မြင်မှုများ ရရှိခဲ့ပါကြောင်း၊ တိုင်းဒေသကြီးတွင် အခြေခံပညာကျောင်းများစွာရှိပြီး ကျောင်းပေါင်းစုံမှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲအဆင့်ဆင့်ပြုလုပ် ရွေးချယ် ခဲ့ခြင်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အသင်းလိုက်စုဖွဲ့မှုအားကောင်းကောင်းဖြင့် အပေးအယူအချိတ်အဆက်မိမိ ဉာဏ်ရည်နှင့် ခွန်အားကိုအသုံးပြု၍ ကစားရမှာဖြစ်ပါကြောင်း၊ အားကစားတွင်သာမက ပညာရေးတွင်လည်းထူးချွန်ကြသူများ ဖြစ်စေရေးကြိုးစားကြရန် ကျောင်းသား၊ ကျောင်းသူ အားကစားသမားများအား တိုက်တွန်းပြောကြားလိုပါကြောင်း၊ ပြိုင်ပွဲဝင်ကစားသမားများအနေဖြင့် ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြရန်လိုကြောင်း၊ အုပ်ချုပ်သူနည်းပြများကလည်း စနစ်တကျလေ့ကျင့်သင်ကြားပြသပေးရန်မှာကြားလိုပါကြောင်း၊ ယခုနှစ်ကျောင်းသားအားကစားပွဲတော်တွင် တိုင်းဒေဿကြီးဂုဏ်ဆောင် တံခွန်စိုက်ဆုဖလား များ ရရှိအောင် ကြိုးပမ်းကြစေလိုကြောင်း”တိုက်တွန်းပြောကြားခဲ့ပါသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့ ခေါင်းဆောင်က အသင်းဖွဲ့စည်းထားရှိမှုနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး အားကစားနည်းအလိုက် ပြိုင်ပွဲဝင်အားကစားအဖွဲ့များနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ အားကစားသမားများအား ရင်းရင်းနှီနှီးတွေ့ဆုံအားပေး ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်(နေပြည်တော်) တွင် တိုင်းဒေသကြီးအနေဖြင့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ဘတ်စကတ်ဘောအားကစားနည်း(၇)မျိုးတွင် ကျောင်းသား၊ ကျောင်းသူ အားကစားသမား(၁၁၂)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
Read More...
30-Nov-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ပြုလုပ်သည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၀/၂၀၂၃)နှင့် လေးနှစ်သင်(ပထမနှစ်)သင်တန်း သား/သင်တန်းသူများအား သစ်လွင်ကြိုဆိုပွဲသို့တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၀/၂၀၂၃)နှင့် လေးနှစ်သင် (ပထမနှစ်) ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပညာရေးကောလိပ်မှ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားအား သင်တန်းသား၊ သင်တန်းသူများက“ကြိုဆိုလက်ကမ်း ကံ့ကော်တန်း” သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီး အတွင်းရှိ ပညာရေးဒီဂရီကောလိပ် (၃)ခုတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို ပြုလုပ်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ ပညာရေးကဏ္ဍမြင့်မားအောင်ဆောင်ရွက်ပေးမည့် ဆရာ၊ ဆရာများအား ပညာရေးဒီဂရီကောလိပ်ကျောင်းတော်ကြီးမှ ပညာသင် ကြားဆည်းပူးမှုများ ပြုလုပ်၍ လုပ်ငန်းခွင်သို့ဝင်ရောက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လူငယ်များ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးလျက်ရှိရာ ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံ့သေားကောင်းများ ဖြစ်အောင် ဆရာ၊ ဆရာများမှ ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် တပည့်များ၏ လက်ဦးဆရာများဖြစ်သဖြင့် စံနမူနာပြ ဖြစ်ရန်လိုအပ်ကြောင်း၊ မိမိတို့သင်တန်း များပြီးဆုံး၍ တာဝန်ကျရာဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်သည့်အခါတွင်လည်း ဒေသ၌ရှိသည့် ပညာရေးကိုလိုလားသည့် ကျောင်းသားမိဘများ၊ ရပ်မိ၊ ရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုနေကြမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိပြည့်ဝအောင် သင်ကြားပေးရမှာဖြစ် ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ခေတ်နှင့်အညီပြောင်းလဲလာသော ပညာရေးစနစ်ကို အစဉ် လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများဖြစ်ပါကြောင်း၊ စနစ်သစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲများအား တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးနှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများပူးပေါင်း၍ ပုသိမ် တက္ကသိုလ်၊ ဟင်္သာတ တက္ကသိုလ်နှင့် မအူပင်တက္ကသိုလ်တို့တွင် ဇုန်ကြီး(၃)ဇုန်ခွဲ၍ ပြုလုပ်ခဲ့ ပါကြောင်း၊ တိုင်းဒေသကြီးတွင် အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင် ကျောင်းများအပါအဝင် ကျောင်းပေါင်း (၇၂၀၀)ကျော် ဖွင့်လှစ်ထားရှိပြီး ကျောင်းတက်ရောက်မှု (၁၁)သိန်းနှစ်သောင်းကျော်နှင့် ဆရာဆရာမအင်အားပေါင်း (၅)သောင်းကျော်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ်ကူးပြောင်းမှုနှင့် အောင်ချက်မြင့်မားသော တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ရေခံမြေခံ ကောင်းမွန်ပြီး ပညာရေးကဏ္ဍတိုးတက်မြင့်မားကာ လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ရာ တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ စာမတတ်သူများပပျောက်ရေး "ဝထကလသ" စီမံချက်ချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ ဆရာ၊ ဆရာမများမှ ဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာကြောင်း၊ ပညာရေးကဏ္ဍအတွက် အားထားရသည့် ဆရာ၊ ဆရာမများဖြစ်လာမည့် သင်တန်းသား၊ သင်တန်းသူများအတွက် များစွာဂုဏ်ယူ ပါကြောင်းနှင့် နိုင်ငံတော်အတွက် အားထားရသည့် လူတော်လူကောင်းများ မွေးထုတ်ပေး နိုင်သည့် ဆရာ၊ ဆရာမများဖြစ်ကြပါစေကြောင်း" ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ ပုသိမ်ပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ ပုသိမ်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက သင်တန်းများဖွင့်လှစ် ရခြင်းအကြောင်းများအား ရှင်းလင်းတင်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း PPTT (၁၀/၂၀၂၃) သင်တန်းသား၊ သင်တန်းသူပေါင်း (၂၇၃)ဦးနှင့်၊ (၄)နှစ်သင်(ပထမနှစ်) သင်တန်းသား၊ သင်တန်းသူပေါင်း (၁၂၆)ဦး စုစုပေါင်း (၃၉၉)ဦးအား သစ်လွင်ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။
Read More...
