သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းအတွင်း ရေကြီးရေလျှံမှုနှင့် တံတားများရေထိုးမှုအခြေအနေ နှင့် ငဝန်တာ တာအိတာလျောခြင်းတို့အားကြည့်ရှုစစ်ဆေး
ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်တွင် ယခုရက်ပိုင်းအတွင်းမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရထားလမ်းပိုင်းအတွင်း ရေကြီးရေလျှံမှုနှင့် တံတားများရေထိုးမှုအခြေအနေများ နှင့် ငဝန်တာ တာအိတာလျောခြင်းတို့အား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
27-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်အောင်ခရိုင်အတွင်းရှိ ရေလှောင်တမံများအားကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နေ့လည်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ယခုရက်ပိုင်းအတွင်းမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ရေလှောင်တမံများတွင်ကန် ရေပြည့်အမှတ်ကျော်လွန်ခါ ရေပိုလွှဲမှ ရေကျော်ကျနေမှုကိုသွားရောက်စစ်ဆေးခဲ့ရာ မြန်အောင်ခရိုင်အတွင်းရှိ ရေလှောင်တမံများ၏ ကြံ့ခိုင်မှုအခြေအနေများ၊ ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲမှ ရေထုတ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ 


Read More...
27-Jul-2024
ပုသိမ်မြို့၌ ဝီသတိမ(၂၀)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိတဒါနအရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ဝီသတိမ(၂၀)ကြိမ်မြောက် ဝါတွင်းကာလမဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်(၄)နာရီအချိန်က ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဝိသာခါ(ဒေါ်လှယဉ်ဓမ္မာရုံ)၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များတက်ရောက်၍ အရုဏ်ဆွမ်းလောင်းလှူခဲ့ကြသည်။ 


Read More...
27-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဝါတွင်း(၃)လအသံမစဲအဘိဓမ္မာ(၇)ကျမ်း မဟာပဋ္ဌာန်းဒေသနာကျမ်းရွှေစာရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲတက်ရောက်
နတ်စင်တစ်ရာဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာတေဇအမှူးပြု၍ အလှူရှင်များ စုပေါင်းကျင်းပသည့် (၂၁) ကြိမ်မြောက် ဝါတွင်း (၃)လ ရက်ပေါင်း ( ၉ဝ )၊ နေ့/ည အသံမစဲ အဘိဓမ္မာ(၇)ကျမ်းပဌာန်းဒေသနာကျမ်းရွှေစာ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက လပွတ္တာမြို့နယ်၊ ဘုရားကြီးကုန်းကျွေးရွာရှိ ရှင်စောမြတ်စေတီတော် ပရဝဏ်အတွင်း၌ပြုလုပ်ရာ အခမ်းအနားသို့ ဆရာတော်သံဃာတော်အရှင်သူမြတ်များကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ 


Read More...
24-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း လပွတ္တာမြို့နယ်၊ မိုးစပါးကောက်စိုက်စက်ဖြင့်စိုက်ပျိုးပွဲကြည့်ရှုအားပေး
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇူလိုင် ၂၄ ရက်နေ့က လပွတ္တာမြို့နယ်၊ ရှမ်းစုကျေးရွာ၊ တောင်သူဒေါ်ခင်စိန်၏ လယ်မြေတွင် ပြုလုပ်သည့် မိုးစပါးကောက်စိုက်စက်ဖြင့်စိုက်ပျိုးပွဲတက်ရောက်၍ မိုးစပါးကောက်စိုက်စက်ဖြင့်စိုက်ပျိုးနေမှုနှင့်  လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။


Read More...
24-Jul-2024