သတင်းများ
ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီး(၉)ထပ် တိုးချဲ့ဆောင်ဆောက်လုပ်ခြင်းနှင့် ဆေးရုံဖွင့်လှစ် ကုသနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၂)ရက်နေ့ ၊ နံနက်(၁၁၁၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီး(၉)ထပ် တိုးချဲ့ဆောင် ဆောက်လုပ်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုခဲ့ပြီး အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၅)၊ တာဝန်ခံ ညွှန်ကြားရေးမှူးမှ ဆေးရုံဆောက်လုပ်ပြီးစီးမှု အခြေအနေများအားရှင်းလင်းတင်ပြခဲ့မှုအပေါ် လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ပြီး ဆေးရုံဆောက်လုပ်နေမှုအခြေအနေများနှင့် ဆေးရုံအနောက်ဘက်ခြမ်းရှိ မြေထိမ်းနံရံဆောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုသိမ်ပြည်သူ့ ဆေးရုံ ခုတင်(၅၀၀) ဖွင့်လှစ်ကုသနေမှု၊ လူနာများဆေးကုသခံယူနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။
Read More...
02-Apr-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၈/၂၀၂၁) ကျင်းပပြုလုပ်ခြင်း
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၁)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၈/၂၀၂၁) ကျင်းပပြုလုပ် ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
Read More...
01-Apr-2021
Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေး (၉/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၁)ရက်နေ့ ၊ နံနက်(၁၁၁၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၉/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ယခင်နေ့အစည်းအဝေးမှတ်တမ်းအပေါ် လုပ်ဆောင်ထားရှိမှုနှင့် ကော်မတီ၏ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းက ကျန်းမာရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
01-Apr-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးနှင့်တွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီဝင်များနှင့် အတူ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီးဦးရဲတင့်နှင့် တာဝန်ရှိသူများအား ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့၊ နံနက် (၀၈၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
31-Mar-2021
ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့်ဌာဆိုင်ရာများတွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၁) ကျင်းပ
Read More...
၂၀၂၁ ခုနှစ်၊ မတ်လ၊ (၃၀)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမ၌ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့်ဌာဆိုင်ရာများတွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားရာတွင် CDM ပြုလုပ်နေသည့် ဝန်ထမ်းများအား စတင်အရေးယူတော့မည်ဖြစ်ကြောင်း၊ တိုင်းအဆင့်အကြီးအကဲများအနေဖြင့် အကြောင်းမဲ့ပျက်ကွက်နေသည့် ဝန်ထမ်းများအား အရေးယူဆောင်ရွက်ရန်လိုကြောင်း၊ CDM ပြုလုပ်ခြင်း၊ အကြောင်းမဲ့ပျက်ကွက် နေသည့် ဝန်ထမ်းများအား လစာထုတ်ပေးမှုများ စိစစ်တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းအဆင့်အကြီးအကဲများအနေဖြင့် မိမိတို့၏ လက်အောက်ရှိ ခရိုင်/မြို့နယ်အဆင့် ရုံးများတွင် ဝန်ထမ်းလစာများ လိမ်လည်ထုတ်ယူခြင်းမျိုးမဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းအဆင့်အကြီးအကဲများအနေဖြင့် အခက်အခဲများရှိပါက တင်ပြရန်နှင့် ပေါင်းစပ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ ဌာနတစ်ခုချင်းအလိုက်ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကိုညှိနှိုင်း ဆွေးနွေးခဲ့ပြီး အစည်းအဝေးအားရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
Read More...
30-Mar-2021