30-Nov-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ်မြောင်းမြပညာရေးဒီဂရီကောလိပ်၌ပြုလုပ်သည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၀/၂၀၂၃)နှင့် ပညာရေးဘွဲ့(ပထမနှစ်) ကျောင်းသား၊ ကျောင်းသူများ၏မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၀/၂၀၂၃)နှင့် ပညာရေးဘွဲ့ (ပထမနှစ်) ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း ကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးကောလိပ်မှ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားအား သင်တန်းသား၊ သင်တန်းသူများက “ ပွင့်ဖူးဝေဆာ ကျောင်းတော်သာ”သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသ ကြီးသည် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ်ကူးပြောင်းမှုနှင့် အောင်ချက် မြင့်မားသော တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းများအပါအဝင် ကျောင်းပေါင်း (၇၂၀၀)ကျော် ဖွင့်လှစ်ထားရှိပြီး ကျောင်းတက်ရောက်မှု (၁၁)သိန်းနှစ်သောင်းကျော်နှင့် ဆရာဆရာမအင်အား ပေါင်း (၅)သောင်းကျော်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး ပညာရေး ကဏ္ဍတိုးတက် မြင့်မားကာ လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ရာ တိုင်းဒေသကြီးလည်း ဖြစ်ပါကြောင်း၊ ယခုနှစ်သည် ပညာရေးစနစ်သစ် KGတန်းမှ Grade-12 အထိ အတန်းစုံ တက်ရောက်သည့် နှစ်လည်းဖြစ်ပါကြောင်း၊ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲများအား တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကထိကများနှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများပူးပေါင်း၍ ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်နှင့် မအူပင်တက္ကသိုလ်တို့တွင် ဇုန်ကြီး(၃)ဇုန်ခွဲ၍ ပြုလုပ်ခဲ့ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိ၏ တပည့်များအား မတတ်သည်များကိုတတ်အောင်၊ မသိသည်များကို သိအောင်၊ နားမလည် သည်များကို နားလည်အောင် သွန်သင်ဆုံးမကြသူများ ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသ ကျောင်းများသို့ ရောက်ရှိတာဝန် ထမ်းဆောင်သည့်အခါ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး၊ အတန်းစဉ် ကူးပြောင်းမှုမြင့်မားရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်မည့် လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ရန်အတွက် ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါကြောင်းနှင့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ရမည်ဖြစ်ပါကြောင်း၊ ဆရာများ၏ အရည်အသွေးများ မြင့်မား လာပါက တပည့်များ၏ သင်ယူမှုစွမ်းရည်များသည်လည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာများသည် ကျောင်းသား၊ ကျောင်းသူများ၏ စံနမူပြများ ဖြစ်ရန်လိုအပ်ပါကြောင်း၊ ပညာရေးကဏ္ဍအတွက် အားထားရသည့် ဆရာ၊ ဆရာမများဖြစ်လာမည့် သင်တန်းသား၊ သင်တန်းသူများအတွက် များစွာဂုဏ်ယူပါကြောင်းနှင့် နိုင်ငံတော်အတွက် အားထားရသည့် လူတော်လူကောင်းများ မွေးထုတ်ပေးနိုင်သည့် ဆရာ၊ ဆရာမများဖြစ်ကြပါစေကြောင်း" ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်အလိုက် သင်တန်းသား၊ သင်တန်းသူများက တိုင်းဒေသကြီး ဝန်ကြီးချုပ်အား မိတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူ များအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ် ကြီးက လက်ခံရယူခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ ရင်းနှီးနွေးထွေးစွာ နေ့လယ်စာအတူတကွ သုံးဆောင် ခဲ့သည်။ မြောင်းမြပညာရေးဒီဂရီကောလိပ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၁၀/၂၀၂၃)သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူပေါင်း (၃၀၃)ဦးနှင့်၊ ပညာရေးဘွဲ့ (ပထမနှစ်)တွင် သင်တန်းသား၊ သင်တန်းသူပေါင်း (၁၂၃)ဦးတက်ရောက်လျှက်ရှိပါသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာသို့ သွားရောက်၍ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်(မျိုးစေ့ထုတ်)ရန်အတွက် ကျေးရွာစုပေါင်း စိုက်ခင်း ဧက(၅၀)တွင် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်မျိုးစေ့များ ထွန်ယက်မြှုပ်နှံနေမှုများ ကိုလည်းကောင်း၊ မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာရှိ တောင်သူဦးမိုးဝင်း၏ ဆီထွက်သီးနှံ နှမ်းမျိုးသန့်စိုက်ခင်းနှင့် မြေပဲမျိုးသန့်စိုက်ခင်းတွင် ဆီထွက်သီးနှံ နှမ်းနှင့်မြေပဲ မျိုးစေ့ချ စိုက်ပျိုးနေမှုများကို လည်းကောင်း၊ အိမ်မဲမြို့နယ်၊ ကျုံကနိကျေးရွာသို့ သွားရောက်၍ တောင်သူ ဦးအုန်းမြင့်၏ စိုက်ဧက(၃)ဧကတွင် ပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံ(နေကြာ) ဆင်းရွှေကြာ-၂ နေကြာမျိုးအား မျိုးစေ့ချစိုက်ပျိုးနေမှုအားလည်းကောင်း၊ ဝါးခယ်မြို့နယ်၊ ကျွန်းကုန်းကျေးရွာ အုပ်စု၊ တောင်သူဦးဝင်းသိန်း၏ စိုက်ဧက(၅)တွင် ပြုလုပ်သည့် ဆင်းရွှေကြာ -၂ နေကြာမျ်ုးရွေးချယ်မြှင့်တင်ရေးစံပြကွက်တွင် မျိုးစေ့ချစိုက်ပျိုးနေမှုအားလည်းကောင်း ကြည့်ရှု အားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်း မြို့နယ်၊ ကျုံတာကျေးရွာနှင့် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သရွတ်ကြီးကျေးရွာသို့ ဆက်သွယ် ထားသည့် ခွဲကျောက်အမာခံခင်းခြင်း လုပ်ငန်းများအားကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် ကန်ကြီးထောင့်မြို့နယ်၊ ဘုရားကုန်း-ဝဲချောင်းလမ်း (၁/၂.၆၄)မိုင်ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှု၊ ကျောင်းကုန်းမြို့နယ်၊ ဆိပ်သာ-လေးအိမ်လမ်းပေါ်ရှိ (၄၀) ပေ၊ (၂၀)ပေ ကွန်ကရစ်တံတား ပထမပိုင်းဆောင်ရွက်နေမှုနှင့် ကျောက်ခင်းလမ်း (၁) မိုင် ဆောင်ရွက်နေမှု၊ ကျုံတာ-သရွတ်ကြီး လမ်းပေါ်ရှိ (၁၀၀) ပေ၊ (၂၀) ပေ ကွန်ကရစ်တံတား ပထမပိုင်းဆောင်ရွက်နေများနှင့် ကျောက်ခင်းလမ်း (၁)မိုင် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သတ်မှတ်ထားသည့် ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများအချိန်မီပြီးစီးစေရေးနှင့် အရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
29-Nov-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် အင်္ဂပူမြို့၌ပြုလုပ်သည့် အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပသော အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ သဘာပတိက မင်္ဂလာမောင်းသုံးချက်တီး၍ အခမ်းအနားကိုဖွင့်လှစ်ပေးပြီးနောက် ချင်းရိုးရာပဆန်းဆရာက ရိုးရာမပျက် ပဆန်းဖွယ်ခြင်းကို ဆောင်ရွက်ခဲ့ပြီးနောက် သဘာပတိက မိန့်ခွန်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ချင်းတိုင်းရင်းသားများ အများစုမှီတင်းနေထိုင်ကြသည့် ကြံခင်း၊ မြန်အောင်၊ အင်္ဂပူမြို့နယ်များကိုအခြေခံပြီး အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲကို အင်္ဂပူမြို့၌ ရိုးရာအစဉ်လာမပျက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ကျင်းပဆောင်ရွက်နိုင်ခြင်းသည် တိုင်းဒေသကြီး၏ တည်ငြိမ်အေးချမ်းမှုရှိခြင်းနှင့် နယ်မြေဒေသ၏ စိုက်ပျိုးရေးဖြစ်ထွန်း အောင်မြင်မှုများကြောင့်လည်း ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ဒေသအသီးသီးသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် အခါတွင်လည်း ဒေသခံတိုင်းရင်းသားတို့၏ ကောင်းမွန်သည့်ယဉ်ကျေးမှုအစဉ်အလာ၊ ဓလေ့စရိုက်များကိုလည်း