သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။


Read More...
02-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် တိုင်း၊ ခရိုင်၊ မြို့နယ်၊ မြို့ မြေစာရင်းဦးစီးမှူးများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ်၊ မြို့ မြေစာရင်းဦးစီးမှူးများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး“ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုး မွေးမြူရေး တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရန်အတွက် စိုက်ပျိုးရေး ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများသည်လည်း အဓိကကျသည့်အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း


Read More...
02-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး သရုပ်ပြသခြင်း အခမ်းအနားအားတက်ရောက်ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကမ်းနားလမ်း၊ မြို့တော်ခန်းမရှေ့ ရှုခင်းသာရေပြင်၌ ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး သရုပ်ပြသခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။


Read More...
02-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် အသက် (၂၁)နှစ်အောက် ရပ်ကွက်/ကျေးရွာနှင့် တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲအားကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကျောက်တိုင် အားကစား ကွင်း၌ ပုသိမ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော အသက်(၂၁)နှစ်အောက် ရပ်ကွက်/ကျေးရွာနှင့် တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် အမှတ် ၇၊ ၈ ရက်ကွက် ကိုယ်စားပြု BRETHREN FC အသင်းနှင့် အမှတ် ၁၂၊ ၁၅ ရက်ကွက်ကိုယ်စားပြု FAMILY FC အသင်းတို့၏ ယှဉ်ပြိုင်မှုများကို တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကို ယခုလ ၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။


Read More...
01-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားနေသည့် Ayeyawady FCအသင်းမှ ကစားသမားများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများ၏ Meet The Future အစီအစဉ်အား တက်ရောက်အားပေး
Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကစားနေသည့် Ayeyawady FC အသင်းမှ ကစားသမားများနှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းသူလေးများ၏ Meet The Future အစီအစဉ်ကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းဖူဆယ်အားကစားရုံတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်အားပေးခဲ့သည်။


Read More...
01-Jul-2026