သတင်းများ
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ စိတ္တသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒိယမဟာထေရ်အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပွဲကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးသည် ဧပြီလ ၂၄ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ကမ္မန္တာကျေးရွာရှိ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ စိတ္တသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒိယမဟာထေရ်အား ထပ်ဆင့် ချီးကျူးဂုဏ်ပြုပွဲ ဂုဏဝိသိဋ္ဌပူဇာမဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညို၍ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး သာသနာရေးဆိုင်ရာ လျောက်ထားရာတွင် ဆရာတော် ဘဒ္ဒန္တနန္ဒိယမဟာထေရ်၏ ဂုဏဝိသိဋ္ဌပူဇာမဟာမင်္ဂလာအခမ်းအနားတွင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား ဖူးမြော်ကြည်ညိုခွင့်ရရှိပါသဖြင့် ဝမ်းသာကြည်နူးရပါကြောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းရာ၌ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆရာတော်ကြီး(၁၈)ပါးနှင့် သီလရှင်ဆရာကြီး(၃)ပါး၊ စုစုပေါင်း (၂၁)ပါးတို့ အလှူခံရရှိတော်မူခဲ့ပါကြောင်း၊ ဆရာဒကာလက်တွဲညီစွာ ထမ်းရွက်သယ်ပိုးခြင်းဖြင့် ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးသည် နှစ်ငါးထောင်မက တည်တံ့ပြန့်ပွား ထွန်းကားစည်ပင်မည်ဟု ယုံကြည်ပါကြောင်း လျောက်ထားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ စိတ္တသုခကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒိယမဟာထေရ်အား ဘွဲ့တံဆိပ်တော်ထပ်ဆင့်ဆက်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အလှူရှင်များမှ ဆရာတော်သံဃာတော်များအား အလှူငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ လှူဖွယ်ခြင်းများ ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
Read More...
24-Apr-2022
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း) ပထမနှစ်၊ ဝိဇ္ဇာ/ သိပ္ပံနှင့် AGTI သင်တန်းများသို့တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၉)၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း)ပထမနှစ်၊ ဝိဇ္ဇာ/ သိပ္ပံနှင့် AGTI သင်တန်းများသို့တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပညာရေးဖြင့်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ နိုင်ငံ့အကျိုးဆောင်ရွက်နိုင်စေရန်ဖြစ်ကြောင်း၊ မိမိတို့တက်ရောက်သည့်သင်တန်းများတွင် ဒေသအသီးသီးမှ တိုင်းရင်းသားလူမျိုးများနှင့်အတူတကွ ပညာဆည်းပူးကြရမည်ဖြစ်ပြီး လူမျိုးစွဲ၊ ဒေသစွဲမထားဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နေထိုင်ဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းသားများအနေဖြင့် စာမေးပွဲများအဆင့်ဆင့်ဖြေဆိုခဲ့ကြရသည့်အတွက် မိမိကိုယ်ကိုတန်ဘိုးထား၍ စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းကာလတွင်လည်း တိုင်းရင်းသားအချင်းချင်း ညီရင်းအစ်ကို မောင်ရင်းနှမ စိတ်ဓာတ်ထားရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကအလေးထားသည့် သင်တန်းဖြစ်သည့် အတွက် သင်တန်းဆုံးခန်းတိုင်အောင် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ကြရန်၊ ဘာသာရပ်အလိုက် ထူးချွန်အောင်ကြိုးစားကြရန်၊ မှန်ကန်သောအမြင်ဖြင့် မှန်ကန်သောအလုပ်ကို အကျိုးရှိအောင် ကြိုးစားလုပ်ဆောင်သွားကြရန်မှာကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ သင်တန်းသား သင်တန်းသူများ၏ကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ ဆရာဆရာမများ၊ သင်တန်းသားသင်တန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
သင်တန်းတွင် ပညာရေးဘွဲ့ (B.Ed.) သင်တန်းသား ၁၈ ဦး၊ ဝိဇ္ဇာ/သိပ္ပံ သင်တန်းသား၂၀ ဦးနှင့် AGTI သင်တန်းသား ၄ ဦး၊ စုစုပေါင်း သင်တန်းသား ၄၂ ဦး ဖြစ်ကြောင်း သတင်းရရှိပါသည်။
Read More...
