သတင်းများ
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီး၌ ရင်းနှီးမြှုပ်နှံများသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အထည်ချုပ်လုပ်ငန်းနှင့် ပတ်သက်သည့် စက်ရုံအလုပ်ရုံများတွင် ရင်းနှီးမြှုပ်နှံများ ဆောင်ရွက် လုပ်ကိုင်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ ပတ်ဝန်းကျင် ထိခိုက်မှုများ မရှိစေရေးအတွက် ဆွေးနွေးခဲ့ပြီး ကုမ္ပဏီများအနေဖြင့် အတည်ပြုမိန့် သဘောတူညီမှုများ ရရှိ၍ မြေပြင်တွင် လုပ်ငန်းများဆောင်ရွက်သောအခါ ပတ်ဝန်းကျင်အကြံပြုချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော်သည့်သူများရှိသကဲ့သို့ အပြည့်အဝလိုက်နာ အကောင်အထည် ဖော်နိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသည့် စွန့်ပစ် ပစ္စည်းများမှ သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရေးအတွက် လမ်းညွှန်အကြံပြုချက်များ အပေါ် အလေးထားလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုး၊ မွေးမြူရေး တိုင်းဒေသကြီးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ စားရေရိက္ခာဖူလုံရေး အတွက် လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ အချို့သည် လုပ်ငန်းဆောင်ရွက်မှု တိုးတက်မှုရှိသကဲ့သို့ အချို့လုပ်ငန်းများသည် တိုးတက်မှု နှေးကွေးသည် ကို တွေ့ရှိရပြီး လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဝင်များအနေဖြင့်လည်း လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေး ပေးကြ စေလိုကြောင်း”အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးက Shwe Zabar Myanmar Company Limited ၏ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါးထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ အရောင်တင်ခြင်း၊ ရောင်းချခြင်းနှင့် တင်ပို့ခြင်းလုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းကိစ္စ၊ Resilient Power & Energy Company Limited ၏ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် နေစွမ်းအင် ကိုအသုံးပြု၍ လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းကိစ္စ၊ Shwe Wah Nadi Agriculture Production Company Limited ၏ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းကိစ္စနှင့် ဆန်ကြိတ်ခွဲ ထုတ်လုပ်တင်ပို့ရောင်းချခြင်း လုပ်ငန်း၏စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စ၊ Htoo Htet Han Co., Ltdမှ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဝက်မွေးမြူရောင်းချခြင်းလုပ်ငန်းအား စုစုပေါင်းရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးမြှင့် ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စတို့အား ဆွေးနွေးတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၏ အထွေထွေဆွေးနွေးတင်ပြချက်များနှင့် ကုမ္ပဏီများ၏ လျှောက်ထားတင်ပြမှုများအပေါ် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
Read More...
26-Jul-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်၊ ၂၀၂၃ ခုနှစ် မိုးရာသီ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့ ညနေပိုင်းတွင် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာ၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် (၆၀)နှင့် ဂွေးချောင်းကြီးကျေးရွာ၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် (၅၃)တို့တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်၊ ၂၀၂၃ ခုနှစ် မိုးရာသီ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ ပျိုးပင်များအား စိုက်ပျိုးခဲ့ပါသည်။ ထို့နောက် တိုင်းဒသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဒီရေတောစိုက်ခင်းတွင် ပျိုးပင်များ စုပေါင်းစိုက်ပျိုးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲတွင် သမဲ့ကြီး၊ ဗြူးရွှေဝါ၊ ကျန၊ လမု၊ အုန်း ပျိုးပင်စုစုပေါင်း အပင် (၂၇၀၀)ခန့်စိုက်ပျိုးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် ဘိုကလေးမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့၌ ဒီရေတောစိုက်ဧကစုစုပေါင်း(၂၄၀၀)ဧက စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
25-Jul-2023
Gasifier ဖြင့်လည်ပတ်သည့် ဆန်စက်များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှူမရှိစေရေး စစ်ဆေးကြပ်မတ်
Read More...
