သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီးဒေါ်ခင်နှင်းညိုသည် ဇလွန်မြို့ မာရ်အောင်မြင်မြတ်စွာဘုရားကြီး၏ ၁၃၈၀ပြည့် နှစ် "ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ” အခမ်းအနားသို့ \တက်ရောက်
၂၀၁၉ ခုနှစ်၊ မတ်လ ၁၄ရက်၊ ကြာသပတေးနေ့ နံနက် (၀၇၄၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ မြောက်ဘက်စောင်းတန်းမုခ်ဦးရှေ့၌ ကျင်းပပြုလုပ်သော ဇလွန်မြို့ မာရ်အောင်မြင်မြတ်စွာဘုရားကြီး၏ ၁၃၈၀ပြည့် နှစ် "ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ” အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီးဒေါ်ခင်နှင်းညို ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဘုရားဂေါပကအဖွဲ့များနှင့် ဝတ်ရွတ်အသင်းများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။


Read More...
15-Mar-2019
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံဖြိုးတိုးတတ်မှုစီမံကိန်း(MSDP)နှင့် စီမံကိန်းဘဏ်(Project Bank)ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲသို့ တတ်ရောက်
မြန်မာနိုင်ငံ၏လက်ရှိအခြေအနေမှာ ဝန်ကြီးဌာနအလိုက် စီမံကိန်းများ၊ ကဏ္ဍအလိုက် စီမံကိန်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ဒေသန္တရစီမံကိန်းများစသည်ဖြင့် အမျိုးမျိုးသော စီမံကိန်းများအား သဟဇာတဖြစ်စေရန် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP)ကို နိုင်ငံတော်၏ စီးပွားရေးမူဝါဒ (၁၂)ချက်၊စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ(SDGs)၊ မဲခေါင်ဒေသအတွင်း မဟာဗျူဟာမူဘောင်၊ အာဆီယံစီးပွားရေး အသိုက်အဝန်း၊


Read More...
15-Mar-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်ဇနီးဒေါ်ခင်နှင်းညိုတို့သည် ပုသိမ်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားသို့ တတ်ရောက်
နှစ်စဉ်မတ်လ(၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားများအား နိုင်ငံတကာမှ အလေးထားကျင်းပလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှ စတင်ပြီး နှစ်စဉ်နိုင်ငံတစ်ဝန်းရှိ အမျိုးသမီးများ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကျင်းပနေပြီဖြစ်ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ ခွင့်တူညီရေး စဉ်းစားလို့ စွမ်းရည်မြှငိ့ရေးအလေးပေးဖို့၊ ပြောင်းလဲမှုကိုဖန်တီးစို့ Think equal, build smart, innovate for change ဖြစ်ပါသည်။


Read More...
08-Mar-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် ပုသိမ်မြို့ရှိ စာစစ်ဌာနများတွင် ကျင်းပပြုလုပ်လျက်ရှိသော ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် စီမံဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းဒေသကြီးကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှတာဝန်ရှိသူများနှင့်အတူ (၆.၃.၂၀၁၉)ရက်နေ့၊ နံနက်(၀၈:၄၅)နာရီအချိန်တွင် ပုသိမ်မြို့ရှိ စာစစ်ဌာနများတွင် ကျင်းပပြုလုပ်လျက်ရှိသော ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် စီမံဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ပါသည်။


Read More...
08-Mar-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အတူ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တောင်စုကျေးရွာ၌ ကျင်းပပြုလုပ်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးOKအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂.၃.၂၀၁၉)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဒုတိယဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တောင်စုကျေးရွာ၌ ကျင်းပပြုလုပ်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


Read More...
04-Mar-2019