သတင်းများ


ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်/မြို့ စည်ပင်သာရေးအဖွဲ့များ၏ (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ မေလ၊ (၁၇)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်၌ ပုသိမ်မြို့၊ မြို့တော် ခန်းမတွင်ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်/ မြို့စည်ပင်သာရေးအဖွဲ့များ၏ (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူး၊ ခရိုင်/မြို့နယ်/မြို့ အဆင့် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများနှင့် တာဝန်ခံအင်ဂျင်နီယာများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အမှာစကားပြော ကြားခဲ့ကာ အစည်းအဝေးပထမပိုင်းအား ခေတ္တရပ်နားခဲ့ပါသည်။ အစည်းအဝေးဒုတိယပိုင်းတွင် ကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးမှ လုပ်ငန်းဆောင်ရွက်မှု(တိုင်းချုပ်)အား ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်/မြို့ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိများမှ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ကောင်စီအဖွဲ့ဝင်(၁)မှ မြို့နယ်/မြို့စည်ပင်သာယာရေးအဖွဲ့များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
17-May-2021
အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်ဖွင့်လှစ်ခြင်း
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် နယ်စပ်ဒေသ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ လူမှုစီးပွားရေး ဘဝဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရန်နှင့် အမျိုးသမီးငယ်များအား အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာရပ်များ သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန်ဟူသော ရည်ရွယ်ချက်(၂)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မေလ၊ (၁၇)ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြား၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့မှ ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများ၊ သင်ခန်းစာနမူနာ ဒီဇိုင်းလက်ရာများအား လိုက်လံကြည့်ရှုခဲ့ကြ ပါသည်။ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းတွင် သင်တန်းသူ(၃၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၇.၅.၂၀၂၁)ရက်နေ့မှ (၁၇.၉.၂၀၂၁)ရက်နေ့အထိ (၁၈)ပတ်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။


Read More...
17-May-2021
ပုသိမ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၆)အခြေခံပညာမူလတန်း ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းအခြေခံပညာကျောင်းများ သက်မှတ်ကာလအတွင်း အဆင်ပြေချောမွေ့စွာ အချိန်မီဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မေလ၊ (၁၅)ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၆)အခြေခံပညာမူလတန်းကျောင်း ဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပါသည်။ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ရာတွင် တပ်မတော်မှအရာရှိအရာခံစစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်စုစုပေါင်း အင်အား(၂၀၀)ဦးတို့ဖြင့် ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းခန်းများအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်အရာရှိကြီးများ၊ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု အားပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။


Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေး (၃/၂၀၂၁) ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ မေလ၊ (၁၄)ရက်နေ့ ၊ (၁၀၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဧရာဝတီတိုင်းဒေသကြီးလယ်ယာ မြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေး(၃/၂၀၂၁) ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တိုင်းဒေသကြီးမြေ/စစ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ယခင်အပတ်၌တင်ပြခဲ့သော အမှုတွဲ(၉)တွဲအားအတည်ပြုဆုံးဖြတ်ပြီး ယခုအပတ်တွင် အမှုတွဲ(၅)တွဲအား ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ တရားဥပဒေနှင့်အညီ မြေပြင်အခြေအနေမှန်အား ပြန်လည်စိစစ်တင်ပြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရန်နှင့် ကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
14-May-2021
Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၂/၂၀၂၁) ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ မေလ၊ (၁၃)ရက်နေ့ ၊ (၁၄၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၂/၂၀၂၁) ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးကုသရေးဦးစီး ဌာန တိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် (COVID-19) ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ကော်မတီ၏ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက် ထားရှိမှုများအား ရှင်းလင်းတင်ပြခြင်းနှင့် တိုင်းဒေသကြီးကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းက ကျန်းမာရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေ များအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
13-May-2021