သတင်းများ


ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆)ကျင်းပ
ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆)ကို ယနေ့ နေ့လည်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမင်းဦးက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်စန်းချစ် က အမှာစကားပြောကြားသည်။


Read More...
24-Jun-2026
မြစ်ကမ်းပါးပြိုကျမှုများကြည့်ရှု့စစ်ဆေး
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင်၊ စက်မှု့နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ ရေအရင်အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးလှမိုးနှင့်အဖွဲ့တို့သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ ကျောင်းရွာကျေးရွာအုပ်စု၊ ကျောင်းရွာကျေးရွာတွင် မြစ်ရေတိုက်စားမူကြောင့် မြေပြိုမူဖြစ်ပွားသောနေရာများသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပါသည်။


Read More...
24-Jun-2026
ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် Myanmar Women's League 2026-27 Week-2 ပွဲစဉ်အား အိမ်ရှင်အဖြစ်လက်ခံကစားမည့် Ayeyawady FC အသင်းနှင့် Young Lionesses အမျိုးသမီးအသင်းမှ အားကစားသမားများကို တွေ့ဆုံအားပေး
Myanmar Women's League 2026-2027 Week-2 ပွဲစဉ်အား ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ Ayeyawady FC အမျိုးသမီးအသင်းက Young Lionesses အမျိုးသမီးအသင်းကို အိမ်ရှင်အဖြစ်လက်ခံ၍ ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ဇွန်လ(၂၂)ရက်နေ့ ညနေပိုင်းက Ayeyawady FC အမျိုးသမီးအသင်းနှင့် Young Lionesses အမျိုးသမီးအသင်းမှ အားကစားသမားများကို တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို ‌ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။


Read More...
24-Jun-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်မြို့၊ ကမ်းနားလမ်း ကျောက်ထီးအနီး ငဝန်မြစ်ရေစီးကြောင့် ဖြစ်ပေါ်ခဲ့သော လူသွားလမ်းပလက်ဖောင်းနှင့်ရင်ပြင်အက်ကွဲမှုအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကမ်းနားလမ်း ကျောက်ထီးအနီး ငဝန်မြစ်ကမ်းဘေးတွင် အများပြည်သူအပန်းဖြေ အနားယူနိုင်ရန်နှင့် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန်အတွက် ပြုလုပ်ထားသော ပလက်ဖောင်းနှင့် ရင်ပြင်ပေါ်တွင် ငဝန်မြစ်ရေစီးကြောင့် အလျားပေ ၁၃၀ ခန့် အက်ကွဲကြောင်းဖြစ်ပေါ်ခဲ့သဖြင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက အဆိုပါနေရာသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ တိုင်းဒေသကြီးဌာနဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်က အများပြည်သူ အန္တရာယ်မဖြစ်စေရေးအတွက် လိုအပ်သည့်အစီအမံများ ချက်ချင်းဆောင်ရွက်ရန်နှင့် အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


Read More...
22-Jun-2026
ကမာရွတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်မှုပြုလုပ်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် (၁၀) ရပ်ကွက် အောင်မင်းခေါင် (၁) လမ်းရှိ နေအိမ်တစ်လုံးတွင် အွန်လိုင်းလိမ်လည်မှုပြုလုပ်လျက်ရှိသည့် မြန်မာနိုင်ငံသား အမျိုးသားရှစ်ဦးနှင့် အမျိုးသမီးရှစ်ဦး စုစုပေါင်း ၁၆ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


Read More...
21-Jun-2026