23-Apr-2022
ပုသိမ်မြို့၊ မင်္ဂလာအောင်မြေကျောင်းတိုက်၌ စတုဒီသာကျွေးမွေးလှူဒါန်းခြင်း ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးသည် ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ပုသိမ်မြို့၊ မင်္ဂလာအောင်မြေကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးပြီး Supreme Trading Co,Ltd မှ ပြုလုပ်သည့် နှစ်သစ်စတုဒီသာကျွေးမွေးလှူဒါန်းခြင်း ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားသို့တက်ရာက်ကြည်ညိုခဲ့ပြီး မြို့နယ်သံဃနာယကဆရာတော်ဘဒ္ဒန္တ နန္ဒိယမဟာထေရ် အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ရာမညရပ်ကွက်နှင့် တာကိုင်းရပ်ကွက်တို့တွင်လူဦးရေ ၆၀၀၀ ဦးအတွက် ထမင်းဘူးများ ပေးဝေလှူဒါန်းခဲ့ပါသည်။
Read More...
23-Apr-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြ၊ လပွတ္တာမြို့နယ်များသို့ ကွင်းဆင်းသွားရောက်၍ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် လပွတ္တာခရိုင်နှင့် မြောင်းမြခရိုင်များသို့သွားရောက်၍ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သွားရောက်တွေ့ဆုံကာ ပညာရေးကဏ္ဍနှင့်ပတ်သက်၍ လာမည့်ပညာသင်နှစ်တွင်ကျောင်းနေအရွယ် ကျောင်းသားကျောင်းသူများ အားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်၊ ကျန်းမာရေးကဏ္ဍအနေဖြင့် ယခုလကုန်အပြီး ၁၈ နှစ်အထက် ကိုဗစ်ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အလေးထားဆောင်ရွက်ကြရန် ၊ Green City၊ Clean City ဆောင်ရွက်မှုများအပေါ် ပြည်သူလူထုမှ ပူးပေါင်းပါဝင်လာစေရေး လှုံ့ဆော်ဆောင်ရွက်ကြရန်၊ လူဦးရေစာရင်းနှင့်ပတ်သက်၍ မှန်ကန်သည့် ကိန်းဂဏန်းအချက်အလက်များရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ နိုင်ငံတော်ကြီး သာယာရေးနှင့် စားရေရိက္ခာပေါများရေးကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတိုင်းဒေသကြီးသည် နိုင်ငံတော်၏ စပါးကျီဖြစ်သည့်အပြင် ဆီဖူလုံမှုအတွက်လည်း နေကြာစိုက်ပျိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိသဖြင့် ဌာနဆိုင်ရာများအနေဖြင့် လမ်းညွှန်ချက်များအပေါ် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖေါ်ဆောင်ရွက်ပေးကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး လူဦးရေစာရင်း ကွန်ပျူတာရေးသွင်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
Read More...
22-Apr-2022
လပွတ္တာမြို့နယ်စက်မှုလက်မှုပညာသင်တန်းကျောင်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုပညာ သင်တန်းကျောင်း၏ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၅)၊ လျှပ်စစ်သင်တန်းအမှတ်စဉ် (၁၂)၊ ဂဟေသင်တန်းအမှတ်စဉ်(၁၂)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၇)နှင့် လက်ကိုင်ဖုန်းပြင် သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းမှ သင်ယူခဲ့သည့်ပညာရပ်များသည် လက်တွေ့နယ်ပယ်တွင်များစွာ အသုံးတည့်သည့်ပညာရပ်များဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အလွန်အရေးပါသည့် ပညာရပ်များဖြစ်သည့် အတွက် ပြည်သူလူထုကိုများစွာ အကျိုးပြုနိုင်သည့် ပညာရပ်များဖြစ်ကြောင်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်းကိုလည်း အခြေခံတင်မကဘဲ အဆင့်မြင့်ပညာရပ်ဖြစ်သည့် ကွန်ပျူတာဖြင့် စစ်ဆေးပြုပြင်ခြင်းများအထိ သင်ကြားပေးခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ဆက်လက်လေ့လာသင်ယူ၍ မိမိနယ်ပယ်အလိုက် ကောင်းစွာဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုအဖြစ် ကောင်းစွာအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းမှသင်ယူခဲ့သောပညာရပ်များကို ဆက်လက် လေ့လာဆည်းပူး၍ မိမိအတွက် အများပြည်သူအတွက် အကျိုးရှိအောင် ကြိုးစားဆောင်ရွက်ကြ စေလိုပါကြောင်း ပြောကြားခဲ့ပြီး သင်တန်းတွင်ထူးချွန်ဆုရရှိသည့် ကျောင်းသားများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်း ကျောင်းသား(၅၀)ဦးအား အောင်လက်မှတ်များပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး သင်တန်းခန်းမများအတွင်း လှည်လည်ကြည့်ရှုစစ်ဆေးအားပေးခဲ့ပါသည်။
Read More...
22-Apr-2022