သတင်းများ


တိုင်းေဒသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်စိုက်ပျိုး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇူလိုင် ၂၄ ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်တွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်အား ဒေသခံပြည်သူများနှင့်အတူ တက်ရောက်စိုက်ပျိုးပေးခဲ့သည်။ 


Read More...
24-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဝီသတိမ(၂၀)ကြိမ်မြောက် ဝါတွင်းကာလမဟာသံဃိတဒါန အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပွဲတက်ရောက်
ဝီသတိမ(၂၀)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် ၄ နာရီခွဲအချိန်က ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဝိသာခါ(ဒေါ်လှယဉ်ဓမ္မာရုံ)၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များတက်ရောက်၍ အရုဏ်ဆွမ်း လောင်းလှူခဲ့ကြသည်။ 


Read More...
23-Jul-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်အတွင်း ယာယီရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်၊ ရေကြည်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်၍ လှူဘွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၂ရက်နေ့ ညနေပိုင်းက လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေကြီးမြင့်မှုကြောင့် ယာယီရေဘေးသင့်ပြည်သူများအားသွားရောက်တွေ့ဆုံ၍ ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့သည်။  ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော်ကြီးသို့ သွားရောက်ခဲ့ကာ ဆီမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူများ ကပ်လှူပူဇော်ဖူးမြော်ခဲ့ပြီးဂေါပကအဖွဲ့သို့အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် စေတီတော်ကြီးဝင်းအတွင်း ငဝန်မြစ်ရေဝင်ရောက်မှုအခြေအနေများ၊ စေတီတော််ကြီးသို့ဦးတည်စီးဆင်းနေသည့်ငဝန်ရေလမ်းကြောင်းအခြေအနေများကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ရေပြန်လည်ကျဆင်းပါက ရင်ပြင်တော်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် ရှေးဟောင်းသမိုင်းဝင်စေတီတော်များ၊သာသနိကအဆောက်အဦများပျက်စီးဆုံးရှုံးမှုမရှိစေရေး ထိမ်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သောင်စုကျေးရွာ၊ သောင်ဦးကျောင်းတိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကြည်ညိုပြီး လှူဘွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ယာယီရေဘေးရှောင်ပြည်သူများအား ဆန်၊ဆီ၊ ဆား၊ သောက်ရေသန့်၊ ကြက်ဥ ခေါက်ဆွဲခြောက်စသည့်စားသောက်ဖွယ်ရာများနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။ အလားတူ အိုင်သပြုကျေးရွာ၊ မန်းကျောင်းကျောင်းတိုက်၊ ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညို၍လှူဘွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီး ယာယီရေဘေးရှောင်ပြည်သူများအား ဆန်၊ဆီ၊ ဆား၊ သောက်ရေသန့်၊ ကြက်ဥ ခေါက်ဆွဲခြောက်စသည့်စားသောက်ဖွယ်ရာများနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ မင်္ဂလာရာမကျောင်းတိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်နှင့် မင်္ဂလာရာမကျောင်းတိုက်သီလရှင်ကျောင်းရှိ သီလရှင်ဆရာကြီးတို့အားဖူးမြော်ကြည်ညို၍လှူဘွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စများလျှောက်ထားတင်ပြခဲ့သည်။ အလားတူ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍လှူဘွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီးသာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြခဲ့သည်။ ထို့အတူ သီတာရုံကျောင်းတိုက်၊ ဒီပါရုံကျောင်းတိုက်များသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်များအားဖူးမြော်ကြည်ညိုခဲ့ပြီး လှူဘွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီးသာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြခဲ့ ကြောင်းသိရသည်။


Read More...
23-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်း ယာယီရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၂ ရက်နေ့က မြန်အောင်ခရိုင်အတွင်း ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ယာယီရေဘေးသင့်ပြည်သူများအားသွားရောက်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်များများထောက်ပံ့ပေးအပ်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့နယ်၊ အားကစားရုံ၊ ယာယီရေဘေးရှောင်စခန်းရှိ ရေ ဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ သောက်ရေသန့်၊ ကြက်ဥ ခေါက်ဆွဲခြောက်၊ ဆေးဝါးများစသည့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲပြီး ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုများကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှ ကြံခင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ရေဝင်ရောက်မှု၊ သီးနှံများရေကြီးနစ်မြုပ်မှု၊ ထိခိုက်မှု၊ ပျက်စီးမှုနှင့် ပြန်လည်စိုက်ပျိုးမှု အခြေအနေများအားရှင်းလင်းတင်ပြမှု အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြစ်ရေပြန်လည်ကျဆင်းပါက သီးနှံများအမြန်ဆုံးစိုက်ပျိုးနိုင်ရေးမျိုးစေ့များအဆင်သင့်သိုလှောင်ထားရှိရန်၊ အချိန်မီစိုက်ပျိုးပြီးစီးရန်နှင့်အောင်မြင်ဖြစ်ထွန်းစေရေးအစီအမံများဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် မြန်အောင်တာမိုင်  ၄/၀ အနီးတွင် မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးပြီးသီးနှံများ၏ ရေကြီးနစ်မြုပ်မှုအခြေအနေများရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြစ်ရေပြန်လည်ကျဆင်းသည်နှင့် သီးနှံများအမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေးဌာနဆိုင်ရာများ၊ တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့အမှတ်(၅)ရပ်ကွက် တာဝတိံသာဓမ္မာရုံတွင် မြို့နယ်အတွင်းရှိ ယာယီရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များနှင့်ရေသန့်ဆေးပြားများ ထောက်ပံ့ပေးအပ်ခဲ့ကာ ပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံ၍အားပေးစကားများပြောကြားခဲ့ပြီး ကျန်းမားရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာဝတိံသာဘုရားကြီးအားဖူးမြော်ကြည်ညိုခဲ့ပြီး ဂေါပကအဖွဲ့ထံသို့အလှူငွေများလှူဒါန်းခဲ့ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဝါဆိုမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော် ဦးသုဇာတအား ဖူးမြော်ကြည်ညို၍ သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဘွယ်ဝတ္ထုပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခဲ့သည်။


Read More...
22-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားအားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး၊  အစည်းအဝေးခန်းမ(၁)တွင် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၄) ဖွင့်ပွဲအခမ်း အနားကို  ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သူများတက်ရောက်ခဲ့ကြသည်။


Read More...
22-Jul-2024