ဧရာဝတီတိုင်းဒေသကြီးသည် Gasifierဖြင့် လည်ပတ်သည့် ဆန်စက်အများဆုံးရှိရာ တိုင်းဒေသကြီးဖြစ်ပြီး Gasifier စက်ရုံမှ စွန့်ပစ်ပစ္စည်းများကြောင့် သဘာပတ်ဝန်းကျင်နှင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များရှိ ရေနေသတ္တဝါများ ထိခိုက်ပျက်စီးမှုများမရှိစေရေးအတွက် ဖျာပုံခရိုင်အတွင်း Gasifier ဖြင့်လည်ပတ်သည့် ဆန်စက်များအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးကြပ်မတ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာအုပ်စု၊ သလိပ်ကလေးကျေးရွာရှိ Dry Type System အား အသုံးပြု၍ Gasifier ဖြင့်လည်ပတ်နေသည့် ရွှေပြည်မိုးအဆင့်မြင့် ဆန်စက်သို့သွားရောက်စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက Dry Type System ဖြင့်လည်ပတ်ခြင်းကြောင့် စပါးခွံမီးဖိုမှ ထွက်ရှိလာသော ဖွဲပြာများကို အအေးပေးစနစ်ဖြင့် အအေးခံပြီး လွန်စနစ်ဖြင့်သယ်ယူ၍ လေစိမ်းမဝင်စေရန် Air Lock စနစ်ထားရှိကာ ပြာဖမ်းကန်ဖြင့် ဖွဲပြာအခြောက်များကိုဖမ်းယူခြင်း၊ ကတ္တရာပါဝင်သည့်ဓါတ်ငွေ့များကို ရေဖျန်းဆလင်ဒါ ၄ လုံးဖြင့်သန့်စင်ပြီး ထိုမှတစ်ဆင့် လေစစ် သံ ဆလင်ဒါအိုး Filter ၃ လုံးဖြင့် ထပ်မံသန့်စင်စေ၍ ထွက်ရှိလာသည့် စပါးခွံဓါတ်ငွေ့ကို ပြင်ပလေ(အောက်စီဂျင်) နှင့်ရောစပ်လျှက် အင်ဂျင်၏ Gas Chamber သို့ပို့လွှတ်ပေးကာ အင်ဂျင်ကိုလည်ပတ်စေ၍ လျှပ်စစ်ထုတ်ယူခြင်း၊ စပါးခွံမီးဖိုအတွင်းတွင် ပြာနှင့်ရေ တိုက်ရိုက်ထိတွေ့မှုမရှိစေဘဲ ဖွဲပြာအခြောက် သီးသန့်ထွက်ရှိစေသည့်စနစ်ဖြစ်သဖြင့် ညစ်ညမ်းရေဆိုးထွက်ရှိမှု မရှိခြင်းတို့အား လိုက်လံရှင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က Gasifier စနစ်ဖြင့် ဆန်ကြိတ်ခွဲမှုလုပ်ငန်းအဆင့်ဆင့်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ယင်းနောက် အဆိုပါစက်ရုံ၌ပင် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဟင်္သာတနည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ မအူပင်နည်းပညာတက္ကသိုလ်နှင့် မအူပင်တက္ကသိုလ်တို့မှ ပါမောက္ခဌာနမှူးများ၊ ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ “တိုင်းဒေသကြီးအတွင်း၌ Gasifierဖြင့် လည်ပတ်သည့်စက်ရုံ ၄၅၀ ကျော်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ နှစ်စဥ် မိုးစပါး တင်း သိန်းပေါင်း ၄ ထောင်ကျော်ထွက်ရှိပြီး ယင်းတို့ကိုကြိတ်ခွဲရာမှ စပါးခွံ တန်ချိန် (၁၉)သိန်းခန့် ထွက်ရှိနေပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စပါးခွံလောင်စာသုံး Gasifier အများဆုံးအသုံးပြုသည့် တိုင်းဒေသကြီးဖြစ်ပြီး လျှပ်စစ်လိုအပ်ချက်အတွက် တစ်ဖတ်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆန်စက်များအနေဖြင့် Gasifierအသုံးပြုလည်ပတ်၍ ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်သည်ကို တွေ့မြင်ရမှာဖြစ်ပြီး Gasifierအသုံးပြုလည်ပတ်သည့် ဆန်စက်များအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးကိုလည်း အထူးအလေးထားလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စပါးခွံလောင်စာသုံး Gasifier စနစ်အသုံးပြု၍ လည်ပတ်နေကြသည့် စက်ရုံများစွာရှိသည့်အနက် အကောင်းဆုံးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် လည်ပတ်နိုင်သည့် နည်းပညာများကို အသုံးပြုရမှာဖြစ်ပါကြောင်း၊ စပါးကြိတ်ခွဲရာမှ ထွက်ရှိသည့် စပါးခွံများအား လောင်စာတောင့် ထုတ်လုပ်ခြင်းဖြင့် သစ်တောပြုန်းတီးမှုကိုလည်း လျော့ကျစေမည်ဖြစ်ပါကြောင်း၊ Gasifier လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာများ တိုးတက်ပြောင်းလဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် ဌာနဆိုင်ရာများ၊ တက္ကသိုလ်များမှ ပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း”လမ်းညွှန်အမှာစကားများ ပြောကြားခဲ့သည်။
Read More...
25-Jul-2023
တိုင်းဒေသကြီးအတွင်း Gasifier လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်း Gasifier လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ်မှပါမောက္ခဌာနမှူးများ၊ နည်းပညာ တက္ကသိုလ်မှပါမောက္ခနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
တိုင်းဒေသကြီးအတွင်း Gasifier လုပ်ငန်းများစနစ်တကျဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်း၌ Gasifierဖြင့် လည်ပတ်သည့်စက်ရုံ ၅၀၀ခန့်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် Gasifier အများဆုံးအသုံးပြုသည့် တိုင်းဒေသကြီးဖြစ်ပြီး လျှပ်စစ်လိုအပ်ချက်အတွက် တစ်ဖတ်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆန်စက်များအနေဖြင့် Gasifierအသုံးပြု လည်ပတ်၍ ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်သည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ Gasifier အသုံးပြုလည်ပတ်သည့် ဆန်စက်များသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများကလည်း ကွင်းဆင်းစစ်ဆေးကြပ်မတ်ရန် လိုအပ်ပါ ကြောင်း၊ Gasifier စက်ရုံမှ စွန့်ပစ်ပစ္စည်းများကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များရှိ ရေနေသတ္တဝါများ ထိခိုက်ပျက်စီးမှုများ မရှိအောင်လည်း နည်းပညာများရှာဖွေ၍ စနစ်တကျ ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ Gasifier လုပ်ငန်းများစနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာများတိုးတက်ပြောင်းလဲရေးအတွက် တက်ရောက်လာသူများကလည်း ဝိုင်းဝန်း ဆွေးနွေးပေးကြစေလိုကြောင်း”အမှာစကားပြောကြားသည်။
ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက မျိုးမြတ်မွန်စပါးခွံလောင်စာတောင့်လုပ်ငန်းရှိ စပါးခွံလောင်စာသုံး Wet Type System ဖြင့် လျှပ်စစ်ဓာတ်အား ထုပ်မှုအားလည်းကောင်း၊ Gasifier များ ထုတ်လုပ်တပ်ဆင်သူ ဗန္ဓုလ ဦးမြင့်ခိုင်က Dry Type System ၏ အားသာချက်/အားနည်းချက်များအား ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
Read More...
