သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုပြီး ဒေသခံများနှင့်တွေ့ပွဲကျင်းပပြုလုပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့၊ ၀၈၀၀ နာရီအချိန်တွင် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ သပြေကုန်းအုပ်စု၊ သပြေကုန်းကျေးရွာရှိ ကျွဲခေါင်းကြီးတာတွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကြညည့်ရှစစ်ဆေးခဲ့ပြီး မြစ်ချောင်းဖြိုးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအပေါ် တင်ပြဆွေးနွေးမှုနှင့်ပတ်သက်၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။


Read More...
22-May-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် သဲကုန်း-ညောင်အိုင်ပန်းတာ (၇၅၀၀)ပေတည်ဆောက်ခြင်းလုပ်ငန်း၊ လူနေအိမ်များအား ရွှေ့ပြောင်းနေရာချထားပေးမှုအခြေအနေနှင့် အိုးဖို-သဲကုန်းကျေးရွာ ဆည်မြောင်းတာတမံအနီး မြစ်ချောင်ဖြိုးဌာနမှ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု
၂၀၁၉ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့၊ ၁၄၀၀ နာရီအချိန်တွင် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ကျုံတနော်တောင်ကျေးရွာအုပ်စု၊ ညောင်အိုင်ကျေးရွာနဘေးရှိ ဧရာဝတီဟင်္သတတာ တာမိုင်၂၂ / ၄ - ၂၄ / ၀ အတွင်း ဧရာဝတီမြစ်ကမ်းပါးအား မြစ်ရေတိုက်စားမှုကြောင့် ယခင်တည်ဆောက်ထားသည့် ရေကာတာဟောင်းမှာ ပျက်စီးယိုယွင်းလျက်ရှိပြီး ၂၀၁၉ ခုနှစ် မိုးရာသီကာလတွင် မြစ်ရေမြင့်တက်မှုကြောင့် ပြည်သူများ ရေဘေးအန္တရာယ်ကြုံတွေ့မှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်


Read More...
22-May-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် ဇနီးဒေါ်ခင်နှင်းညိုသည် ဇီဝိတဒါန ဘေးမဲ့ငါးလွှတ်ပွဲအခမ်းအနားကိုကျင်းပရာ အခမ်းအနားသို့ တတ်ရောက်
နှစ်စဉ် မြန်မာနှစ်ကူး (နှစ်ဆန်း) အခါသမယတွင် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ဇီဝိတဒါန (အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲများ ကျင်းပလျက်ရှိရာ ယနေ့(၁၇.၄.၂၀၁၉) ရက်နေ့ နံနက် (၀၇:၀၀)အချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခမ်းမရှေ့ (ငဝန်မြစ်)၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီး သတ္တဝါများဘေးအန္တရာယ် ကင်းရှင်းပြီး အသက်ရှည်စွာ နေထိုင်ကြစေရန်၊ လူသားများတွင် သတ္တဝါများအပေါ် သနားတတ်သည့် ကရုဏာတရားများ ပိုမိုရှင်သန်လာပြီး နှလုံးသားတွင် စွဲမြဲကျန်ရစ်စေရန်၊ ``သဒိသံ ပါကံ ဇနေတိ´´မိမိပြုလုပ်သော


Read More...
22-May-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဇနီးဒေါ်ခင်နှင်းညိုသည် ၁၃၈၀ပြည့်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသြင်္ကန်ပွဲတော်အားဖွင့်လှစ်
မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာရိုးရာယဉ်ကျေးမှု မဟာသြင်္ကန်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား (၁၃.၄.၂၀၁၉) ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဇနီးဒေါ်ခင်နှင်းညို ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်


Read More...
22-May-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တတ်ရောက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား စတင်တည်ထောင်ခဲ့သည့် (၁၉၄၈) ခုနှစ်၊ ဧပြီလ (၇)ရက်နေ့ကို ဂုဏ်ပြုသာအားဖြင့် နှစ်စဉ် ဧပြီလ(၇)ရက်နေ့ကို ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို ဗဟိုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်များတွင် ကျင်းပလျက်ရှိပါသည်။ ယခု(၂၀၁၉)ခုနှစ် ကမ္ဘာကျန်းမာရေးနေ့ ဆောင်ပုဒ်မှာ ``အရည်အသွေးပြည့်ကျန်းမာရေး လူတိုင်းရအောင်ဆောင်ရွက်ပေး´´ဖြစ်ပါသည်။


Read More...
22-May-2019