သတင်းများ
တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း
Read More...
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်(၂) ဦးတင်အေး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်များလိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၂၆)ရက်နေ့ ၊ (၀၈၀၀)နာရီအချိန်တွင်၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ Global Earth Agro and Aqua Industry Public Co.Ltd မှ ဆောင်ရွက်နေသည့် ငါးမွေးမြူရေးလုပ်ငန်းများ၊ ငါးသားပေါက်စခန်းများ၊ ခေတ်မီငါးအစာတောင့်စက်ရုံ၊ ငါးအသားလွှာပြုပြင်ထုတ်လုပ် အေးခဲသည့်စက်ရုံလုပ်ငန်းများနှင့် ဝန်ထမ်းအိမ်ယာ ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ကုမ္ပဏီတာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအပေါ် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၂၄၀) အချိန်တွင် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မအူပင်ခရိုင်အတွင်းရှိ အင်းသားကြီးများနှင့်တွေ့ဆုံ၍ အင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ငါးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ တိုးတက်မြင့်မားရေးအခြေအနေများနှင့်ပတ်သက်၍ တင်ပြလာမှု အပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၃၁၀) အချိန်တွင် ညောင်တုန်းမြို့နယ်၊ ဧရာဝတီမြစ်ဖြတ် မဟာဓါတ်အားလိုင်း သွယ်တန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် (၁၅၀၀) အချိန်တွင် ဝါဝါဝင်းကုမ္ပဏီလိမိတက်မှ နွားမွေးမြူရေး၊ နွားနို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်ရောင်းဝယ်ရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းနှင့် ထုတ်လုပ်ဆောင်ရွက်နေမှုအပေါ် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများ နှင့်စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၈၀၀) အချိန်တွင် ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်သို့သွားရောက်၍ ရွှေဇာခြည်(တန်တစ်ရာဆန်စက်)မှ စပါးအခြောက်ခံထုတ်လုပ်နေမှု အခြေအနေများ၊ စပါးကြိတ်ခွဲနေမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်း အစီအမံများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
26-Apr-2021
ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေးကျင်းပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၂၃)ရက်နေ့ ၊ (၁၁၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်း ဒေသကြီးလယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက် ခဲ့ကြပြီး တိုင်းမြေစစ်ကော်မတီဝင်များမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း သိမ်းဆည်းမြေများ နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အခြေအနေ များအား ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
23-Apr-2021
ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးကျင်းပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၂၃)ရက်နေ့ ၊ (၁၀၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဦးသက်ပိုင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ဧရာဝတီတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဦးသက်ပိုင်မှ တိုင်းဒေသကြီး နှင့်စပ်လျဉ်းသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေများအား ရှင်းလင်းဆွေးနွေးတင်ပြခြင်း နှင့် ကော်မတီ၏ ဆောင်ရွက်ပြီး/ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
23-Apr-2021
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား၊ အသက် ၂၁ နှစ်နှင့်အောက် အမျိုးသားဘော်လုံးပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Read More...
၂၀၂၁ ခုနှစ်၊ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌဖလား၊ အသက် ၂၁ နှစ်နှင့် အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပရေး လုပ်ငန်ညှိနှိုင်းအစည်းအဝေးကို (၂၁.၄.၂၀၂၁) ရက်နေ့ နံနက် ၁၀:၀၀ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁) ၌ ကျင်းပြုလုပ်သည်။
အဆိုပါအခန်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းကောင်စီရုံးမှတာဝန်ရှိသူများ၊ တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာ ညွှန်ကြားရေးမှူး ဦးစိုးညွန်တာဝန်ရှိသူများ၊တိုင်းအတွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ၆ ခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲမြင့်က အဖွင့်အမှာ စကားပြောကြားသည်။
ဆက်လက်ပြီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်က ပြိုင်ပွဲကျင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းများ အကြောင်းကိုရှင်းလင်းဆွေးနွေးသည်။
၎င်းနောက် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွန်က ပြိုင်ပွဲကျင်းပမည် အစီအစဉ်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်များကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန(၆)ခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူးများက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်ထားမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးကြသည်။
၎င်းနောက်တက်ရောက်လာကြသူများက ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များ၊ အထွေထွေကိစ္စရပ်များကိုဆွေးနွေးကြသည်။
ထိုနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲမြင့်က နိဂုံးချုပ်စကားပြောကြားကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။
အဆိုပါဘောလုံးပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံနှင့် လပွတ္တာခရိုင်များမှ အသင်းများပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပြိုင်ပွဲကို ကျောက်တိုင်ဘောလုံးကွင်းတွင် ဧပြီ ၂၈ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး ဗိုလ်လုပွဲကို မေ၇ ရက်နေ့တွင်ကျင်းပမှာဖြစ်ကြောင်းသိရသည်။
Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ Coronavirus Disease 2019 (COMID19)ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေး (၁၀/၂၀၂၁)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ (၂၀.၄.၂၀၂၁)ရက်နေ့ နေ့လည် ၁၃:၀၀နာရီ အချိန်က(COVID-19)ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၁၀/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊တိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီးကျော်စွာလှိုင်၊တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊
တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်ခင်နွယ်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံးမှ တာဝန်ရှိသူများ၊ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဦးစီးအရာရှိ ဦးယောမင်းထွန်းတို့တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တိုင်းဒေသကြီး (COVID-I9) ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးဗိုလ်မှူးကြီးကျော်စွာလှိုင်က ယခင်နေ့ အစည်းအဝေးမှတ်တမ်းအပေါ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ကော်မတီ၏လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါတယ်။
Read More...
30-Nov--0001