သတင်းများ


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ဒေသခံ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၉ ခုနှစ်၊ဧပြီလ ၂ ရက်နေ့ ၁၆၀၀အချိန်တွင် ညောင်တုန်းမြို့၊မြို့တော်ခန်း မ၌ ကျင်းပပြုလုပ်သော တွေ့ဆုံပွဲ အခမ်အနား ကိုပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ဒေသခံ မြို့မိမြို့ဖများဖြင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...
22-May-2019
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်ဝန်ကြီးများ၊ ဒေသခံပြည်သူများဖြင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ (၁၆၁၅) အချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော တွေ့ဆုံပွဲ အခမ်းအနားကို ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်ဝန်ကြီးများ၊ ဒေသခံပြည်သူများဖြင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...
22-May-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မအူပင်မြို့နယ်၊ကျွဲဒုံးတိုက်နယ်၊ ကျုံနတ္တော်အုပ်စု၊ ကျုံနတ္တော်ကျေးရွာ၊ မင်္ဂလာမှန်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသခံပြည်သူလူထုများတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ၁၂၀၀အချိန်တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ကျွဲဒုံးတိုက်နယ်၊ ကျုံနတ္တော်အုပ်စု၊ ကျုံနတ္တော်ကျေးရွာ၊ မင်္ဂလာမှန်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသခံပြည်သူလူထုများတွေ့ဆုံပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း / ခရိုင် / မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျွဲဒုံးတိုက်နယ်ရှိကျေးရွာအုပ်စု(၁၆)အုပ်စုမှ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။


Read More...
22-May-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ မဟာသီရိစေတီတော်မြတ်ကြီး၏ ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မဟာသီရိစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံခြင်း အလှူတော် ငွေပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၊ ၁၆၃၀ နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ မဟာသီရိစေတီတော်မြတ်ကြီး၏ ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မဟာသီရိစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံခြင်း အလှူတော် ငွေပေးအပ်လှူဒါန်းပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ဆည်မြောင်းဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးတို့နှင့်အတူ တက်ရောက်ခဲ့ပါသည်။


Read More...
18-Mar-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ တာခွတဲကြီးကုန်းကျေးရွာအုပ်စုတွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ဧက(၂၂၀) စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၇ရက်နေ့၊ ၁၄၃၀ နာရီအချိန်တွင် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ တာခွတဲကြီးကုန်းကျေးရွာအုပ်စုတွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ဧက(၂၂၀) စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး စက်မှုလယ်ယာဦးစီးဌာနမှ ယာယီရှင်းလင်းဆောင်တွင် တောင်သူများနှင့် တွေ့ဆံုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...
18-Mar-2019