သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြို့နယ်ပြည်သူ့ဆေးရုံအသစ်ဆောက်လုပ်နေမှု အခြေအနေနှင့် ဒေးဒရဲမြို့နယ်၊ တော်ကြက်ကျေးရွာတွင် JEONGHO Co.,Ltd မှ တာဝန်ယူ၍ International အထည်ချုပ်စက်ရုံဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှု
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၄.၈.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တာ၀န်ရှိတိုင်းအဆင့်ဌာဆိုင်ရာများနှင့်အတူ ဒေးဒရဲမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံအသစ်ဆောက်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေးဒရဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဧည့်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။
Read More...
07-Sep-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျိုက်လတ် - ဒေးဒရဲမြစ်ကူးတံတား ဆောက်လုပ်မည့်နေရာအား ကြည့်ရှု
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၄.၈.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တာ၀န်ရှိတိုင်းအဆင့်ဌာဆိုင်ရာများနှင့်အတူ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျိုက်လတ် - ဒေးဒရဲမြစ်ကူးတံတား ဆောက်လုပ်မည့်နေရာအား ကြည့်ရှု၍ တာဝန်ရှိသူများမှ လုပ်ငန်းစီမံချက်အား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
Read More...
07-Sep-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် စိုက်ပျိုးရေးဦးစီးဌာနမှ ဖော်ဆောင်လျက်ရှိသော ဓာတ်မြေသြဇာနှုန်းထားစံပြကွက်အား သွားရောက်ကြည့်ရှု
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၂.၈.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဖော်ဆောင်လျက်ရှိသော ဓာတ်မြေသြဇာနှုန်းထားစံပြကွက်အား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
Read More...
21-Aug-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မအူပင်ခရိုင်၊ မအူပင်မြို့အထွေထွေရောဂါကုဆေးရုံကြီး CT Scan ဖွင့်ပွဲသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၂.၈.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မအူပင်ခရိုင်၊ မအူပင်မြို့အထွေထွေရောဂါကုဆေးရုံကြီး CT Scan ဖွင့်ပွဲသို့ တက်ရောက်၍ ဖွင့်လှစ်ခဲ့ပါသည်။
Read More...
21-Aug-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၌ တံတားသစ်တည်ဆောက်မည့် လျာထားနေရာအား ကွင်းဆင်းစစ်ဆေးကြည့်ရှု
Read More...
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်း၊ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိ ဌာနဆိုင်ရာများနှင့်အတူ (၁၁.၈.၂၀၁၈)ရက်နေ့၊ နေ့လည် (၁၃၀၀)နာရီအချိန်တွင် ပုသိမ်မြို့၌ တံတားသစ်တည်ဆောက်မည့် လျာထားနေရာအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး တံတားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ တံတားတည်ဆောက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
Read More...
21-Aug-2018