သတင်းများ
ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့(ငဝန်မြစ်)၌ ဇီဝိတဒါနဘေးမဲ့ငါးလွှတ်ပွဲအခမ်းအနား၊ စက်တော်ရာ ဘိုးဘွားရိပ်သာ၌ သက်ကြီးရွယ်အိုဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းအခမ်းအနား၊ မြို့တော်ခန်းမ၌ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ပွားချီးမြှင့်ပွဲနှင့် ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲ အခမ်းအနားများကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ခုနှစ်၊ ဧပြီလ၊ (၁၇)ရက်နေ့၊ (၀၇၀၀)အချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့ (ငဝန်မြစ်)၌ကျင်းပပြုလုပ်သည့် ဇီဝိတဒါနဘေးမဲ့ငါးလွှတ်ပွဲအခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာန တိုင်းဦးစီးမှူး၊ တိုင်းဒေသကြီးငါးလုပ်ငန်း ဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ (၃"၊ ၄")အရွယ်အစားရှိ ငါးမြစ်ချင်းအကောင်ရေ(၁)သိန်းအား ငါဝန်မြစ်အတွင်းသို့ဘေးမဲ့လွှတ်၍ ဇီဝိတဒါနကုသိုလ် ပြုခဲ့ကြပြီး (၁၀၀၀)နာရီ အချိန်တွင် စက်တော်ရာဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်သည့် သက်ကြီးရွယ်အိုဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ဂုဏ်ပြုအမှာစကားပြောကြားကာ ပူဇော် ကန်တော့ခံဘိုးဘွားများအား လက်အုပ်ချီမိုးကန်တော့၍ အလှူငွေနှင့်လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၅၀၀)နာရီ အချိန်တွင် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ် တရားတော်ရွတ်ပွားချီးမြှင့်ပွဲနှင့် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲအခမ်း အနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့(သုဓမ္မာ)ဥက္ကဋ္ဌ၊ မရမ်းချို ကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော်အရှင်သူမြတ်များချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ် တရားတော်များ နာယူကြည်ညိုခြင်း၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ ညောင်ပင်သာစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတမဟာထေရ်မြတ်ထံမှ သြဝါဒခံယူခြင်း၊ ဆရာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ တိုင်းဒေသကြီးသံဃ နာယကအဖွဲ့(ရွှေကျင်)ဥက္ကဋ္ဌ၊ မောင်းထောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ပညာဓိက(အဂ္ဂမဟာဂန္ထဝစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြားခြင်းများဆောင်ရွက်ခဲ့ကာ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
17-Apr-2021
တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်း များအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း
Read More...
၂၀၂၁ခုနှစ်၊ ဧပြီလ၊ (၉)ရက်နေ့၊ (၁၄၀၀)အချိန်၌ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည့် ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်း၊ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ထောက်ပံ့ပေးအပ်သည့် စားသောက်ကုန်များအား တိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ခေတ္တဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများထံသို့ ပေးအပ်ခဲ့ပါသည်။ ကျန်းမာရေးဝန်ထမ်း(၂၀၅)ဦးအား (၁)ဦးလျှင် ငွေကျပ်(၁၅၈၀ဝိ/-) တန်ဖိုးရှိ ဆန်(၁)အိတ်၊ ဆီ(၂)ဗူး၊ ကြက်ဥ(၁၀)လုံး ထောက်ပံ့ပေးအပ်ခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ (၃၂၃၉၀၀ဝိ/-)(သုံးဆယ့်နှစ်သိန်းသုံးသောင်းကိုးထောင်ကျပ်)ဖြစ်ကြောင်း သတင်းရရှိပါသည်။
Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များအား တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများသို့ ထပ်ဆင့်ရှင်းလင်းသည့် အစည်းအဝေးကျင်းပခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၈)ရက်နေ့၊ မွန်းလွဲ (၁၄၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များကို တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များသို့ ထပ်ဆင့်ရှင်းလင်းသည့် အစည်းအဝေးသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များအား တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများသို့ ထပ်ဆင့်ညွှန်ကြားခဲ့ပြီးနောက် တိုင်းဒေသကြီးအဆင့်ဌာဆိုင်ရာများမှ မိမိတို့ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ပြန်လည်ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
30-Nov--0001
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(ရုံးချုပ်)မှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်အဖွဲ့အား လက်ခံတွေဆုံခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၃)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကြီးကြပ်မှုအောက် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ရှိသော ရေနံလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်အုပ်ချုပ်မှုကိစ္စရပ်များကို မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း(ရုံးချုပ်)၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်အဖွဲ့မှ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီသို့ရှင်းလင်းတင်ပြသည့် တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တာဝန်ရှိသူများမှ လက်ခံ တွေဆုံခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့် မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ပထမအကြိမ် (အကြို) အစည်းအဝေးသို့တက်ရောက်
Read More...
မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ပထမအကြိမ်(အကြို)အစည်းအဝေးကို ယနေ့နံနက် (၁၀၀၀)နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်က “ယခုနှစ်တွင် ယခင်နှစ်များကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာအရ ရိုးရာမပျက် သက်ကြီးပူဇော်ပွဲ၊ ဘေးမဲ့ငါးလွှတ်ပွဲနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်ပွဲများသာ ကျင်းပသွားနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ပကတိအခြေအနေများနှင့်အညီ အစဉ်အလာမပျက် ဆောင်ရွက်သွားနိုင်ရေး စီစဉ်ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် လက်ရှိကော်မတီများအနေဖြင့် မည်သည်တို့ဆောင်ရွက်ရန်သင့်တော်သည်၊ မည်သည်တို့ကိုပေါင်းစပ်ပေးရမည်၊ ပံ့ပိုးပေးရမည်” စသည်ဖြင့် အမှာစကားပြောကြားပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်က “ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သွားနိုင်ရေး၊ ကျင်းပမည့်ပွဲတော်များအတွက် ပြည်သူများအတွက် လုံခြုံရေးကြိုတင်ပြင်ဆင်ထားကြရန်”ပြောကြားသည်။ ဆက်လက်၍ အတွင်းရေးမှူးဦးသန်းဆွေဝင်းက “ယခုဆောင်ရွက်မည့် ပွဲတော်များသည် နှစ်စဉ်ဆောင်ရွက် နေသည့် ပွဲတော်များဖြစ်၍ အခက်အခဲမရှိနိုင်ကြောင်း၊ ငွေဆောင်၊ ချောင်းသာကမ်းခြေများ လည်း ဖွင့်လှစ်မည်ဖြစ်သဖြင့် ကိုဗစ်-၁၉ရောဂါ ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေးနှင့် အပန်းဖြေပြည်သူများ၏ လုံခြုံရေးအတွက်လည်း စီစဉ်ဆောင်ရွက်ရန်လိုကြောင်း” စသည်ဖြင့် ပြောကြားပြီး လုပ်ငန်းကော်မတီ(၈)ခုမှ လိုအပ်သည်များ တင်ပြဆွေးနွေးခဲ့ကြသည်။
ယခုနှစ် မဟာသင်္ကြန်ပွဲတော်၏ ဘေးမဲ့ငါးလွှတ်ပွဲ၌ ငါးမြစ်ချင်းအကောင်ရေ(၅)သောင်း အား ငဝန်မြစ်အတွင်းသို့ စေလွှတ်မည်ဖြစ်ကြောင်းနှင့် ပြည်သူများအပန်းဖြေနားနေနိုင်ရေး အတွက် ငွေဆောင်၊ ချောင်းသာကမ်းခြေများလည်း ဖွင့်လှစ်ထားရှိမည် ဖြစ်ကြောင်းသိရှိရသည်။
Read More...
02-Apr-2021