များစွာလေ့လာသိရရှိခဲ့ရပါကြောင်း၊ မိမိတို့ဧရာဝတီတိုင်းဒေသကြီးသည် တိုင်းရင်းသား လူမျိုးပေါင်းစုံမှီတင်းနေထိုင်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းမှီတင်နေထိုင်ကြသည့် တိုင်းရင်းသားများ၏ တိုင်းရင်းသားစာပေသင်ကြားရေး၊ တိုင်းရင်းသားရိုးရာဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ်များနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များအား အစဥ်အလာမပြတ် ကျင်းပနိုင်စေရေး ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ မြန်အောင်ခရိုင်သည် စိုက်ပျိုးရေးဖြစ်ထွန်းအောင်မြင်သကဲ့သို့ ဆီထွက်သီးနှံစိုက်ပျိုးမှုသည်လည်း စံထားရသည့်ခရိုင်တစ်ခုဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ဖြစ်ထွန်းအောင်မြင်မှုများသည် ဒေသခံတိုင်းရင်းသားများအားလုံးက တက်ညီလက်ညီ ပူးပေါင်းပါဝင်စိုက်ပျိုးခြင်းကြောင့်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားပြည်သူများကလည်း တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း” နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက နှုတ်ခွန်းဆက်စကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက အရှိုချင်းရိုးရာကောက်သစ်စားပွဲတော် ကျင်းပရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် သက်ကြီးဘိုးဘွားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က ကန်တော့ငွေများပေးအပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်း အတွင်းရေးမှူးက ကျေးဇူးတင်စကားများပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းက ချင်းရိုးရာဝါးညှပ်အက၊ ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် အရှိုချင်းရိုးရာကောက်သစ်စားပွဲတော် မိတ်ဆုံစားပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီးနှင့် တာဝန်ရှိသူများက ဒေသခံချင်းတိုင်းရင်းသားများနှင့် ချစ်ကြည်ရင်းနှီးစွာ နေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ကြပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စုရှိ တောင်သူဦးရာဇာအောင်၏ လယ်မြေ၌ပြုလုပ်သည့် နေကြာမျိုးစေ့ထုတ်စိုက်ခင်းအား ဆင်းရွှေကြာ(၂)နေကြာမျိုးစေ့ချ စိုက်ပျိုးနေမှုအားကြည့်ရှုအားပေးပြီး ဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးရန်နှင့် နေကြာမျိုးစေ့ ရွေးထုတ်မှုများကို မှတ်တမ်းထားရှိရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် အင်္ဂပူမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာသို့ သွားရောက်၍ တောင်သူဦးတက်တိုး၏ ပန်းဂေါ်ဖီ၊ ငရုတ်၊ ခရမ်း၊ ပြောင်း၊ သခွား၊ ကွမ်း၊ ဂန္ဓမာ၊ နှင်းပန်း စိုက်ခင်းများ ဖြစ်ထွန်းနေမှုကို ကြည့်ရှအားပေးခဲ့ပြီး စျေးသို့တင်ပို့ရောင်းချရမှု၊ ဝင်ငွေရရှိမှုများအား မေးမြန်းခဲ့ပါသည်။
ဆက်လက်၍ အင်္ဂပူမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပဆင-ရွှေတောင်စု-ကညင်ဆိပ်လမ်း (၀မိုင် ၇. ၃၁၈ဖာလုံ) ကျောက်ချောခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်စုကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကွန်ကရစ် ဘီးလမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းအား မော်တော်ယာဥ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာရှိ တောင်သူ ဦးရွှေဝင်းမောင်၏ လယ်မြေ(၂)ဧက၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်အတွက် မျိုးစေ့ပေးအပ်ပွဲနှင့် ထွန်ယက်စိုက်ပျိုးပွဲသို့ တက်ရောက်၍ တောင်သူများထံသို့ မျိုးစေ့များပေးအပ်ခဲ့ပြီး ပိုက်ဆံလျှော်စုပေါင်းထွန်ယက်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
Read More...
28-Nov-2023