သတင်းများ
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး(၁/၂၀၂၁) အတွက် အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ မေလ၊ (၂၆)ရက်နေ့၊ (၁၀၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး(၁/၂၀၂၁)အတွက် အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော်မတီအဖွဲ့ဝင်များနှင့်အတွင်းရေးမှူးတို့မှ တိုင်းဒေသကြီးသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ကော်မတီများဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းတာဝန်ခွဲဝေချထားမှုနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး (၂၇.၅.၂၀၂၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး (၁/၂၀၂၁)အတွက် တင်ပြရန်အချက်များနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ရာ ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
26-May-2021
ပုသိမ်မြို့၊ Royal Lake တွင် ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ရေပြင်ရှာဖွေ ကယ်ဆယ်ရေးသရုပ်ပြခြင်း
Read More...
မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးနှင့် နိုင်ငံတော်၏အရံအင်အားအဖြစ် ဆောင်ရွက်ရေးတို့ကို ရည်မှန်းတာဝန် (၄)ရပ်၊ လုပ်ငန်းစဉ်ကြီး(၇)ရပ်ချမှတ်ကာ ပြည်သူများအား ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မေလ၊ (၂၆)ရက်နေ့၊ (၀၉၀၀)နာရီအချိန်၌ ပုသိမ်မြို့၊ Royal Lake တွင်ကျင်းပပြုလုပ်သည့် ဧရာဝတီ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ရေပြင်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်း အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ မီးသတ်တပ်ဖွဲ့ဝင်များမှသရုပ်ပြရာတွင် လှေတိမ်းမှောက်နေသည်ဟု သတင်း ရရှိချိန်တွင် Speed Boat ဖြင့်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ကယ်ဆယ်မှု သရုပ်ပြခြင်း၊ လှေမီးလောင်နေကြောင်း ပြည်သူတစ်ဦးမှ သတင်းပေးပို့ချိန်တွင် ဂျက်စကီး အသုံးပြုကာ တပ်ဖွဲ့ဝင်(၂)ဦးမှ Dry Chemical powder မီးသတ်ဆေးဘူးဖြင့် မီးငြိမ်း သတ်မှုအား သရုပ်ပြခြင်း၊ ရေနစ်နေသူအား ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၂)ဦးမှ သွားရောက် ကယ်ဆယ်မှု သရုပ်ပြခြင်းနှင့် INTELLIGENCE Lifebuoy၊ ဂျက်စကီး၊ Speed Boat တို့ဖြင့် စီတန်းမောင်းနှင်ကာ ဂုဏ်ပြုအလေးပြုခဲ့ပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြခြင်းအစီအစဉ်အား အောင်မြင်စွာကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
26-May-2021
ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး ရင်ပြင်ပေါ်ရှိ ဗောဓိညောင်ပင်တွင် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ မေလ၊ (၂၅)ရက်နေ့၊ (၀၈၀၀)နာရီအချိန်၌ ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာ စေတီတော်မြတ်ကြီးရင်ပြင်ပေါ်ရှိ ဗောဓိညောင်ပင်တွင် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်(၂) ဦးတင်အေးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်၍ ညောင်ရေ သွန်းလောင်းခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
25-May-2021
ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်များ အလုပ်တာဝန်များ ပြန်လည်ဝင်ရောက်ထမ်းဆောင်ခြင်းတွေ့ဆုံပွဲ အခမ်းအနားကျင်းပခြင်း
Read More...
၂၀၂၁ ခုနှစ်၊ မေလ (၂၄)ရက်နေ့ ၊ (၁၄၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ ၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးအစည်းအဝေးခန်းမ၌ လက်ထောက်ဆရာဝန်များ အလုပ်တာဝန်ပြန်လည်ဝင်ရောက်ထမ်းဆောင်ခြင်းတွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်း၊ ပုသိမ်မြို့ ခုတင်(၅၀၀)ဆံ့အထွေထွေ ရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုးတို့နှင့်အတူ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားရာတွင် ဆရာဝန်များသည် နိုင်ငံဝန်ထမ်းများဖြစ်ကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဝန်ထမ်းများအပေါ် သက်ညှာစွာဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ CDM ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်၍တာဝန်ထမ်းဆောင်သဖြင့် အထူးပင်ဝမ်းသာပီတိ ဖြစ်မိပါကြောင်း၊ မိမိဆန္ဒ မပါဘဲ သွေးထိုးလှုံ့ဆော်မှုကြောင့် CDM ပြုလုပ်နေကြရသူများလည်းရှိကြောင်း၊ CDM ပြုလုပ်သည့်ဝန်ထမ်းများမှ CDM မပြုလုပ်သည့်ဝန်ထမ်းများ အပေါ် ဖိနှိပ်ခြင်း၊ အကြပ်ကိုင်ခြင်းများပြုလုပ်ပါက သက်ဆိုင်ရာသို့တင်ပြသွားရန်နှင့် အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စီမံခန့်ခွဲရေးဝန်ထမ်းများ ဖြစ်သည့်အားလျော်စွာ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက် ပေးလျှက်ရှိပါကြောင်း ၊ ပြည်သူ့အကျိုးတိုင်းပြည်အကျိုးများကိုရှေးရှု၍ လုပ်ကိုင်ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်းနှင့် တိုင်းကောင်စီအနေဖြင့်လည်း လိုအပ်သည် များကိုကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်မှ ရှင်းလင်းဆွေးနွေးရာတွင် မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် ဝန်ထမ်းအချင်းချင်း ပွင့်လင်းစွာဆွေးနွေးခြင်းဖြစ်ကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဝန်ထမ်းနှင့်ပြည်သူများ လုံခြုံစိတ်ချစွာနေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် တတ်အားသမျှဆောင်ရွက်လျှက်ရှိပါကြောင်း ၊ ဆရာဝန်များအနေဖြင့် နိုင်ငံဝန်ထမ်းများဖြစ်သည့်အားလျော်စွာ နိုင်ငံဝန်ထမ်းဥပဒေ ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ၊ CDM ပြုလုပ်ပြီး တာဝန်ထမ်းဆောင်ခြင်းမရှိသော ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ အရေးယူရုံသာမက ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းကောင်းစိတ်ဓါတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
24-May-2021
ပုသိမ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ၊ အမှတ်(၂၄)အခြေခံပညာမူလတန်း ကျောင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း များတွင် ကျောင်းအပ်နှံနေမှုအခြေအနေများအား ကြည့်ရှုအားပေးခြင်း
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးနေ့ (၂၄.၅.၂၀၂၁)ရက်နေ့မှ (၃၁.၅.၂၀၂၁)ရက်နေ့ထိ ဆောင်ရွက်လျှက်ရှိရာ ၂၀၂၁ ခုနှစ်၊ မေလ၊ (၂၄)ရက်နေ့၊ (၁၁၃၅)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ ကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ပုသိမ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ၊ အမှတ်(၂၄) အခြေခံပညာမူလတန်းကျောင်းနှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းအပ်နှံနေမှုအခြေအနေများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
24-May-2021