24-Jul-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြခရိုင်အတွင်းရှိ Gasifierဖြင့် ဆန်စက်လည်ပတ်နေမှုများအား ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက မြောင်းမြခရိုင်အတွင်းရှိ Gasifierဖြင့် ဆန်စက်လည်ပတ်နေမှုများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့၊ ခိုင်ရတနာဆန်စက်သို့ သွားရောက်ခဲ့ရာ တာဝန်ရှိသူများက စပါးခွံလောင်စာသုံး Gasifier ဖြင့်စက်ရုံလည်ပတ်မှုအခြေအနေများ၊ Gasifier စနစ်မှထွက်ရှိသည့်ရေဆိုးများအား ရေစစ်ကန် စနစ်ဖြင့်ဆောင်ရွက်ထားရှိမှုများအား လိုက်လံရှင်းလင်းပြသမှုကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ “တိုင်းဒေသကြီးအတွင်း၌ Gasifierဖြင့် လည်ပတ်သည့်စက်ရုံ ၅၀၀ခန့်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် Gasifierအများဆုံးအသုံးပြုသည့် တိုင်းဒေသကြီးဖြစ်ပြီး လျှပ်စစ်လိုအပ်ချက်အတွက် တစ်ဖတ်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆန်စက်များအနေဖြင့် Gasifierအသုံးပြုလည်ပတ်၍ ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်သည်ကို တွေ့မြင်ရမှာဖြစ်ပြီး Gasifierအသုံးပြုလည်ပတ်သည့် ဆန်စက်များအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးကိုလည်း အထူးအလေးထားလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း”အမှာစကားပြောကြားသည်။ ယင်းနောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက Gasifierအသုံးပြုသူများသူများအနေဖြင့် လိုက်နာရမည့်အချက်များအား ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဝါးခယ်မမြို့၊တော်ဝင်ဆန်စက်(၂) သို့သွားရောက်ခဲ့ရာ စပါးခွံလောင်စာသုံး Gasifier ဖြင့်စက်ရုံလည်ပတ်မှုအခြေအနေများ၊ Gasifier စနစ်မှထွက်ရှိသည့်ရေဆိုးများအား ရေစစ်ကန် စနစ်ဖြင့်ဆောင်ရွက်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က Gasifier စနစ်ဖြင့် ဆန်ကြိတ်ခွဲမှုလုပ်ငန်းအဆင့်ဆင့်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အိမ်မဲမြို့၊ သိရိဇေယျာအောင်ဆန်စက် သို့သွားရောက်ခဲ့ရာ စပါးခွံလောင်စာသုံး Gasifier ဖြင့်စက်ရုံလည်ပတ်မှုအခြေအနေများ၊ Gasifier စနစ်မှထွက်ရှိသည့်ရေဆိုးများအား ရေစစ်ကန် စနစ်ဖြင့်ဆောင်ရွက်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က Gasifier စနစ်ဖြင့် ဆန်ကြိတ်ခွဲမှုလုပ်ငန်းအဆင့်ဆင့်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က Gasifier စနစ်မှထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်အား ထိခိုက်ညစ်ညမ်းမှုမရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တို့မှကွင်းဆင်းစစ်ဆေးခဲ့ပြီး အကြံပြုချက်များအပေါ် စနစ်တကျလိုက်နာဆောင်ရွက်စေရန်နှင့် လေထုညစ်ညမ်းမှုမရှိစေရေး၊ စွန့်ပစ်ပစ္စည်းများမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ကြရန်၊ ပိုမိုကောင်းမွန်သည့်ရေသန့်စင်စနစ်များအသုံးပြုစေရေး မှာကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမ၌ ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်၍ “စိုက်ပျိုးရေးရာသီချိန်ဖြစ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ တောင်သူများထံသို့ ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ တစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် မျိုးပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးနည်းပညာများ ပြောင်းလဲခြင်း၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့်နှစ်တွင် စိုက်ဧကများအားလုံး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) အပြည့်အဝထည့်သွင်း စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ရာသီဥတုဖောက်ပြန်မှုများရှိလာနိုင်၍ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဂရုပြုစိုက်ပျိုးရန်လည်း လိုအပ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းများ ရောက်ရှိရန်လည်း တောင်သူများကလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကားများ ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က တောင်သူများထံသို့ သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသော တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။
Read More...
23-Jul-2023