သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ ဘုံကျော်မဟာစည် သာသနာ့ရိပ်သာကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တဝိစာရ(မူလဓမ္မာစရိယ၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညို
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၈) နယ်မြေ၊ ကဂေါင်းဘုရားလမ်း၊ ဘုံကျော်မဟာစည်သာသနာ့ ရိပ်သာကြီး၏ ဦးစီးပဓာနနာယက၊ တဂေါင်းမင်္ဂလာမဟာစေတီတော်မြတ် ကြီး၏ ဩဝါဒါစရိယ၊ သက်တော် (၉၁) နှစ်၊ သိက္ခာတော်(၇၁)ဝါ၊ ဘဒ္ဒန္တဝိစာရ(မူလဓမ္မာစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) သက်တော်ရှည်မဟာထေရ် ဆရာတော်ဘုရားကြီးသည် ၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း (၅) ရက်၊ ဇူလိုင်လ(၂၉ )ရက်၊ အင်္ဂါနေ့၊ နံနက် (၅) နာရီ(၁၅)မိနစ် တွင် ဘဝနတ်ထံစံလွန်တော်မူခဲ့ရာ ယမန်နေ့ညနေပိုင်းက သက်တော်ရှည်မဟာထေရ်ဆရာတော် ဘုရားကြီး ဥတုဇရုပ်ကလာပ်တော်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။


Read More...
01-Aug-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း ယခုထက်ပိုမိုတိုးတက်အောင်မြင်‌အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း


Read More...
31-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မိုးစပါးပန်းတိုက်အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေဩဇာကြဲပက်ပွဲအား တက်ရောက်ကြည့်ရှုအားပေး
၂၀၂၅ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေဩဇာကြဲပက်ပွဲကို ယနေ့နံနက်ပိုင်းက မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ တလိုင်းကွင်းကျေးရွာအုပ်စု၊ တောင်သူဦးမြင့်နိုင်၏ စိုက်ဧက(၁၄)ဧကတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။


Read More...
31-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၃) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစား ကွင်းတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ခဲ့သည်။


Read More...
30-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ အားကစားနှင့်ကာယပညာ(သိပ္ပံ)မိုးလုံလေလုံအားကစားရုံသစ်ဖွင့်ပွဲနှင့် သင်တန်းသားအိပ်ဆောင် RCသုံးထပ် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အားကစားနှင့်ကာယပညာ(သိပ္ပံ) (၁၂၀'×၉၀') မိုးလုံလေလုံအားကစားရုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါအားကစားရုံသစ်ရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။


Read More...
30-Jul-2025