သတင်းများ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ညောင်တုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၇.၁.၂၀၁၉)ရက်နေ့ ၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရပါဠိတက္ကသိုလ်ကျောင်းတိုက် သတ္တမစံကျောင်းဆရာတော် ဘဒ္ဒန္တက္က္ကုန္ဒဝံသဘိဝံသ နိုင်ငံတော်ဩဝါဒစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေဟင်္သာဝံသ သံဃမဟာနာယကာဓိပတိ ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်အထိမ်းအမှတ် ဓမ္မပူဇာ ဓမ္မသဘင်အခမ်းအနားသို့တက်ရောက်ကာ ဆရာတော်ဘုရားကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကက်လှူဒါန်း၍ ရေစက်သွန်းချအမျှပေးဝေခွဲပါသည်။
Read More...
18-Jan-2019

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် ရာဝတီတိုင်းဒေသကြီး ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးတိုက်ကျွေးခြင်း လုပ်ငန်းစီမံချက် (ဆဌမနှစ်)အသိပေးဆွေးနွေးပွဲ အခမ်း အနားသို့တက်ရောက်
Read More...
၁၉၉၇ ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အကြိမ်(၅၀)မြောက်ညီလာခံမှ ဆုံးဖြတ်ချက် အရ “၂၀၂၀ ခုနှစ်တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး” ရည်မှန်းချက်ကို မြန်မာနိုင်ငံအပါအဝင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုရှိသောနိုင်ငံများက အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြပါသည်။ အရှေ့တောင်အာရှဒေသအတွင်း နိုင်ငံ(၁၁)ခုအနက် မြန်မာနိုင်ငံအပါအဝင် (၉)နိုင်ငံသည် ဆင်ခြေထောက်ရောဂါအမြစ်တွယ်မှုရှိပြီး၊ ပြည်သူလူထုအတွင်း ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်လျက်ရှိပါသည်။
Read More...
18-Jan-2019

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျုံပျော်မြို့၊ အင်းရဲကျွန်းကျေးရွာရှိ အင်းရဲကျွန်းအင်းအား လှည့်လည်ကြည့်ရှု
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၂.၁.၂၀၁၉)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ကျုံပျော်မြို့၊ အင်းရဲကျွန်းကျေးရွာရှိ အင်းရဲကျွန်းအင်းအား စက်လှေများဖြင့် လှည့်လည်ကြည့်ရှုခဲ့ပြီး အင်းရဲကျွန်းကျေးရွာရှိ ရပ်မိရပ်ဖများ၊ ဆရာ/ဆရာမများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။
Read More...
18-Jan-2019

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြောင်းမြတံတားအသစ် သံပေါင်တင် မင်္ဂလာ အပြီးသတ် ရွှေမူလီ တပ်ဆင်ပေးခြင်း အခမ်းအနားသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၃.၁.၂၀၁၉)ရက်နေ့ နံနက် (၀၇:၁၅)နာရီအချိန်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့ နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မြောင်းမြတံတားအသစ် သံပေါင်တင် မင်္ဂလာ အပြီးသတ် ရွှေမူလီ တပ်ဆင်ပေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများမှ သတ်မှတ်နေရာထောင့်အသီးသီး၌ ရွှေမူလီများအား အဆင့်မြင့် နည်းပညာသုံး မူလီတင်းကြပ်သည့် စက်ကိရိယာဖြင့် တင်းကြပ်ပေးကာ တည်ဆောက်ဆဲ တံတားလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုခဲ့ပါသည်။
Read More...
18-Jan-2019

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျုံပျော်မြို့၊ ကုက္ကိုလ်တောကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ တက်ရောက်
Read More...
ယခုအခါ နိုင်ငံတော်အတွက် အရည်အချင်း မြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် ဒေသအလိုက် လိုအပ်သည့် လူတော်လူကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးမြှင့်တင်မှု အစီအစဉ်နှင့် အမျိုးသားပညာရေးမြင့်မားရေး လုပ်ငန်းစဉ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ပညာသင်နှစ်အတွင်း ကျောင်းသူ/ကျောင်းသားများ၏ ထူးချွန်စွာဆောင်ရွက်ချက်များ၊ အောင်မြင်မှုရလာဒ်များနှင့် ပြောင်းလဲတိုးတက်လာမှုများကို အခြေခံပညာကျောင်းအလိုက် မိဘပြည်သူများအား ထုတ်ဖော်ပြသနိုင်ခြင်းဖြင့် ပညာရေးလုပ်ငန်းများ၌ မိဘပြည်သူများ ပူးပေါင်းပါဝင်မှု ပိုမိုရရှိစေရန် ရည်မျှော်ပြီး ပညာရေးစုံညီပွဲတော်များကို နှစ်စဉ် ဇန်နဝါရီလတွင် အခြေခံပညာကျောင်းများ၌ ကျင်းပလျက် ရှိပါသည်။
Read More...
18-Jan-2019